|
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၂၂)ရက်။ ၂ဝ၁၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲများ ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအားကစားကွင်းတွင် ဆက်လက်ကျင်းပလျှက် ရှိရာ ဒီဇင်ဘာ(၂၁)ရက်နေ့တွင် ဒုတိယ အကြိုဗိုလ်လုပွဲအဖြစ် ကလေးခရိုင် အသင်းနှင့်ကသာခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကလေးခရိုင်အသင်း က (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဒီဇင်ဘာ(၂၃)ရက်နေ့၊ ညနေ(၃)နာရီ အချိန်တွင် ဗိုလ်လုပွဲအဖြစ် စစ်ကိုင်းခရိုင်အသင်းနှင့် ကလေးခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
(၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ကျင်းပမည်
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၂၂)ရက်။ ၂ဝ၁၁ခုနှစ်၊ (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါ သမယတွင် ပြည်သူအများ ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားနိုင်ရန် အတွက် လည်းကောင်း၊ ပြိုင်ပွဲများမှ လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ် ထွက် လာစေရန်နှင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမို ရရှိလာ စေရန်အတွက်
ရည်ရွယ်ပြီး (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
(၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ (၂၅)ရက် နေ့တွင် တင်းနစ်ပြိုင်ပွဲနှင့် စက်ဘီးပြိုင်ပွဲများကိုလည်းကောင်း၊ ဒီဇင်ဘာ(၂၆) ရက်နေ့တွင် ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်နှင့် ထုတ်ဆီးတိုး ပြိုင်ပွဲများကို လည်းကောင်း၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကြက်တောင်ပြိုင်ပွဲကို လည်းကောင်း၊ ၂ဝ၁၂ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့တွင် မိုက်ခရိုမာရသွန်ပြိုင်ပွဲ ကိုလည်းကောင်း၊ ဇန်နဝါရီ(၄)ရက် (လွတ်လပ်ရေးနေ့)တွင် မီတာ(၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ၊ သံလုံးပစ်၊ သံပြားပစ်၊ အလျားခုန်၊ အမြင့်ခုန်) ပြိုင်ပွဲများ၊ ခေါင်းအုံးရိုက် ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲ၊ အပ်နဖားထိုးပြိုင်ပွဲ၊ အားလူးကောက်ပြိုင်ပွဲ နှင့် စက်ဘီးအနှေးစီးပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
|
|
|
|
ရှမ်းပြည်နယ် နမ့်စန်မြို့ မီနီမာရသွန် အပြေးပြိုင်ပွဲ ဆုပေးပွဲအခမ်းအ နား ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၂၂)ရက်။ ၂ဝ၁၁ခုနှစ်၊ ရှမ်းပြည်နယ် နမ့်စန်မြို့ မီနီမာရသွန် အပြေးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ(၂)ရက်နေ့၊ နံနက်(၆)နာရီ က နမ့်စန်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မီနီမာရသွန်အပြေးပြိုင်ပွဲကို ဝမ်ပုံဆည်မှ စတင်တာလွှတ်ခဲ့ပြီး မြို့တော်ခန်းမ တွင် ပန်းဝင်ခဲ့ရာ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကဌ ဦးအောင်မြင့်မှ ပြိုင်ပွဲ တွင် ပထမဆုရရှိသော အောင်မင်းထွေးအား ဆုကြေးငွေ ကျပ်(၅)သောင်း၊ ဒုတိယဆုရ ဟိန်းဇေယျာအောင်အား ဆုကြေးငွေကျပ်(၃)သောင်းနှင့် တတိယ ဆုရ ကျော်လင်းသန်းအား ဆုကြေးငွေကျပ်(၂)သောင်းတို့အား အသီးသီး ပေး အပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
|
|
|
|
|