|
ရန်ကုန်၊ ဇန်နဝါရီ(၂)ရက်။ အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံရုံး၏ အဓိကပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်က တာဝန်ခံလျက် ဂျပန်-မြန်မာချစ်ကြည်ရေးကို ရှေးရှု၍ 3rd Japan Cup Karatedo Championship ကရာတေးဒိုပြိုင်ပွဲကို ဇန်နဝါရီ လ(၁၉)ရက်မှ (၂ဝ)ရက်အထိ နေစဉ်နံနက် (၉)နာရီမှ စတင်၍ ရန်ကုန်မြို့၊ အောင်ဆန်းကစားပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားပြိုင်ပွဲရုံ၌ စည်ကား သိုက် မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး အငယ်တန်း 'ခတ' ပြိုင်ပွဲနှင့် World Karate Federation (WKF) မှ သတ်မှတ်ပြဌာန်းထားသော အမျိုးသမီး တစ်ဦး ချင်း 'ခတ'၊ အသင်းလိုက် 'ခတ'၊ တစ်ဦးချင်း 'ကုမိတဲ့' (၅ဝ)ကီလိုနှင့်အောက်၊ (၅၅) ကီလိုနှင့်အောက်၊ (၆၁)ကီလိုနှင့် အောက်၊ (၆၈)ကီလိုနှင့်အောက်၊ (၆၈) ကီလိုအထက်ပြိုင်ပွဲများနှင့် အသင်းလိုက်'ကုမိတဲ့'ပြိုင်ပွဲများ၊ အမျိုးသား တစ်ဦး ချင်း'ခတ'၊ အသင်းလိုက်'ခတ'၊ တစ်ဦးချင်း'ကုမိတဲ့' (၅၅)ကီလိုနှင့်အောက်၊ (၆ဝ)ကီလိုနှင့်အောက်၊ (၆၇)ကီလိုနှင့် အောက်၊ (၇၅)ကီလိုနှင့်အောက်၊ (၈၄) ကီလိုနှင့်အောက်၊ (၈၄)ကီလိုအထက်ပြိုင်ပွဲများနှင့် အသင်းလိုက် 'ကုမိတဲ့' ပြိုင် ပွဲများပါဝင်ကြမည်ဖြစ်သည်။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ်နှင့် ဆက်သွယ်ထားရှိသော ကရာ တေးဒို ကလပ်အသင်းများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကရာတေးဒိုအသင်းများ၊ ဝန်ကြီးဌာနကရာတေးဒိုအသင်းများမှ သတ်မှတ်ချက် များနှင့် ညီညွတ်ပါက ကလပ်အသင်းတစ်သင်းကို ကိုယ်စားပြုပြီး မြန်မာ့ လက် ရွေးစင်အပါအဝင် မည်သူမဆို ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။
ပြိုင်ပွဲအား အရှေ့တောင်အာရှ ကရာတေးဒိုပြိုင်ပွဲ၊ အာရှအဆင့် အာရှကရာ
တေးဒိုပြိုင်ပွဲနှင့် ကမ္ဘာ့အဆင့်ကရာတေးဒိုပြိုင်ပွဲမျာတွင် ကျင့်သုံးလျက်ရှိသော ကမ္ဘာ့ကရာတေးဒိုအဖွဲ့ချုပ် (WKF)မှ ကရာတေးဒိုပြိုင်ပွဲ နည်းဥပဒေအသစ် Version 7.0 ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး World Karate Federation (WKF) အောက်ရှိ ကရာတေးဒို ကျောင်းကြီးများဖြစ်သော SHOTO KAN, GOJURYU, SHITORYU Style များဖြင့်လေ့ကျင့်ထားသော မည်သည့် ကရာ တေးဒိုအသင်းမဆို ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။
ယင်းပြိုင်ပွဲမှ ထူးချွန်သော ကရာတေးဒို အားကစားသမားများကို ရွေးချယ်ပြီး လာမည့် ၂ဝ၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းအ တွက် အလားအလာရှိသူများအဖြစ် လေ့ကျင့်ပေးသွားမည် ဖြစ်သည်။
3rd JAPAN CUP KARATEDO CHAMPIONSHIP ကရာတေးဒို ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လိုသူများသည် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့ နောက် ဆုံးထား၍ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်၊ အောင်ဆန်းကစားပြိုင်ဝင်း၊ ရန်ကုန်မြို့သို့ အမည်စာရင်း ပေးသွင်းရမည် ဖြစ်ပြီး၊ အသေးစိပ်သိရှိလိုပါက ဖုန်းနံပါတ်(၃၇၉၉၃၉)သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။
|