|
ရန်ကုန်၊ ဖေဖော်ဝါရီ(၂)ရက်။ SKY NET နှင့် DFL BUNDESLIGA FOOTBALL တို့ပူးပေါင်းကာ BUNDESLIGA ဘောလုံးပြိုင်ပွဲများ ရုပ်/သံ ထုတ်လွှင့်ခြင်း နှစ်ဦးသဘောတူ နှစ်ရှည် လက်မှတ်ရေးထိုးပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နေလည်(၁)နာရီက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ် Grand ballroom ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျာမဏီ သံရုံး သံအမတ်ကြီး Mr. Hristiam Ludwig Weber Lortsch ၊ အားကစားဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်ဝင်း၊ နှင့် တာဝန်ရှိ ပုဂ္ဂိုလ် များ၊ ရွှေသံလွင်ကုမ္ပဏီနာယက ဒေါ်နီ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် SKY NET မန်းနေဂျင်းဒါရိုက်တာ ဒေါ်နန်းမောက်လောက်ဆိုင် နှင့်တာဝန်ရှိသူများ၊ DFL BUNDESLIGA FOOTBALL Vice President Sales Mr. Kay Dammholg နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များနှင့် စာနယ်ဇင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ SKY NET အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်နှင့် DFL BUNDESLIGA FOOTBALL Vice President Sales Mr. Kay Dammholg တို့က ယခုပွဲကျင်းပရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် SKY NET နှင့် BUNDESLIGA တို့ ပူးပေါင်းကာSKY NET မှ Official Broadcastor ဖြစ်ကြောင်းကို ဗီဒီယိုစလိုက်ဖြင့် ပြသကြပြီး SKY NET မန်နေဂျင်းဒါရိုက်တာ ဒေါ်နန်းမောက်လောက်ဆိုင် နှင့် DFL BUNDESLIGA FOOTBALL Vice President Sales Mr. Kay Dammholg တို့က SKY NET -BUNDESLIGA Official
Broadcastor Logo အား စက်ခလုပ်နှိပ် ၍ ဖွင့်လှစ် ပေးပြီးနောက် SKY NETမန်နေဂျင်း ဒါရိုက်တာ ဒေါ်နန်းမောက်လောက်ဆိုင်ကို SKY NET Logo ပါ အမှတ်တံဆိပ်အင်္ကျီအား ပေးအပ်သည်။
ဆက်လက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျာမဏီသံရုံး သံ အမတ်ကြီး Mr. Hristiam Ludwig Weber Lortsch ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် နှင့် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးမျိုးလှိုင်ဝင်းတို့က ကျေးဇူးတင် စကားများ အသီးသီး ပြောကြားကြသည်။
ယင်းနောက် မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကျော်ကိုကိုမှ ဘောလုံး စွမ်း ရည် သရုပ်ပြသပြီး၊ စာနယ်ဇင်းများမှ တာဝန်ရှိသူတို့က သိရှိလိုသည်များကို မေးမြန်းကြရာ SKY NET နှင့်BUNDESLIGA တို့ မှတာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်း ရရှိသည်။ |