|
ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၅)ရက်။ ၂ဝ၁၁ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ရှမ်းပြည်နယ် ဂနိုင်ရေး အားကစားကွင်း၌ ဆက်လက်ကျင်းပရာ နိုဝင်ဘာ(၂၄)ရက်နေ့တွင် ရှုံး/ထွက်ပြိုင်ပွဲများအဖြစ် ပအို့ပ်ဒေသအသင်းနှင့် ကျိုင်းတုံ ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပအို့ပ်ဒေသ အသင်းက(၃)ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ တောင်ကြီးခရိုင်အသင်းနှင့် လွိုင်လင်ခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ လွိုင်လင်ခရိုင်အသင်းက (၃)ဂိုး (၁)ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိ သွားသည်။
နိုဝင်ဘာ (၂၅)ရက်နေ့တွင် ဓနုဒေသအသင်းနှင့် တာချီလိတ်ခရိုင် အသင်းတို့သည်လည်းကောင်း၊ လားရှိုးခရိုင်အသင်းနှင့် မိုင်းဆတ်ခရိုင်အသင်း တို့သည်လည်းကောင်း အသီးသီး ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။
|
|
|
|
မြန်မာနိုင်ငံ ဘိုးလင်းအဖွဲ့ချုပ် ဥက္ကဌဖလား အမျိုးသား/အမျိုးသမီး အလွတ်တန်း ဘိုးလင်းပြိုင်ပွဲကျင်းပမည်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၅)ရက်။ အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘိုးလင်း အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပမည့်
၂ဝ၁၁ ခုနှစ်၊ မြန်မာနိုင်ငံ ဘိုးလင်းအဖွဲ့ချုပ် ဥက္ကဌဖလား အမျိုးသား/အမျိုးသမီး အလွတ်တန်းဘိုးလင်းပြိုင်ပွဲကို ဒီဇင်ဘာ (၃)ရက်နေ့မှ (၄)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် Right Track Bowling Centre အားကစားခန်းမပြိုင်ပွဲရုံ၌ ကျင်းပပြုလုပ် မည်ဖြစ် သည်။
အဆိုပါပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး တစ်ဦးလျှင် (၆)ဂိမ်းယှဉ်ပြိုင်ခွင့်ရှိပြီး ဆုကြေးငွေကို ပထမဆု ကျပ်(၁)သိန်း(၅)သောင်း၊ ဒုတိယဆု ကျပ်(၁)သိန်း၊ တတိယဆု(၅) သောင်းစီ ချီးမြှင့်ပေးမည်ဖြစ်သည်။
ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံသားမည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး၊ ပြိုင်ပွဲမှ ထူးချွန်သော အားကစားသမားများအား ၂ဝ၁၃ ခု နှစ်၊ မြန်မာနိုင်ငံ၌အိမ်ရှင် အဖြစ်လက်ခံ ကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲတွင် ထူးချွန်စွာ ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် ရွေးချယ် စခန်းသွင်းလေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
|