|
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၆)မြို့နယ်အ သက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ
ဒုတိယအကြိုဗိုလ်လု ပွဲကျင်းပ |
ရန်ကုန်၊ နိုဝင်ဘာ(၂)ရက်။ ၂ဝ၁၁ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၆)မြို့နယ်၊ အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ
ဒုတိယအကြိုဗိုလ်လုပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊
ကျောက် တိုင်အားကစားကွင်း၌ အောက်တိုဘာ(၃၁)ရက်နေ့က
ပုသိမ်ဇုံ(၁)အသင်းနှင့်
မအူပင်ဇုံ(၁)အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပုသိမ်ဇုံ(၁) အသင်းက
(၅)ဂိုး၊ (၃)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဗိုလ်လုပွဲများကိုနိုဝင်ဘာလ(၂)ရက်နေ့ ညနေ(၃)နာရီတွင်ပုသိမ်ဇုံ(၁)အသင်း နှင့်ပုသိမ်ဇုံ(၂)အသင်းတို့
ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့
ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် ကရာတေးဒိုနှင့်တိုက်ကွမ်ဒိုအား ကစားသမားများအား
မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်နာ ယကများကတွေ့ဆုံအားပေးခြင်းနှင့် ထောက်ပံ့ငွေများလှူဒါန်း |
|
|
|
|
|
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့
ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင်
ကရာတေးဒိုနှင့်တိုက်ကွမ်ဒို အားကစားသမားများအား
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်
နာယကများကတွေ့ဆုံအားပေးခြင်းနှင့် ထောက်ပံ့ငွေများလှူဒါန်း |
ရန်ကုန်၊ နိုဝင်ဘာ(၂)ရက်။
၂ဝ၁၁ခုနှစ်၊ နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ လက်ခံကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့်
မြန်မာ့လက်ရွေးစင် အားကစားသမားများအား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ ကရာတေးဒိုနှင့်တိုက်ကွမ်ဒိုအားကစား နည်းများ၏ တာဝန်ခံနာယက ဒေါ်ခင်မေစိုး
(လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန
ပြည်ထောင်စုဝန်ကြီး၏ဇနီး)နှင့် နာယကအဖွဲ့ဝင်များဖြစ် သော
ဒေါ်မြမြဝင်း ( ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၏ဇနီး) ၊
ဒေါ်ခင်မာနွယ်(ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၏ဇနီး) ၊
ဒေါ်အမာ (လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန
ဒုတိယဝန်ကြီး ၏ဇနီး)၊ ဒေါ်ဥမ္မာလွင်
(M.D
Long Luck Co Ltd)၊မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဒေါ်အယ်လ်ခွန်းရီ နှင့်အမှုဆောင်အဖွဲ့ဝင်များသည် ယမန်နေ့ညနေ(၄)နာရီက မြန်မာနိုင်ငံအား ကစားအဖွဲ့ချုပ်
လေ့ကျင့်ရေးစခန်းများသို့ သွားရောက်ကာ (၂၆)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင်
မြန်မာ့အားကစားအဖွဲ့များအနေဖြင့် အောင်မြင်မှုဆုတံဆိပ်များရရှိနိုင်ရေးအတွက်အားပေးစကားပြောကြားခဲ့သည်။
ရှေးဦးစွာစခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားများ
လေ့ကျင့်နေ မှုများကိုကြည့်ရှုအာပေးပြီး မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နာယ ကအဖွဲ့ဝင်များနှင့်တစ်ဦးချင်းမိတ်ဆက်ပေးကာ
မြန်မာနိုင်ငံအမျိုးသမီးအားက စားအဖွဲ့ချုပ် ကရာတေးဒိုနှင့်
တိုက်ကွမ်ဒိုအားကစားနည်း တာဝန်ခံနာယက ဒေါ်ခင်မေစိုးနှင့်
နာယကအဖွဲ့ဝင်များဖြစ်သော ဒေါ်မြမြဝင်း၊ ဒေါ်ခင်မာနွယ်၊
ဒေါ်ဥမ္မာလွင်တို့ကအောင်မြင်မှုဆုတံဆိပ်များ ဆွတ်ခူးရရှိနိုင်ရေးအတွက် အား ကစားသမားများ အင်အားဖြည့်အစားအသောက်များ ဖြည့်စွက်စား သောက်ရန်
ကရာတေးဒိုနှင့်တိုက်ကွမ်ဒို အားကစားသမားများအား
ထောက်ပံ့ ငွေကျပ် (၈)သိန်း(၅)သောင်းနှင့် အမေရိကန်ဒေါ်လာ (၅ဝဝ)
BRANDS
ကြက်ပေါင်း ရည်ဗူး(၅ဝ) စီအသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
|
|
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဖလားရပ်ကွက်ပေါင်း စုံအမျိုးသား ဘောလုံး ပြိုင်ပွဲဆက်လက်ကျင်းပ |
ရန်ကုန်၊ နိုဝင်ဘာ(၂)ရက်။၂ဝ၁၁ခုနှစ်၊ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဖလားရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲများကို
မြို့နယ်အားကစား ကွင်းတွင် ဆက်လက်ကျင်းပရာ အောက်တိုဘာ(၂၅)ရက်နေ့တွင် အောင်တပ် ရပ်ကွက်အသင်းက ညောင်ပင်ဈေးရပ်ကွက်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်း ကောင်း၊(၂၆.၁ဝ.၁၁)ရက်နေ့တွင် တောင်ရပ် ရပ်ကွက်အသင်းနှင့်
လောကမူ ရပ်ကွက်အသင်းတို့သည် ဂိုးမရှိသရေဖြင့်လည်းကောင်း၊
(၂၇.၁ဝ.၁၁)ရက် နေ့တွင်အောင်တပ်ရပ်ကွက်အသင်းက လက်ကောက်ဈေး
ရပ်ကွက် အသင်း ကို(၂)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း၊
(၂၈.၁ဝ.၁၁)ရက်နေ့တွင် အလယ်ဈေး ရပ်ကွက်အသင်းကလောကမုရပ်ကွက်အသင်းကို (၃)ဂိုး (၂)ဂိုး ဖြင့်လည်း ကောင်း၊(၂၉.၁ဝ.၁၁)ရက်နေ့တွင် ညောင်ပင်ဈေးရပ်ကွက်အသင်း ကလက် ကောက်ဈေးရပ်ကွက်အသင်းကို(၁)ဂိုးဂိုးမရှိဖြင့် လည်းကောင်း၊ (၃ဝ.၁ဝ.၁၁) ရက်နေ့တွင် တောင်ရပ်ကွက်အသင်းနှင့် အလယ်ဈေးရပ်ကွက်အသင်းတို့ တစ်ဖက်(၂)ဂိုးစီ
သရေဖြင့်လည်းကောင်း အသီသီးယှဉ်ပြိုင် ကစား ကြသည်။
နိုဝင်ဘာ(၁)ရက်နှင့် (၂)ရက်နေ့များတွင် ပထမ၊ ဒုတိယအကြိုဗိုလ်လုပွဲများ ကိုဆက်လက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
|