|
မြန်မာအမျိုးသား ဘတ်စကက်ဘောအသင်း
၂ဝ၁၁ ခုနှစ်၊ တရုတ်-အာဆီယံအမျိုးသားဘတ်စကက်ဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည် |
|
ရန်ကုန်၊စက်တင်ဘာ(၂၁) ။ ၂ဝ၁၁ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ် မည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက်စခန်းသွင်းလေ့ကျင့်နေသောမြန်မာအမျိုးသားဘတ်စကက် ဘောအသင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပိုင်ဆဲ့မြို့တွင် ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့မှ(၃၁)ရက်နေ့အထိကျင်းပပြုလုပ်မည့် တရုတ်- အာဆီယံ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၂၅.၁ဝ.၂ဝ၁၁)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် 2012 China - Asean Ball Games Preparatory Conference သို့လည်း မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးထင်လင်းပြည့်နှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါ်ဥမ္မာအောင်တို့ တက်ရောက်ကြ မည်ဖြစ် ကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ ခုနှစ်၊ အဌမအကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲကျင်းပမည်
|
|
ရန်ကုန်၊ စက်တင်ဘာ(၂၁)ရက်။ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဦးဝိစာရလမ်းရှိ အမျိုးသား ရေကူး ကန်တွင် အဌမအကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ်ရေကူးပြိုင်ပွဲကျင်းပ ပြုလုပ်မည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအားဖြင့် အမျိုးသား/အ မျိုးသမီး အလွတ်ကူးပြိုင်ပွဲများတွင် မီတာ(၄ဝဝ)၊ မီတာ(၂ဝဝ)၊ မီတာ(၁ဝဝ) နှင့် မီတာ(၅ဝ)၊ အမျိုးသား/အမျိုးသမီးပက်လက်ကူးပြိုင်ပွဲတွင် မီတာ(၂ဝဝ)၊ မီတာ (၁ဝဝ)နှင့် မီတာ(၅ဝ)၊ အမျိုးသား/အမျိုးသမီး ရင်ဘောင်တန်းကူးပြိုင်ပွဲ တွင် မီတာ(၂ဝဝ)၊ မီတာ(၁ဝဝ)နှင့် မီတာ(၅ဝ)၊ အမျိုးသား/အမျိုးသမီး လိပ်ပြာ ကူးပြိုင်ပွဲတွင် မီတာ(၂ဝဝ)၊ မီတာ(၁ဝဝ)နှင့် မီတာ(၅ဝ)၊ အမျိုးသား/အမျိုး သမီး တစ်ဦးချင်း လေးမျိုးကူးပြိုင်ပွဲတွင် မီတာ(၂ဝဝ)နှင့် မီတာ (၄ဝဝ)၊ အမျိုး သား/အမျိုးသမီး လွန်းပျံအလွတ်ကူးပြိုင်ပွဲတွင် မီတာ (၁ဝဝx၄)၊ မီတာ(၅ဝx၄) နှင့် အမျိုးသား/အမျိုးသမီး လွန်းပျံလေးမျိုးကူး ပြိုင်ပွဲတွင် မီတာ (၁ဝဝx၄) စုစု ပေါင်းပြိုင်ပွဲအမျိုးအစား (၁၈)မျိုးပါဝင်မည်ဖြစ်ပြီး မည်သူမဆိုအခမဲ့ဝင်ရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိသည်။ |
|
|