|
ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အလှူငွေ၊ အားက စားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
မတည်ရင်းနှီးငွေ ပေးအပ်ခြင်း အခမ်း အနားသို့
ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနနှင့်
အား ကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းတက်ရောက် |
|
 |
|
 |
|
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း
ဝန်ကြီးဌာနနှင့်အားကစားဝန်ကြီးဌာန ပြည်
ထောင်စုဝန်ကြီးဦးတင့်ဆန်း မြောင်းမြမြို့၊ ကွယ်လွယ်ကျေးရွာ
အခြေခံပညာအထက် တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်သည့်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲ
နွမ်းပါးမှုလျှော့ချရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင်
အမှာစကားပြောကြားစဉ် |
|
 |
|
ACE ဆောက်လုပ်ရေးကုမ္ပဏီနာယက
ဒေါက်တာဒေါ်ဌေးဌေးငြိမ်းက မြောင်းမြမြို့ ပေါ်ရှိ
ဘုန်းတော်ကြီးကျောင်းများနှင့် ကျေးရွာများရှိ
အခြေခံပညာမူလတန်းကျောင်း များ/အထက်တန်းကျောင်းခွဲများ အတွက်
ငွေပဒေသာပင်စိုက်ထူရန် အလှူငွေကျပ် သိန်း(၃၇ဝ)အား
ပေးအပ်လှူဒါန်းစဉ် |
ရန်ကုန်၊ စက်တင်ဘာ(၂၅)ရက်။ ဧရာဝတီတိုင်း ဒေသကြီးဖွံ့ဖြိုး
တိုးတက်ရေး အတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့်
အားကစားအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်း
အခမ်းအနားကို စက်တင်ဘာ(၂၃)ရက်နေ့၊ ညနေပိုင်းက
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ပုသိမ်ဟိုတယ် ခန်းမတွင်
ကျင်းပရာ ACE ဆောက်လုပ်ရေးကုမ္ပဏီနာယက ဦးတင့်ဆန်း တက်ရောက်၍
အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးသိန်းအောင်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးသောင်းထိုက်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊
ACE ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌ ဦးဖြိုးကိုကိုတင့်ဆန်း၊
ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော
ဧည့်သည်တော်များနှင့် ဒေသခံ ပြည်သူများတက်ရောက်ကြသည်။
အစီအစဉ်အရ အလှူငွေပေးအပ်ပွဲအခမ်းအနားကိုကျင်းပရာ
ACE ဆောက်
လုပ်ရေး ကုမ္ပဏီနာယက ဦးတင့်ဆန်းက
အလှူငွေကျပ်သိန်း(၃ဝဝ)(ကျပ်သိန်း သုံးရာ)၊
ACE ဆောက်လုပ်ရေး
ကုမ္ပဏီဥက္ကဌ ဦးဖြိုးကိုကိုတင့်ဆန်းက အလှူ ငွေကျပ် သိန်း(၁၅ဝ)
(ကျပ်သိန်းတစ်ရာငါးဆယ်)နှင့်
အားကစားနှင့်ကာယ ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်
ဦးသောင်းထိုက်တို့က အားကစား
အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က လက်ခံရယူသည်။
စက်တင်ဘာလ(၂၄)ရက်နေ့၊နံနက်(၉)နာရီက မြောင်းမြမြို့ အထွေထွေ
အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မြရွှေဝါခန်းမ၌ကျင်းပပြုလုပ်သော
မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ မြိုနယ်များသို့
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ပထမအကြိမ် မတည်ရင်းနှီးငွေ
ပေးအပ် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။ အစီအစဉ်အရ
ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
