|
ရွှေတံဆိပ်(၁၁)ဆု၊ ငွေတံဆိပ်(၉)ဆုနှင့် ကြေးတံဆိပ်(၁၄)ဆု ရရှိခဲ့ သော အောင်ပွဲရ မြန်မာမသန်စွမ်းအားကစားအဖွဲ့အား ကြိုဆို
|
|
 |
|
 |
|
အင်ဒိုနီးရှားနိုင်ငံ(ဆိုလိုမြို့)၌ ကျင်းပခဲ့သော (၆)ကြိမ်မြောက် အာဆီယံ မသန်စွမ်း သူများ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁၁)ခု ၊ငွေတံဆိပ် (၉)ခု၊ ကြေးတံဆိပ်(၁၄) ခု ရရှိခဲ့သော အောင်ပွဲရ မြန်မာမသန်စွမ်း အားကစားအဖွဲ့အား မြန်မာနိုင်ငံ မသန် စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်နေလင်း၊ ဒုတိယဥက္ကဌ ဗိုလ်မှူးကြီး မျိုးမြင့် (အငြိမ်းစား) ဦးဆောင်သော မြန်မာမသန်စွမ်းအားကစားအဖွဲ့အား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တွေ့ရစဉ်
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၂၃)ရက်။ ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာ (၁၁) ရက်နေ့မှ (၂၂) ရက် နေ့အထိ အင်ဒိုနီးရှားနိုင်ငံ (ဆိုလိုမြို့)၌ ကျင်းပခဲ့သော (၆)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှု ဆုတံဆိပ်များရရှိခဲ့သော မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစား အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်နေလင်း၊ ဒုတိယ ဥက္ကဌ ဗိုလ်မှူးကြီးမျိုးမြင့်(ငြိမ်း) ဦးဆောင် သော မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယမန်နေ့ည(၁၁)နာရီ(၄၅)မိနစ် က အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မိဘဆွေမျိုးများက ကြိုဆိုကြသည်။
မြန်မာ မသန်စွမ်းအားကစားအဖွဲ့သည် အမျိုးသား ရေကူးပြိုင်ပွဲတွင် နိုင်စစ် အောင် က မီတာ(၅ဝ) လိပ်ပြာကူးနှင့် မီတာ(၅ဝ) ပက်လက်ကူးပြိုင်ပွဲတို့တွင် ရွှေတံဆိပ်(၁)ဆုစီနှင့် မီတာ(၁ဝဝ) ပက်လက်ကူးပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ဆု၊ အောင်ငြိမ်းဦးက မီတာ(၅ဝနှင့်၁ဝဝ) ရင်ဘောင်တန်း ကူးပြိုင်ပွဲတွင် ရွှေတံဆိပ် (၁)ဆုစီကိုလည်းကောင်း၊ အမျိုးသားမီတာ(၁၅ဝဝနှင့်၅ဝဝဝ) အပြေးပြိုင်ပွဲတွင် ထူးမြတ်နိုင်က ရွှေတံဆိပ်(၁)ဆုစီနှင့် မီတာ(၈ဝဝ)အပြေးပြိုင်ပွဲတွင် ကြေးတံ ဆိပ်(၁)ဆု တို့ကိုလည်းကောင်း၊ အမျိုးသား မျက်မမြင် စစ်တုရင်ပြိုင်ပွဲတွင် အေးလွင် က ပုံမှန်ပြိုင်ပွဲနှင့် အမြန်ရွှေ့ ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်(၁)ဆုစီနှင့် အ သင်းလိုက်ပုံမှန်နှင့် အမြန်ရွှေ့ပြိုင်ပွဲတို့တွင် ကြေးတံဆိပ် (၁)ဆုစီကို လည်း ကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲများ၌ သန်းလှိုင်က သံလုံးပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၁)ဆုနှင့် သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ဆုကိုလည်းကောင်း၊ မျိုး ဆွေက သံလုံးပစ်ပြိုင်ပွဲတွင်ရွှေတံဆိပ်(၁)ဆုနှင့် သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ကြေး တံဆိပ်(၁)ဆု၊ ဝင်းနိုင်က လှံတန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ဆုနှင့် သံလုံးပစ် ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ဆု၊ ထူးအောင်က သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ငွေတံ ဆိပ်(၁)ဆုနှင့် လှံတန်ပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ဆု၊ အောင်မြင့်ဌေးက အ လျှားခုန်ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ဆု၊ ဖြိုးကိုကိုက အမြင့်ခုန်ပြိုင်ပွဲတွင် ကြေး