|
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုး သား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၄)ရက်။ ၂ဝ၁၁ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဘိုကလေးမြို့နယ် ပြည်သူ့အားကစားကွင်း၌ ဆက်လက် ကျင်းပလျှက်ရှိရာ နိုဝင်ဘာ (၂၃)ရက်နေ့တွင် ဟင်္သာတခရိုင်အသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၃)ဂိုးစီဖြင့် သရေကျသွားသည်။
နိုဝင်ဘာ (၂၅)ရက်နေ့တွင် ပထမအကြိုဗိုလ်လုပွဲအဖြစ် ဖျာပုံခရိုင်အသင်းနှင့် မြောင်းမြ ခရိုင်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ကြောင်း သတင်း ရရှိ သည်။
|
|
|
|
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၄)ရက်။ ၂ဝ၁၁ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ရှမ်းပြည်နယ် ဂနိုင်ရေးအားကစားကွင်း၌ ဆက်လက်ကျင်းပရာ နိုဝင်ဘာ(၂၂)ရက်နေ့တွင် လင်းခေးခရိုင်အသင်းနှင့် မိုင်းဆတ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ် ဖက်(၃)ဂိုးစီသရေဖြင့်လည်းကောင်း၊ ကျောက်မဲခရိုင်အသင်းနှင့် ပအို့ပ်ဒေသ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပအို့ပ်ဒေသ အသင်းက(၁)ဂိုး ဂိုးမရှိ ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသွားသည်။
နိုဝင်ဘာ(၂၄)ရက်နေ့တွင် ရှူံး/ထွက်ပြိုင်ပွဲများအဖြစ် ပအို့ပ်ဒေသအသင်းနှင့် ကျိုင်းတုံခရိုင်အသင်း တို့ သည်လည်းကောင်း၊ တောင်ကြီးခရိုင်အသင်းနှင့် လွိုင်လင်ခရိုင်အသင်းတို့ သည်လည်းကောင်း အသီးသီးဆက်လက် ယှဉ်ပြိုင်ကစားသွားကြ မည်ဖြစ် ကြောင်း သတင်းရရှိသည်။
|
|
|
|
|