ဝန်ကြီး ဦးဝင်းကိုကိုက အသေးစားငွေစု/ငွေချေး
လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ထို့နောက်
ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနနှင့်
အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှ
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့်
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများ အတွက်
မတည်ရင်းနှီးငွေ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ
လုပ် ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ရှေ့ဆက်လက်
ဆောင်ရွက် ရမည့်အစီအမံများကို မှာကြားခဲ့သည်။
ဆက်လက်၍ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ လပွတ္တာ၊
မော်လမြိုင်ကျွန်းမြို့နယ် များမှ အုပ်ချုပ်ရေးမှူးများက
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးအစီအစဉ်
ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက် ဆောင် ရွက်ရမည့်
အစီအစဉ်များကို ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြ ကြပြီး
ACE ဆောက်လုပ်ရေး ကုမ္ပဏီနာယက ဒေါက်တာဒေါ်ဌေးဌေးငြိမ်းက
ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများ အတွက်
အဆိုပါ(၅)မြို့နယ်သို့ ပထမအကြိမ် မတည်ရင်းနှီးငွေ
လှူဒါန်းငွေ ကျပ် သိန်း(၃ဝဝ) (ကျပ်သိန်းသုံးရာ)စီကို
လှူဒါန်းရာ တာဝန်ရှိသူ အသီးသီး တို့က လက်ခံရယူကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့်အဖွဲ့သည်
မြောင်းမြမြို့နယ်၊ နောင်ရိုး အားကစားခန်းမတွင်လေ့ကျင့်နေသော
ဂျူဒိုအားကစားအဖွဲ့အား သွားရောက်ကြည့်ရှု စစ်ဆေး အားပေးကာ
နည်းစနစ်မှန်မှန်၊ ပြင်းပြင်း ထန်ထန်လေ့ကျင့်ကြရန်၊
''စည်းကမ်းသည်ပထမ၊ စံချိန်သည် ဒုတိယ'' ဆိုသည့်
ဆောင်ပုဒ်အတိုင်း ကျင့်ကြံအားထုတ်ကြိုးစားသွားကြရန်၊
မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားအထိ တက်လှမ်းနိုင်ရေးကို
ဦးတည်ကြိုးပမ်း ဆောင်ရွက် သွားကြရန် လမ်းညွှန်မှာ ကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည်
မြောင်းမြမြို့အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍
လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကာယဗလ
နှင့်အလေးမရုံတွင်လေ့ကျင့်နေသော အားကစားသမားများကို
ကြည့်ရှုအားပေး၍ လိုအပ်ချက်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကွယ်လွယ်ကျေးရွာ
အခြေခံပညာ အထက်တန်း ကျောင်းခွဲ၌ ပြုလုပ်သည့် အလှူငွေပေးအပ်ပွဲ
အခမ်းအနားသို့ တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီးမှ အမှာစကား
ပြော ကြား၍
ACE ဆောက်လုပ်ရေးကုမ္ပဏီနာယက ဒေါက်တာ ဒေါ်ဌေးဌေးငြိမ်းက
ဘုရားကြီးကုန်း၊ ရိုးဆိပ်၊ ကံကုန်း၊ ကွမ်းခြံ
ဘုန်းတော်ကြီးကျောင်းများသို့ ငွေပဒေသာပင်စိုက်ထူလှူဒါန်း၍
ကွယ်လွယ် ၊ စစ်တပင်၊ ဒလုံးချောင်း၊ ကွမ်းခြံ၊ စက်ကော့၊
ကညွှတ်ကွင်း၊ ကွယ်လွယ်အရှေ့ကုန်းကျေးရွာများရှိ
အခြေခံပညာ မူလတန်းကျောင်းများနှင့် အထက်တန်း
ကျောင်းခွဲများအတွက် အလှူငွေ
ကျပ် သိန်း(၃၇ဝ)ကိုလည်းကောင်း၊အားကစားနှင့် ကာယပညာဦးစီးဌာန
ညွှန်ကြား ရေးမှူးချုပ်မှ အားကစားအထောက်အကူပြုပစ္စည်းများ
