|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရိုးရာလှေပြိုင်ပွဲ တွင် ရွှေတံဆိပ်(၂)ခု၊ ဝူရှူးပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုနှင့် ငွေတံဆိပ် (၁)ခု၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုနှင့် ငွေတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိ
|
|
 |
|
 |
|
ဝူရှူးအားကစားနည်း အမျိုးသား နှစ်ယောက်တွဲ အတိုက် သရုပ်ပြ ပြိုင်ပွဲတွင် ပထမ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိသောကျော်ဇင်သက်နှင့်ဝေဖြိုးအောင်
|
|
 |
|
 |
|
 |
|
ပိုက်ကျော်ခြင်းအမျိုးသမီး Double Final ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိသော ကြူကြူသင်း၊ မေဇင်ဖြိုးနှင့် ဖြူဖြူသန်း
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၁)ရက်။ (၂၆)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် (၁ဝ)ရက်မြောက်နေ့ ဆက်လက် ကျင်းပလျှက်ရှိရာ ရိုးရာလှေလှော် အားကစားပြိုင်ပွဲများဖြစ်သည့် မီတာ (၂ဝဝဝ) အမျိုးသမီးရိုးရာလှေ (၂ဝ)တက်လှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ စံချိန် ( ၈ မိနစ် ၄ဝ.၂၁ စက္ကန့်) ဖြင့် ပထမရွှေတံဆိပ် ဆွတ်ခူးရရှိပြီး၊ ထိုင်းနိုင်ငံက ဒုတိယဆုနှင့် အင်ဒိုနီးရှားနိုင်ငံက တတိယဆုကိုလည်းကောင်း၊ မီတာ(၂ဝဝဝ) အမျိုးသားရိုးရာလှေ (၂ဝ)တက်လှော်ပြိုင်ပွဲတွင် စံချိန်( ၇မိနစ် ၄၆.၃ စက္ကန့်) ဖြင့် မြန်မာနိုင်ငံမှ ပထမရွှေတံဆိပ် ဆွတ်ခူးရရှိကာ ဖိလစ်ပိုင်နိုင်ငံက ဒုတိယနှင့် အင်ဒိုနီးရှားနိုင်ငံက တတိယဆုကိုလည်းကောင်း၊ ဝူရှူးအားကစား နည်း အမျိုးသားနှစ်ယောက်တွဲ အတိုက်သရုပ်ပြပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျော်ဇင်သက်နှင့် ဝေဖြိုးအောင်တို့က ပထမရွှေတံဆိပ်ဆုကို ထပ်မံဆွတ်ခူး ရရှိပြီး ဒုတိယဆုကို ဖိလစ်ပိုင်နိုင်ငံနှင့် တတိယဆုကို စင်ကာပူနိုင်ငံတို့မှ လည်းကောင်းအသီးသီးဆွတ်ခူးရရှိခဲ့သည်။ အမျိုးသမီးဝူရှူး(၄၈)ကီလို ဆန်းဆို ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လှလှဝင်းက ဒုတိယငွေတံဆိပ်ဆုရရှိပြီး၊ ဗီယက်နမ် နိုင်ငံက ပထမဆုရရှိခဲ့သည်။ အလားတူ အင်ဒိုနီးရှားနိုင်ငံ ပလန်ဘန်မြို့ Jakarbaring Sports Complex တွင် ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ် သည့် ပိုက်ကျော်ခြင်း အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲတွင် မြန်မာနိုင်ငံက လာအိုနိုင်ငံအား (၃)ပွဲပြတ်ဖြင့် ပထမရွှေတံဆိပ်ဆုရရှိပြီး၊ အမျိုးသားနှစ် ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ဒုတိယငွေတံဆိပ်ဆု၊ ထိုင်းနိုင်ငံက ပထမဆု၊ ဖိလစ်ပိုင်နိုင်ငံနှင့် လာအိုနိုင်ငံတို့က ပူးတွဲတတိယဆု အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။
နိုဝင်ဘာ(၂၁)ရက်ယနေ့ပြိုင်ပွဲများတွင် မြန်မာ နိုင်ငံမှ ရွှေတံဆိပ်(၄)ဆု ၊ ငွေတံဆိပ်(၂)ဆု ဆွတ်ခူးရရှိပြီး၊ နိုဝင်ဘာ(၁၁)ရက် နေ့မှ (၂၁)ရက်နေ့အထိ ရွှေတံဆိပ်(၁၆)ဆု၊ ငွေတံဆိပ် (၂၄)ဆုနှင့် ကြေးတံ ဆိပ်(၃၂)ဆု စုစုပေါင်း(၇၂)ဆုဆွတ်ခူးရရှိကာ တီမော၊ဘရူနိုင်း၊ ကမ္ဘောဒီးယား နှင့် လာအိုတို့အထက်တွင် နိုင်ငံအလိုက် အဆင့်(၇)ဖြင့် ရပ်တည်လျှက်ရှိ သည်။
ယနေ့ည အမျိုးသား(၆၉)ကီလိုဝယ်လ်သာဝိတ်တန်း လက်ဝှေ့ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ ဝေလင်းအောင်သည် ထိုင်းလက်ဝှေ့သမားနှင့် လည်း ကောင်း၊ (၈၁)ကီလို လိုက်ဟဲဗီးဝိတ်တန်း လက်ဝှေ့ ပြိုင်ပွဲတွင် အောင်ကိုကို သည် ဗီယက်နမ်လက်ဝှေ့သမားနှင့်လည်းကောင်း ဗိုလ်လုပွဲ ယှဉ်ပြိုင် ထိုး သတ်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၁)ရက်။ ၂ဝ၁၁ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲများကို ရှမ်းပြည်နယ် ဂနိုင်ရေးအားကစားကွင်း၌ ဆက်လက်ကျင်းပရာ နိုဝင်ဘာ(၂ဝ)ရက်နေ့တွင် ပအို့ဝ်ဒေသအသင်းနှင့် တာချီလိတ်ခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပအို့ဝ်ဒေသအသင်းက (၁)ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိသွားသည်။
နိုဝင်ဘာ(၂၁) ရက်နေ့တွင် ဓနုဒေသအသင်းနှင့်မိုင်းဖြတ်ခရိုင်အသင်းတို့သည် လည်းကောင်း ၊ မူဆယ်ခရိုင်အသင်းနှင့် လားရှိုးခရိုင်အသင်းတို့သည်လည်းကောင်း ဆက် လက် ယှဉ်ပြိုင် ကစားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင်အမျိုး သား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၁)ရက်။ ၂ဝ၁၁ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဘိုကလေးမြို့နယ် ပြည်သူ့အားကစားကွင်း၌ ဆက်လက်ကျင်းပလျှက်ရှိရာ နိုဝင်ဘာ(၁၉)ရက်နေ့တွင် မြောင်းမြခရိုင်အသင်းနှင့် ဟင်္သာတခရိုင်အသင်း တို့ ယှဉ်ပြိုင်ကစားကြရာ မြောင်းမြခရိုင်အသင်းက ဟင်္သာတခရိုင်အသင်းကို (၃)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ နိုဝင်ဘာ(၂ဝ)ရက်နေ့တွင် ဖျာပုံခရိုင်အသင်း နှင့် မအူပင်ခရိုင်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဖျာပုံခရိုင်အသင်းက မအူပင် ခရိုင်အသင်းကို (၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။
နိုဝင်ဘာ (၂၁)ရက်နေ့တွင် မြောင်းမြခရိုင်အသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|