|
မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီအတွင်းရေးမှူး အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ (၂၆)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲမှ မှတ်တမ်းဓါတ်ပုံပြပွဲနှင့် ပတ်သက်၍ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌ ၊အတွင်းရေးမှူး ၊ အမှုဆောင်များ နှင့် တွေ့ဆုံညှိနှိုင်း
|
|
 |
|
 |
|
ရန်ကုန်၊ ဇန်နဝါရီ(၂၃ )ရက်။ အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့်(၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ မှတ်တမ်းဓါတ်ပုံပြပွဲနှင့် ပတ်သက်၍ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌ ၊အတွင်းရေးမှူး ၊ အမှုဆောင် များနှင့် တွေ့ဆုံညှိနှိုင်းခြင်း အစည်းအဝေးအား ဇန်နဝါရီလ (၂၂) ရက်နေ့၊ ည နေ(၃)နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ် ကျိုက္ကဆံအားကစား ကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီအတွင်းရေးမှူး အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးမြင့်ကြူက ၂ဝ၁၃ခုနှစ်၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်မှုရရှိရေး ရည် မှန်းလျက် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် (၂၆)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၌ အောင်မြင်မှု ရရှိခဲ့သူများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု ၊ ဆုရရှိမှု မှတ်တမ်းဓါတ်ပုံများနှင့် လှုပ်ရှားမှုမှတ်တမ်း ဓါတ်ပုံများ၊ Vedio မှတ် တမ်းခွေများ၊ Power Point များ၊ အားကစားသီချင်းများကို ဇန်နဝါရီလ (၂၉) ရက်နေ့မှ (၃၁)ရက်နေ့ထိ အောင်မြင်စွာပြသနိုင်ရေးအတွက် အဖွဲ့ချုပ် အ သီးသီးမှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ အမှုဆောင်များ နှင့် တွေ့ဆုံမှာကြား သည်။
ယင်းနောက် Xenon Inject Printing ကုမ္ပဏီ မှ တာဝန်ရှိသူက ဓါတ်ပုံပြသ မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြရာ အဖွဲ့ချုပ် အ သီးသီးမှလည်း သိရှိလိုသည်များနှင့် လိုအပ်သည်များ ပြန်လည် ဆွေးနွေးတင် ပြကြပြီး မြန်မာနိုင်ငံအမျိုးသား အားကစားကော်မတီအတွင်းရေးမှူး အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးမြင့်ကြူ က လိုအပ်သည်များ ဖြည့်စွက် ဆွေး နွေးမှာကြားခဲ့သည်။
အဆိုပါပြပွဲအား ဇန်နဝါရီလ(၂၉)ရက်နေ့မှ (၃၁)ရက်နေ့ ထိ နံနက်(၁ဝ)နာရီမှ ညနေ(၅)နာရီထိ ASIA PLAZA HOTEL တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ဗလာမပါ ကံစမ်းမဲအစီအစဉ်များကိုပါ ထည့်သွင်း ကျင်း ပမည်ဖြစ်ကြောင်း သတင်းရှိသည် ။ |
| |
|
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးလား အမျိုးသားအလွတ်တန်း
ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဇန်နဝါရီ(၂၃)ရက်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲများကို ကျောက် တံခါးမြို့နယ် အားကစားကွင်းတွင် အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်း ပလျက်ရှိရာ ဇန်နဝါရီ(၂၂)ရက် နေ့တွင်တောင်ခင်အသင်းနှင့် ဗောဓိကွင်းအ သင်း တို့ ယှဉ်ပြိုင်ကစားကြရာ တောင်ခင်အသင်းက ဗောဓိကွင်းအသင်းကို (၃) ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
ဇန်နဝါရီ(၂၃)ရက်နေ့တွင် တောကျွဲအင်းအသင်းနှင့် စစ်တောင်းကမ်းခြေအ သင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
| |
|
၂ဝ၁၂ခုနှစ်၊ မြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍ မြန်မာနိုင်ငံ တွင် ကရာတေးဒို နည်းစနစ်ဆိုင်ရာသင်တန်းကျင်းပ
|
|
ရန်ကုန်၊ ဇန်နဝါရီ(၂၃)ရက်။ ၂ဝ၁၂ခုနှစ်၊ မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေး ကို ရှေးရှု၍ မြန်မာနိုင်ငံတွင် ကရာတေးဒို နည်းစနစ်ဆိုင်ရာ သင်တန်းအား ဇန်နဝါရီ (၂၁)ရက်နေ့၊ နံနက်(၉)နာရီမှ (၁၁)နာရီထိ ညနေ (၄)နာရီမှ (၆) နာရီအထိ တစ်ရက်တာသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင် ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်း ၊ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပပြီး စီးခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံသို့ လာရောက်ပြသသည့် MR. Fujikiyo Omura (7th Dan, JKA Instructor) (JKA W/ F Asia Oceania Director )
က မြန်မာ နိုင်ငံတွင် Karatedo Technical Seminor Course ကိုလာရောက်ပြသရာ မြန်မာနိုင်ငံကရာတေးဒို ကလပ်(၁၃)သင်းမှ ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန် တိုင်း စစ်ဌာနချုပ် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကာကွယ်ရေး၊ မြို့တော်စည်ပင် မန္တလေးတိုင်းဒေသကြီး ၊ ကယားပြည်နယ် ၊ ရခိုင်ပြည်နယ်၊ သစ်တောရေးရာ၊ ပြည်တွင်းရေကြောင်း၊ လယ်/ဆည်၊ အောင်ဆန်း၊ သူရိန် ကရာတေးဒို ကလပ် (၁၃)သင်းမှ အသင်းသား/အသင်းသူဦးရေ စုစုပေါင်း(၇၅)ဦးတက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။
|
| |
|
၂၀၁၂ ခုနှစ်၊ ပဉ္စမအကြိမ် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ အမျိုး သားဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ် ပြိုင်ပွဲများ ဆက်လက်ကျင်းပ
|
|
နေပြည်တော် ဇန်န၀ါရီ(၂၃)။ ၂၀၁၂ ခုနှစ်၊ ပဉ္စမအကြိမ် နေပြည်တော်ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအား ယနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် နေပြည်တော် ဘော်လီဘောကွင်း၌ ဆက် လက်ကျင်းပရာနံနက်ပိုင်းပွဲစဉ်တွင် စက်မှုဝန်ကြီးဌာနအသင်းက ဆောက်လုပ် ရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲ၊ (၁)ပွဲ၊ ညနေပိုင်းပွဲစဉ်တွင် နယ်စပ်ရေးရာ ၀န်ကြီးဌာန အသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့် အ နိုင်ရရှိကြပြီး ဇန်န၀ါရီလ(၂၆)ရက်နေ့တွင် တတိယနေရာလုပွဲအဖြစ် ပြန်ကြား ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ ဇန်န၀ါရီလ (၂၇)ရက်နေ့ ညနေ(၃ နာရီခွဲ)တွင် ဗိုလ်လုပွဲစဉ်အဖြစ် စက်မှုဝန်ကြီးဌာနအ သင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ဆက်လက် ယှဉ်ပြိုင် ကစားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
| |
| |
| |