|
နေပြည်တော် ဒီဇင်ဘာ(၂၅)။ မြန်မာနိုင်ငံ အမျိုးသားအားကစား ကော်မတီ ဥက္ကဌ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ဒုတိယ ၀န်ကြီး ဦးအေးမြင့်ကြူ၊ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိသူ များလိုက်ပါလျက် နေပြည်တော် လယ်ဝေးအားကစားကွင်းသို့ နံနက်(၉ နာရီခွဲ) အချိန်တွင်ရောက်ရှိပြီး မြန်မာနိုင်ငံလက်ရွေးစင်အားကစားသမားများ လေ့ကျင့် ရေးအတွက် အဆင့်မြင့် မွန်းမံလျက်ရှိသော Sythetic
ပြေးလမ်းခင်းရန်အတွက် တည်ဆောင်မှု လုပ်ငန်းများ၊ ပွဲကြည့်စင်၊
အားကစားလေ့ကျင့်ရေး ရုံအသစ် တည်ဆောက်မှုလုပ်ငန်းများအား
လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူ များအား အားကစားနည်းများအလိုက်
သတ်မှတ်ချက်နှင့် ကိုက်ညီစေရေး၊ မြန် နိုင်သမျှ အမြန်ဆုံးပြီးစီးရေးနှင့် အရည်အသွေး မှန်ကန်မှုရှိရေးတို့အား
လမ်း ညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်
စည်ပင်သာယာရေး ကော်မတီ ဧည့်ရိပ်သာတွင် ဖွင့်လှစ်ထားသော (၂၇)ကြိမ်မြောက်
အရှေ့ေ တာင်အာရှအားကစားပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေးနှင့်
အောင်နိုင်ရေး အထောက် အကူပြုအဖွဲ့ရုံးသို့သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တွေ့ဆုံ အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးခန်းမတွင်
အားကစားဝန်ကြီးဌာနမှ အရာရှိကြီးများ၊ အားကစား လေ့ကျင့်ရေးစခန်းမှ
တာဝန်ရှိသူများ၊ အားကစား ၀န်ကြီးဌာနမှ အားကစားနည်းအလိုက်
တွဲဖက်ထားရှိသော အရာထမ်း၊ အမှု ထမ်းများအား တွေ့ဆုံလမ်းညွှန်
အမှာစကားပြောကြားရာတွင် ယခုအားကစား လေ့ကျင့်ရေးစခန်း ဖွင့်လှစ်ရသည့်
ရည်ရွယ်ချက်မှာ (၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲတွင်
အောင်မြင်မှု မြင့်မားစွာ ရရှိရေးအတွက် နိုင်ငံဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေရန်အတွက် ပြည်တွင်း အားကစားပြိုင်ပွဲအသီးသီးမှ
ထူးချွန်အားကစားသမားများအား စုစည်းလေ့ကျင့် ပေးပြီး
နိုင်ငံဂုဏ်ဆောင်အားကစားသမားများဖြစ်သည်အထိ ဆက်လက်
လေ့ ကျင့်သွားရန်ဖြစ်ကြောင်း၊ အားကစားအရည်အချင်းသာမက လက်ရုံးရည်ရော
နှလုံးရည်ရော ကောင်းမွန်သူများဖြစ်အောင် ယခုကတည်းက
လေ့ကျင့်သွားကြ ရန်ဖြစ်ကြောင်း၊ လေ့ကျင့်ရေး အချိန်ဇယား တိတိကျကျ
ရေးဆွဲဆောင်ရွက်ဖို့ လိုကြောင်း၊ အမှန်တကယ်ထူးချွန်မှု အလားအလာကောင်းရှိသူများကိုသာ ရွေး ချယ်ပြီး စခန်းသွင်းလေ့ကျင့်သွားကြရန်
မှာကြားပါသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူမှ လေ့ကျင့်ရေးစခန်း စည်းကမ်း များနှင့် တာဝန်ရှိသူများမှ ပုံမှန်စစ်ဆေးရမည့်အပိုင်းကို လည်းကောင်း၊ ညွှန် ကြားရေးမှူးချုပ် ဦးသောင်းထိုက်မှ သွေးသစ် အားကစားသမားများ ရွေးချယ်မှု ကို တာဝန်ရှိသူများမှ နယ်ပယ်စုံ အောက်ခြေအထိ လိုက်လံစုဆောင်းရန်နှင့် ခန္တာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်ရေး၊ လေ့ကျင့်ရေးရုံထားရှိရေးတို့ကို ဆွေးနွေး မှာကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားလေ့ကျင့်ရေးစခန်း စားရိပ် သာသို့ သွားရောက်၍ ကျွေးမွေးမည့် ဟင်းလျာများနှင့် အားကစားသမားများ စားသောက်နေမှုကိုစစ်ဆေးကြည့်ရှုပြီးပြန်လည်ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။
|