|
မန္တလေးတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အ
မျိုးသမီးခရစ်ကက်ပြိုင်ပွဲ ကျင်းပပြီးစီး |
|
 |
|
မန္တလေးတိုင်းဒေသကြီးအခြေခံပညာကျောင်းပေါင်းစုံ
အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲ ကျင်းပစဉ် |
|
 |
|
မန္တလေးတိုင်းဒေသကြီး
အခြေခံပညာဦးစီးဌာနတိုင်းဒေသကြီးပညာရေးမှူး ဦးစိုးမြင့်ထွန်းက
အမျိုးသားအသင်းလိုက်ပထမဆုရရှိသော ချမ်းမြသာစည်မြို့နယ်
အသင်းအား ဆုချီးမြှင့်စဉ် |
ရန်ကုန်၊ အောက်တိုဘာ(၂)ရက်။ မန္တလေးတိုင်းဒေသကြီး
အခြေခံပညာဦးစီး ဌာနက ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်
အခြေခံပညာကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲ(၅)မျိုးကို ၂ဝ၁၁
ခုနှစ်၊ စက်တင်ဘာ (၁၇)ရက်နေ့မှ (၂၃)ရက်နေ့အထိ
မန္တလေးမြို့တွင်ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားနှင့်အမျိုးသမီး
ခရစ်ကက်ပြိုင်ပွဲကို အထက(၉)ကျောင်းကစားကွင်းတွင်
စက်တင်ဘာ(၁၉)ရက်မှ(၂၁)ရက်နေ့အ ထိ ကျင်းအပပြုလုပ်ခဲ့ရာ
ခရိုင်(၃)ခုမှ ပြိုင်ပွဲဝင်
အမျိုးသား/အမျိုးသမီးအသင်း (၁၄)သင်း၊ အင်အား
(၂၁ဝ)ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဗိုလ်လုပွဲကျင်းပနေမှုအား မန္တလေးတိုင်းဒေသကြီး
အခြေခံပညာဦးစီးဌာန၊ တိုင်းဒေသကြီး ပညာရေးမှူး
ဦးစိုးမြင့်ထွန်းနှင့် ခရိုင်ပညာရေးမှူးများ၊ ကျောင်း
အုပ်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးဝေဇင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရစ်ကက်
အဖွဲ့ချုပ်ဥက္ကဌ ဦးညွှန့်ဝင်းနှင့် အမှုဆောင်များ တက်ရောက်
ကြည့်ရှုအား ပေးကြသည်။
အစီအစဉ်အရ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ(၂၁)ရက်နေ့
ညနေ (၄)နာရီ တွင် မန္တလေးတိုင်းဒေသကြီး၊
အောင်မြေသာစံမြို့နယ်ရှိ အထက(၉) အားကစားကွင်းတွင် ကျင်းပရာ
အမျိုးသားပူးတွဲတတိယဆုရ ချမ်းအေးသာစံ နှင့် ပြင်ဦးလွင်အသင်း၊
အမျိုးသမီး ပူးတွဲတတိယဆုရ ချမ်းမြသာစည်နှင့် မဟာ
အောင်မြေအသင်း၊ အမျိုးသားအသင်းလိုက် ဒုတိယဆုရ ပြည်ကြီးတံခွန်
အသင်း၊ အမျိုးသမီးဒုတိယဆုရ ကျောက်ဆည်မြို့နယ်အသင်းနှင့်
အမျိုးသား/ အမျိုးသမီး အကောင်းဆုံး
အားကစားသမားဆုရရှိကြသူများအား တက်ရောက် လာသူများက
ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဌ ဦးညွှန့်ဝင်းက
အမျိုးသမီးအသင်းလိုက် ပထမဆု ရရှိသော
ပြည်ကြီးတံခွန်မြို့နယ်အသင်းအားလည်းကောင်း၊ မန္တလေး
တိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန၊ တိုင်းဒေသကြီးပညာရေးမှူး
ဦးစိုးမြင့် ထွန်းက အမျိုးသားအသင်းလိုက် ပထမဆုရရှိသော
ချမ်းမြသာစည်မြို့နယ် အသင်းအား