တံဆိပ်(၁)ဆုတို့ကိုလည်းကောင်း၊ ရေကူးပြိုင်ပွဲများတွင် မြတ်ခိုင်က မီတာ(၅ဝ နှင့် ၁ဝဝ) ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ဆုစီ နှင့် တင်မျိုးက မီ တာ(၁ဝဝ) ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ဆုနှင့် မီတာ(၅ဝ) ရင် ဘောင်တန်းကူးနှင့် မီတာ(၁ဝဝ) ပက်လက်ကူးပြိုင်ပွဲများတွင် ကြေးတံဆိပ်(၁) ဆုစီကိုလည်းကောင်း၊ သူဇာဝင်းက မီတာ(၁ဝဝ)ပက်လက်ကူးပြိုင်ပွဲတွင် ကြေး တံဆိပ်(၁)ဆုနှင့် ဝဏ္ဏက မီတာ(၁ဝဝ)ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် ကြေးတံ ဆိပ်(၁)ဆုတို့ကိုလည်းကောင်း၊ အမျိုးသား စားပွဲတင် တင်းနစ်အသင်းလိုက် ပြိုင်ပွဲနှင့် အတွဲလိုက်ပြိုင်ပွဲတို့တွင် စည်သူမင်းနှင့် ဝင်းဆွေတို့က ကြေးတံဆိပ် (၁)ဆုစီကိုလည်းကောင်း၊ အမျိုးသားဘော်လီဘောအသင်းလိုက်ပြိုင်ပွဲတွင် ငွေ တံဆိပ်(၁)ဆု တို့ကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ပြီး ၄င်းပြိုင်ပွဲသို့ အာဆီယံနိုင်ငံ (၁၁)နိုင်ငံဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံအလိုက် အဆင့်(၆) ရရှိ ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အားကစားနှင့်ကာယပညာ ကော်မ တီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ရှုံး/ထွက်ပွဲစဉ်များ ဆက် လက်ကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၂၃)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ဒုတိယ အဆင့် ရှုံး/ထွက်ပွဲစဉ်များကို ဒီးမော့ဆိုအားကစားကွင်း၌ ဆက်လက်ကျင်းပ လျှက်ရှိရာ ဒီဇင်ဘာ (၂၂)ရက်နေ့တွင် ငွေတောင်(က) ကျေးရွာအသင်းနှင့် ဆောင်ဒူလာကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဆောင်ဒူလာ ကျေးရွာ အသင်းက (၅)ဂိုး၊(၄)ဂိုးဖြင့်လည်းကောင်း၊ ငံရိုးကျေးရွာအသင်းနှင့် ဆင်တောင် ကျေးရွာ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဆင်တောင်ကျေးရွာအသင်းက (၃) ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၂၃)ရက်နေ့တွင် မြလဲကျေးရွာအသင်းနှင့် လှိုင်ဘူးအန်းကျေးရွာအ သင်းတို့ သည်လည်းကောင်း၊ ဒေါစဲကျေးရွာအသင်းနှင့် ဆိုဘောသဲကျေးရွာအ သင်းတို့သည်လည်းကောင်း အသီးသီး ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ ခုနှစ်၊ ပထမအကြိမ် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပ
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၂၃)ရက်။ ၂ဝ၁၁ ခုနှစ်၊
ပထအကြိမ် ကယားပြည်နယ် အစိုး ရအဖွဲ့ ဝန်ကြီးချုပ်ဖလား
ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများကို ကယားပြည်နယ် ငြိမ်း
ချမ်းရေးဘောလုံးကွင်းတွင် ဒီဇင်ဘာ(၂ဝ)ရက်နေ့မှစတင်၍ ပြိုင်ပွဲဝင်အသင်း
(၈)သင်းဖြင့် ယှဉ်ပြိုင်ကစားလျှက်ရှိရာ ဒီဇင်ဘာ (၂၂)ရက်နေ့တွင် GFA အ
သင်းနှင့် ရပခအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ GFA အသင်းက (၃)ဂိုး၊ ဂိုးမရှိ ဖြင့်လည်းကောင်း၊
SHAN အသင်းနှင့် ကယန်းပြည်သစ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ SHAN အသင်းက (၃)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အ နိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၂၃)ရက်နေ့တွင် ကယားပြည်နယ်(က)အသင်းနှင့် ကယန်းပြည်သစ် အသင်း တို့သည်လည်းကောင်း၊ ကယားပြည်နယ်(ခ)အသင်းနှင့် ရပခအသင်း တို့သည်လည်းကောင်း အသီးသီးဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
|
|
|
|
|