|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်
မြန်မာ နိုင်ငံမှ ရွှေ၊ ငွေ၊ ကြေး ဆုရရှိမှု စာရင်းများ |
|
 |
|
Readmore
http://apps.seag2011.com/rs2011/bm/cm/MedalsTally_Sports.aspx?cid=6&cname=Myanmar#ixzz1eS23z2MQ |
|
 |
|
Readmore
http://apps.seag2011.com/rs2011/bm/cm/Medalsaudit_Sports.aspx?sname=26th%20SEA%20Games%20Jakarta-Palembang%202011#ixzz1eSLlpswf |
|
 |
|
 |
|
 |
|
 |
|
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ်(၆)ခုနှင့် ကြေးတံဆိပ်(၂)ခုဆွတ်ခူးရရှိခဲ့သော မြန်မာ ဂျူဒိုအားကစားအဖွဲ့နှင့် ငွေတံဆိပ်(၁)ခု ရရှိခဲ့သော မြန်မာ ရွက်လှေ အဖွဲ့အားဂုဏ်ပြုကြိုဆို
|
|
 |
|
ရန်ကုန်၊ နိုဝင်ဘာ(၂၂)ရက်။
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင်
ငွေတံဆိပ်(၁)ခုဆွတ်ခူးရရှိခဲ့သည့် ရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဌ
ဦးမောင်ဝင်း ဦးဆောင်သော ရွက်လှေအားကစားအဖွဲ့သည် အဖွဲ့ဝင်(၁၆)ဦး
နှင့်အတူ ယမန်နေ့ ညနေ (၄)နာရီ(၁ဝ) မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်
ရာလေဆိပ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်မှ
တာဝန်ရှိသူ များက ကြိုဆိုကြသည်။ အလားတူ ရွှေတံဆိပ်(၁)ခု၊
ငွေတံဆိပ်(၆)ခုနှင့် ကြေး တံဆိပ်(၂)ခု ဆွတ်ခူးရရှိခဲ့သည့်
ဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း ဦးဆောင်သော
(၂၅)ဦးပါဝင်သည့် မြန်မာဂျူဒို အားကစားအဖွဲ့သည် ယမန်နေ့ ည(၇)နာရီတွင်
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့
ချုပ် ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်ခင်ဆွေမြင့်၊
မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဒေါ်အယ်လ်ခွန်းရီ နှင့်အမှု ဆောင်အဖွဲ့ဝင်များ၊ အားကစားနှင့်
ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ် များ၊ ဂျူဒို
အားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများကကြိုဆိုဂုဏ်ပြု နှုတ်ဆက်ခဲ့
ကြကြောင်း သတင်းရရှိသည်။
|
|
|
|
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုး သား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၂)ရက်။ ၂ဝ၁၁ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၆)ခရိုင်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဘိုကလေးမြို့နယ် ပြည်သူ့အားကစားကွင်း၌ ဆက်လက် ကျင်းပလျှက်ရှိရာ နိုဝင်ဘာ(၂၁)ရက်နေ့တွင် မြောင်းမြ ခရိုင်အသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပုသိမ်ခရိုင်အသင်းက မြောင်းမြ ခရိုင်အသင်းကို (၃)ဂိုး၊ (၁)ဂိုးဖြင့်အနိုင်ရရှိသွားသည်။ နိုဝင်ဘာ(၂၂)ရက်နေ့တွင်လပွတ္တာခရိုင်အသင်း နှင့် မအူပင်ခရိုင်အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၂)ရက်။ ၂ဝ၁၁ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ရှမ်းပြည်နယ် ဂနိုင် ရေး
အားကစားကွင်း၌ ဆက်လက်ကျင်းပရာ နိုဝင်ဘာ(၂၁)ရက်နေ့တွင် ဓနု ဒေသအသင်းနှင့် မိုင်းဖြတ်ခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဓနုဒေသ အသင်းက (၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ မူဆယ်ခရိုင် အသင်းနှင့် လားရှိုး ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုးစီ သရေဖြင့် လည်း ကောင်း အသီးသီးအနိုင်ရရှိသွားသည်။
နိုဝင်ဘာ(၂၂)ရက်နေ့တွင် လင်းခေး ခရိုင်အသင်းနှင့် မိုင်းဆတ်ခရိုင်အသင်းတို့ သည်လည်းကောင်း၊ ကျောက်မဲ ခရိုင်အသင်းနှင့် ပအိုပ့်ဒေသအသင်းတို့သည်လည်းကောင်း ဆက်လက် ယှဉ် ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|