လည်းကောင်းဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ |
|
|
|
အင်တာနေရှင်နယ် စစ်တုရင်
ဒိုင်လူကြီးသင်တန်းဖွင့်မည် |
ရန်ကုန်၊ အောက်တိုဘာ(၂)ရက်။ ၂ဝ၁၃ ခုနှစ်၊ မြန်မာနိုင်ငံတွင်
အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲအတွက် အင်တာနေရှင်နယ် စစ်တုရင်
ဒိုင်လူကြီးများပေါ်ထွက်လာစေရန် ကမ္ဘာ့ စစ်တုရင်အဖွဲ့ချုပ်(FIDE)
မှ အဆင့်မြင့်ဒိုင်လူကြီးများလာ ရောက်ပို့ချမည့်
အင်တာနေရှင်နယ် ဒိုင်သင်တန်း ( Arbiter Seminar)ကို ၂ဝ၁၁
ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့မှ (၁ဝ)ရက်နေ့အထိ ရန်ကုန်မြို့၊
စင်ထရယ် ဟိုတယ်တွင် ဖွင့်လှစ်မည် ဖြစ်သည်။
မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ ဖွင့်လှစ်သည့်
ဒိုင်သင်တန်းတွင် တက်ရောက် အောင်မြင်ခဲ့သူများ၊
မြန်မာ့လက်ရွေးစင်အဆင့် စစ်တုရင်အားကစားသမား များ၊
ဒိုင်လုပ်ငန်း အတွေ့အကြုံရှိသူများ တက်ရောက်နိုင်ကြောင်းနှင့်
သင် တန်းတက်ရောက်ခွင့်အား မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ
စိစစ်ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဤသင်တန်းသို့တက်ရောက်ပြီးစီးပါက ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်မှ
ချီးမြှင့်သည့် ကမ္ဘာ့ စစ်တုရင်အဖွဲ့ချုပ်ဒိုင်လူကြီး (FIDE
Arbiter) ဘွဲ့လက်မှတ်ရရှိရန် အတွက် စာမေးပွဲကြေးပေးသွင်း၍
ဖြေဆိုနိုင်မည်ဖြစ်သည်။ အင်တာနေရှင်
နယ်စစ်တုရင်ဒိုင်လူကြီးသင်တန်း တက်ရောက်လို သူများသည်
အောင်ဆန်း အားကစားပြိုင်ဝင်းရှိ
မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ရုံးသို့ အောက်တိုဘာလ
(၅)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း
သတင်းရရှိသည်။ |
|
|
|
တိုင်းဒေသကြီးနှင့်
ပြည်နယ်စစ်တုရင်ပြိုင်ပွဲကျင်းပမည် |
|
ရန်ကုန်၊ အောက်တိုဘာ(၂)ရက်။ အားကစားဝန်ကြီးဌာန၊ အားကစားနှင့်
ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်တို့မှ
ကြီးမှူး ကျင်းပ သည့် ၂ဝ၁၁ ခုနှစ်၊ (၃၆)ကြိမ်မြောက်
တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင် ပြိုင်ပွဲကို ၂ဝ၁၁
ခုနှစ်၊ အောက်တိုဘာ(၂၈)ရက်နေ့မှ နိုဝင်ဘာ(၇)ရက်နေ့ အထိ
ရန်ကုန်မြို့၊ အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံ
အားကစားရုံ တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာ စစ်တုရင်
အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်
လူငယ်အသင်းလိုက်နှင့် တစ်ဦးချင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာ
စစ်တုရင်အသင်းလိုက် နှင့် တစ်ဦးချင်းပြိုင်ပွဲ များပါဝင်မည်
ဖြစ်ကြောင်း သတင်းရရှိသည်။ |
|
|