အားလည်းကောင်း၊
ACE ဆောက်လုပ်ရေးကုမ္ပဏီ၊
MAX ကုမ္ပဏီနှင့်
ဧရာရွှေဝါကုမ္ပဏီတို့မှ စေတနာရှင်များက ကွယ်လွယ် အခြေခံပညာ
အထက်တန်းကျောင်းခွဲ ငွေ ပဒေသာပင်အတွက် ငွေကျပ်သိန်း(၆၆ဝ)
စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်း (၁ဝ၃ဝ)တို့ကိုပေးအပ်လှူဒါန်းရာ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းကိုကိုနှင့်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းထွန်းတို့ က
အလှူငွေများလက်ခံ ရယူခဲ့ကြောင်းသတင်းရရှိသည်။ |
|
|
|
Champion Challenge Cup
Tournament 2011 သို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အောင်ပွဲရ
ကရင်ပြည်နယ် ဘားအံကလပ်အသင်းအား ဂုဏ်ပြုချီးမြှင်ပွဲ အခမ်းအနားကျင်းပ |
ရန်ကုန်၊ စက်တင်ဘာ(၂၅)ရက်။ ပထမအကြိမ်
Champion Challenge Cup Tournament 2011 ပြိုင်ပွဲကို နေပြည်တော်တွင်
စက်တင်ဘာလ(၂)ရက်နေ့မှ(၁၈)ရက်နေ့အထိကျင်းပရာ ဘိလိယက်နှင့်
စနူကာအသင်းလိုက်ပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ဆုနှင့် စားပွဲတင်
တင်းနစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိကာ
ပြိုင်ပွဲအသင်း(၁၆)သင်း၌ အဆင့်(၅)၊ လက်ဝှေ့ပြိုင်ပွဲတွင်
ရွှေတံဆိပ်(၄)ဆု၊ ငွေတံဆိပ်(၂)ဆု၊ ကြေးတံဆိပ်(၂)နှင့်
အသင်းလိုက်ပထမဆု၊ အလေးမ ပြိုင်ပွဲတွင် ရွှေတံဆိပ်(၄)ဆု၊
ငွေတံဆိပ်(၃)ဆုနှင့် ကြေးတံဆိပ်(၁)ဆုဖြင့် အသင်းလိုက်
ဒုတိယဆုရရှိကာ ပြိုင်ပွဲဝင်အသင်း(၁၆)သင်း၌ အဆင့်(၂)ရရှိခဲ့ ကြသော အောင်ပွဲရ ကရင်ပြည်နယ် ဘားအံကလပ်အသင်းအား
ဂုဏ်ပြုချီးမြှင့် ပွဲအခမ်းအနားကို စက်တင်ဘာလ(၂၁)ရက်နေ့
နံနက်(၉)နာရီက ကရင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်
ကျင်းပပြုလုပ်ခဲ့သည်။
ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို ကရင်ပြည်နယ်ဝန်ကြီးချုပ်
ဦးဇော်မင်းနှင့်ဇနီး၊ ပြည်နယ် တရားသူကြီးချုပ်၊ ဥပဒေချုပ်၊
စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနှင့်ဇနီး၊ ပြည်နယ်
အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ၊ အား ကစားနှင့်
ကာယပညာဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်
အားကစား နှင့်ကာယပညာ ကော်မတီဝင်များ၊
Champion Challenge Cup Tournament 2011 ကော်မတီဝင်များ၊
ဖိတ်ကြားထားသူများနှင့် အောင်ပွဲရ အားကစားသမားများ
တက်ရောက်ကြသည်။
ရှေးဦးစွာ အောင်ပွဲရအားကစားအသင်းမှ အုပ်ချုပ်သူ၊ နည်းပြ၊
ဒိုင်လူကြီးများ နှင့် အားကစားသမားများအား မိတ်ဆက်ပေးပြီး
ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး
ဦးကျော်ညွှန့်ဝင်းမှ
ပြိုင်ပွဲ အတွေ့အကြုံများအားရှင်းလင်းတင်ပြပြီး
ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းမှ
ဂုဏ်ပြုအမှာစကားပြောကြားသည်။
ယင်းနောက် ဂုဏ်ပြုဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ
အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသော
အမျိုးသားအားကစားသမားများအား ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက
လည်းကောင်း၊ ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် ရရှိခဲ့သူ
