|
နေပြည်တော် ဒီဇင်ဘာ(၂၄)။ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရီမြို့နယ် ၏ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာစတုတ္ထအပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်း လမ်းလျှောက်ပွဲကို နေပြည်တော် မြို့မဈေးရှေ့စုရပ်၌ ယနေ့နံနက်(၅နာရီ ၄၅ မိနစ်)က စတင်တာထွက် ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဌ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ တက်ရောက်၍ သေနတ်ပစ်ဖောက် စေလွတ်ကာ ပါဝင်ဆင်နွှဲလမ်းလျှောက်သည်။
အဆိုပါလူထုစုပေါင်းလမ်းလျှောက်ပွဲသို့ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အား ကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် နေပြည်တော်ဝန်ကြီးဌာန အသီးသီးမှ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ ၀န်ထမ်းမိသားစုများ၊ ဇမ္ဗူသီရိမြို့နယ်ရပ်ကွက်အသီးသီးမှ ကျန်း မာရေးကို လေ့လာလိုက်စားသူ ပြည်သူလူထုများ စုစုပေါင်း အင်အား(၉၀၀၀) ဦးတို့ တက်ရောက်ပါဝင်ဆင်နွှဲကြသည်။
ရှေးဦးစွာ လမ်းလျှောက်ပွဲ ဆင်နွှဲကြမည့်သူများသည် မြို့မဈေးရှေ့ စုရပ်၌ အ ဆင်သင့် နေရာယူထားကြပြီး နံနက်(၅နာရီ၄၅မိနစ်)တွင် သေနတ်ပစ် ဖောက် စတင်တာထွက်ကြရာ တောင်ညို-ပျဉ်းမနား လမ်းမကြီးမှတဆင့် သပြေကုန်း အ၀ိုင်းအထိလည်းကောင်း၊ သပြေကုန်းအ၀ိုင်းမှ ညာဘက်ချိုးကာ ရာဇသင်္ဂဟ လမ်းအတိုင်း တပျော်တပါး လမ်းလျှောက်ကြပြီး ကျောက်မျက်ရတနာပြတိုက် ရှေ့သို့ပန်းဝင်ကြသည်။
ထို့နောက် ၀န်ထမ်းများနှင့် ပြည်သူများက ကျောက်မျက်ရတနာပြတိုက်ရှေ့ သက်ဆိုင်ရာ ၀န်ကြီးဌာနဆိုင်းဘုတ်နောက်တွင် ၀င်ရောက်နေရာယူကြပြီး စု ပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို လေ့ကျင့်ကြကာ အခမ်းအ နားကို ရုပ်သိမ်းလိုက်သည်။
အလားတူ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီး၌လည်း လူထုလမ်းလျှောက် ပွဲများကို ကျင်းပလျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အ ဆင့်/ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ အခြေခံ ပညာဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူလူထုများ စုစုပေါင်းအင်အား (၃၇၈၄၂) ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် စုစုပေါင်းအင်အား(၇၅၇၁၃)ဦး၊ မကွေးတိုင်းဒေသ ကြီးတွင် စုစုပေါင်းအင်အား (၃၈၆၁၁)ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် စုစု ပေါင်း အင်အား (၁၆၁၇၂)ဦး၊ ရှမ်းပြည်နယ်တွင် စုစုပေါင်းအင်အား (၄၆၅၀၀) ဦးဖြင့်လည်းကောင်း စုပေါင်းလမ်းလျှောက်ကြပြီး သက်ဆိုင်ရာသတ်မှတ်နေရာ များတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို တပျော်တပါး လုပ် ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
|