|
ရန်ကုန်၊ ဇန်နဝါရီ(၂၂)ရက်။ အားကစားဝန်ကြီးဌာန ၊ အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာစစ်တုရင်တစ်ဦးချင်းအလွတ်တန်းပြိုင်ပွဲကို၂ဝ၁၂ခုနှစ်၊ ဖေဖော်ဝါရီ လ(၁၅)ရက်နေ့မှ (၂၃)ရက်နေ့အထိ ရန်ကုန်မြို့ ၊ သိမ်ဖြူလမ်းနှင့် ကန်ရိပ် သာလမ်းထောင့်ရှိ သိမ်ဖြူအားကစားခန်းမတွင် ပြုလုပ်မည်ဖြစ်ရာ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းးနှင့် ပါဝင်ယှဉ်ပြိုင်လိုသည့် အားကစားသမားများ သည် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်ရုံးတွင် စာရင်းပေးသွင်းနိုင်သည်။
မြန်မာရိုးရာ စစ်တုရင်တစ်ဦးချင်း အလွတ်တန်းပြိုင်ပွဲမှ လက်ရည်စစ် အောင် မြင်သူများသည် ၂ဝ၁၂ခုနှစ်၊ မြန်မာ့ရိုးရာ စစ်တုရင်တံခွန်စိုက် စစ်တုရင်ပြိုင်ပွဲ သို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး တံခွန်စိုက်စစ်တုရင်ပြိုင်ပွဲမှ မြန်မာ့လက် ရွေးစင်များ ရွေးချယ်မည်ဖြစ်သည်။ ၂ဝ၁၃ခုနှစ်၊ မြန်မာနိုင်ငံတွင် အိမ်ရှင်အ ဖြစ်ကျင်းပပြုလုပ်မည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် မြန်မာ့ရိုးရာစစ်တုရင် အားကစားနည်းအား ထည့်သွင်း ကျင်းပမည်ဖြစ် ကြောင်း သတင်းရရှိသည်။
|