|
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ |
|
ရန်ကုန်၊ စက်တင်ဘာ(၂၄)ရက် ။ အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မကွေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂ဝ၁၁-၂ဝ၁၂ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီးအခြေခံပညာကျောင်းပေါင်း စုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အားကစား နှင့်ကာယပညာဦးစီးဌာန မကွေးခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မကွေးတိုင်းဒေသကြီး အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက် ရောက်ကြသည်။
ပြိုင်ပွဲတွင် U-၁၃ ၊ U-၁၆ အမျိုးသား/အမျိုးသမီး ဘောလုံး ပြိုင်ပွဲ U-၁၆ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ ဘတ်စကက်ဘော ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲ၊
U-၁၆ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်
U-၁၆ အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ ခုနှစ်၊ဆဌမအကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ |
|
 |
|
 |
|
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနှင့် အားကစားဝန်ကြီး ဌာနဝန်ကြီး ဦးအောင်ခင်
၂ဝ၁၁ ခုနှစ်၊ဆဌမအကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားစဉ် |
|
ရန်ကုန်၊ စက်တင်ဘာ(၂၄)ရက် ။ ၂ဝ၁၁ ခုနှစ်၊ ဆဌမအကြိမ်မြောက် တိုင်း ဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်လမ်းပန်းဆက်သွယ်ရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီးဦးအောင်ခင်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးသန်းမြင့်၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးဝဏ္ဏထွန်း နှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားက စားသမားများ တက်ရောက်ကြသည်။
အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူပြီးနောက် ယမန်နှစ်ချန်ပီယံ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားအသင်းနှင့်အမျိုးသမီးအသင်းတို့ကတံခွန်စိုက်ဒိုင်းဆုများကိုပြန်လည် အပ်နှံရာ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနှင့် အားကစားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ခင်မှ လက်ခံရယူပြီး အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ် ဆိုကြကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။
ယင်းနောက် ပထမနေ့ပြိုင်ပွဲများ ဆက်လက်ကျင်းပရာ အမျိုးသား/အမျိုးသမီး မီတာ(၄ဝဝ) အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၂ဝဝ)ပက်လက်ကူးပြိုင်ပွဲ၊ ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ လိပ်ပြာကူး ပြိုင်ပွဲ၊ တစ်ဦးချင်း(၄)မျိုးကူးပြိုင်ပွဲနှင့် မီတာ(၅ဝ)အလွတ်ကူးပြိုင်ပွဲ၊ မီတာ (၅ဝ x ၄) လွန်းပျံကူးပြိုင်ပွဲ၊ မီတာ (၁ဝဝ
x ၄) လွန်းပျံ(၄)မျိုးကူး ပြိုင် ပွဲများကျင်းပခဲ့ပြီး ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီတို့ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် အပြည်ပြည်ဆိုင်ရာလူထုရေး ဝန်ဆောင်မှုအဖွဲ့ (PSI)တို့ ပူးပေါင်း၍ အားကစားနှင့် HIV ရောဂါအကြောင်းသိကောင်းစရာ ပညာ ပေးဟောပြောပွဲကျင်းပ
|
|
ရန်ကုန်၊ စက်တင်ဘာ(၂၄)ရက် ။ အားကစားနှင့်ကာယပညာဦးစီးဌာန အားက စားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် အပြည်ပြည်ဆိုင်ရာလူထုရေး ဝန်ဆောင်
မှုအဖွဲ့ (Population Service International )တို့ပူးပေါင်း၍ အားကစားနှင့် HIV ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် (၁)နာရီခွဲက အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာ ၊ ဆရာ များ၊အပြည်ပြည်ဆိုင်ရာလူထုရေးဝန်ဆောင်မှုအဖွဲ့မှ ဒေါက်တာပွင့်ဟေမာနိုင်၊
ဒေါက်တာရည်မွန်ဝင့်အောင်၊ ဒေါက်တာသန့်သန့်စင်၊ ဒေါက်တာစုစန္ဒီ၊ အား ကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမော်လီချစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်း ကျောင်းမှ ဆရာမများနှင့် အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းသူများ တက်ရောက်ကြသည်။ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာလူထုရေးဝန်ဆောင် မှုအဖွဲ့မှ ဒေါက်တာ ရည်မွန်ဝင့်အောင်က သင်တန်းသူ အားကစားသမားများ ကျန်းမာရေး အသိပညာ ဗဟုသုတများ၊ တိုးပွားလာစေရန် အားကစားနှင့် HIV ရောဂါအကြောင်း သိကောင်းစရာများ၊ ဆောင်ရန်/ ရှောင်ရန်များကို ဆွေးနွေး ပြောကြားပြီးနောက် တက်ရောက်လာကြသော အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်)မှ အားကစားသမားသင်တန်းသူများက သိလိုသည်များကို မေး မြန်းရာ ဒေါက်တာရည်မွန်ဝင့်အောင်က ပြန်လည်ဖြေကြားပြီး ဟောပြောပွဲကို ညနေ (၃)နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
|
|
|
|
|
|
|