|
ရန်ကုန်၊ ဒီဇင်ဘာ(၂၁)ရက်။ ၂ဝ၁၁ခုနှစ်၊ ချင်းပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အလွတ်တန်း) ဘောလုံးပြိုင်ပွဲနှင့် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၁၁)ရက်နေ့ နေ့လည်(၂)နာရီက ဝမ္မသူးမောင် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ လွှတ်တော် ဥက္ကဌ ဦးဟောက်ခင်းခမ်၊ လွှတ်တော် ဒုတိယဥက္ကဌ ဦးအုန်းလွင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်အား/ကာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အား ကစားဝါသနာရှင်များ တက်ရောက်ကြ သည်။
ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဟားခါးမြို့နယ်အသင်းနှင့် မတူပီမြို့နယ်အသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ဟားခါးမြို့နယ်အသင်းက (၂)ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ထို့နောက် ဘောလုံးပြိုင်ပွဲနှင့်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက် လက်ကျင်းပရာ လွှတ်တော် ဒုတိယဥက္ကဌ ဦးအုန်းလွင်မှ တစ်ဦးချင်း တံခွန် စိုက် တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော သွမ်ဘိခ် နှင့် ဒုတိယဆုရရှိသော လှေရှန်းမွောင် တို့အား ဆုဖလားနှင့်ဆုကြေးငွေများကို လည်းကောင်း၊ လွှတ် တော်ဥက္ကဌ ဦးဟောက်ခင်းခမ်မှ တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရ ထန်တလန်
မြို့နယ်အသင်းနှင့် ဒုတိယဆုရ ဟားခါးမြို့နယ်အသင်းတို့အား ဆုကြေးငွေများ ကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် ဂိုးသမားအကောင်းဆုံးဆုရ တေဇာလင်း(မတူပီမြို့နယ်အသင်း)၊ နောက်တန်းအကောင်းဆုံးဆုရ ဇုံထားမှုန် (ဟားခါးမြို့နယ်အသင်း)၊ အလယ်တန်းအကောင်းဆုံးဆုရ ဇနှင်းထန် (ဟားခါး မြို့နယ်အသင်း) ၊ ရှေ့တန်း အကောင်းဆုံးဆုရ ကိုမြင့် (မတူပီမြို့နယ်အသင်း) နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရ ကျင့်ခန့်ကိမ်း (ဟားခါးမြို့နယ်အ သင်း)တို့အားတာဝန်ရှိသူများမှလည်းကောင်း၊ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း မှ ဒုတိယဆုရ မတူပီအသင်းအား ဆုကြေးးငွေ (၄)သိန်းနှင့် ပထမဆုရ ဟားခါး မြို့နယ်အသင်းအား ဆင့်ပွားဖလား ၊ ဖလားနှင့် ဆုကြေးငွေကျပ်(၅)သိန်း တို့ ကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|