|
ရန်ကုန်၊ ဇန်နဝါရီ(၂၄)ရက်။ ၂ဝ၁၂ခုနှစ်၊နှစ်(၆ဝ)ပြည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဖရူဆိုမြို့နယ်တွင် မီနီမာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ(၁၄) ရက်နေ့၊ နံနက်(၇)နာရီ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအေး၊ မြို့နယ်အဆင့်ဌာန ဆိုင် ရာအကြီးအကဲများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူများနှင့် မြို့မိ မြို့ဖများ တက်ရောက်ကြသည်။
ထို့နောက် မီနီမာရသွန်ပြိုင်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှေ့မှ နံနက်(၇) နာရီတွင် စတင် တာလွတ်ကာ ပြိုင်ပွဲဝင်ကစားသမားများသည် မြို့တွင်းပတ် ပြေး၍ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင်ပင် ပြန်လည်ပန်းဝင်ကြသည်။ အဆို ပါပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူအသီးသီးက ဆုများ ချီးမြှင့်ခဲ့ ကြ သည်။ ယင်းပြိုင်ပွဲသို့ အမျိုးသား(၂၅)ဦး၊ အမျိုးသမီး(၁ဝ)ဦး စုစုပေါင်း (၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။
|