အမျိုးသမီး အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်
ဦးဇော်မင်း ၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်
အဝေးရောက် နာယက ဒေါ်ညွန့်ညွန့်ဝေက လည်းကောင်း၊
ဒုတိယဆုရရှိခဲ့ကြသော အမျိုးသား အား ကစားသမားများအား
ပြည်နယ်လူမှုရေးဝန်ကြီး ဦးချစ်လှိုင်ကလည်းကောင်း၊
တတိယဆုရရှိခဲကြသော အမျိုးသား အားကစားသမားများအား
ပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး၊ ပြည်နယ်အားကစားနှင့်ကာယ
ပညာကော် မတီဥက္ကဌ ဦးစောဆာလောလက လည်းကောင်း ဆုများအသီးသီး
ချီးမြှင့် ပေးအပ်ကြသည်။
ထို့နောက် အောင်ပွဲရ အားကစားသမားများကိုယ်စား လက်ဝှေ့အသင်း
အုပ် ချုပ်သူ ကော့ကရိတ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန
လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးလွင်က ကျေးဇူးတင်စကား
ပြန်လည်ပြောကြားကာ အောင်ပွဲရ အားကစားသမားများနှင့်
ဧည့်သည်တော်များအား နံနက်စာဖြင့် တည်ခင်းဧည့်ခံကာ
ဂုဏ်ပြုပွဲအခမ်းအနားကို နံနက်(၁ဝ)နာရီခွဲတွင် အောင် မြင်စွာ
ကျင်းပပြီးစီးခဲ့ ကြောင်းသတင်းရရှိသည်။ |
|
|
|
၂ဝ၁၁
ခုနှစ်၊ဆဌမအကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ရေကူး ပြိုင်ပွဲ
ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး
ချုပ် တက်ရောက်ဆုချီးမြှင့် |
|
 |
|
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက အမျိုးသား/
အမျိုးသမီး အသင်း လိုက် တံခွန်စိုက်ဒိုင်းဆုရ
ရန်ကုန်တိုင်းဒေသကြီးအသင်းအား တံခွန်စိုက် ဒိုင်းဆုကြီး နှင့်
ဆင့်ပွားဒိုင်းများ ပေးအပ်ချီးမြှင့်စဉ် |
ရန်ကုန်၊ စက်တင်ဘာ(၂၅)ရက်။ ၂ဝ၁၁ ခုနှစ်၊ ဆဌမအကြိမ်မြောက်
တိုင်း ဒေသကြီးနှင့် ပြည်နယ် ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်
ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရန်ကုန်တိုင်းဒေသကြီး၊
ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်၌
ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်
လမ်းပန်းဆက် သွယ်ရေးနှင့် အားကစားဝန်ကြီးဌာနဝန်ကြီး
ဦးအောင်ခင်၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး
ဦးကျော်စိုး၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊
မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် အတွင်းရေးမှူး
ဦးမျိုးဝဏ္ဏထွန်းနှင့် တာ ဝန်ရှိသူများ၊
ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် ဆုရ
အား ကစားသမားများ တက်ရောက်ကြသည်။
အစီအစဉ်အရ ဗိုလ်လုပွဲများအဖြစ် အမျိုးသား/အမျိုးသမီး မီတာ(၄ဝဝ)
တစ်ဦးချင်း (၄)မျိုးကူးပြိုင်ပွဲ၊
မီတာ(၂ဝဝ)အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၁ဝဝ) ပြိုင် ပွဲများအဖြစ်
ပက်လက်ကူးပြိုင်ပွဲ၊ ရင်ဘောင်တန်းကူး ပြိုင်ပွဲ၊
လိပ်ပြာကူးပြိုင်ပွဲ၊ အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၅ဝ)
ပြိုင်ပွဲများအဖြစ် ပက်လက်ကူးပြိုင်ပွဲ၊ ရင်ဘောင် တန်းကူး
ပြိုင်ပွဲ၊ လိပ်ပြာကူးပြိုင်ပွဲ၊ မီတာ(၁ဝဝ x ၄) လွန်းပျံ
အလွတ်ကူးပြိုင်ပွဲ ဗိုလ်လုပွဲများယှဉ်ပြိုင်ကြပြီး
ဆုရရှိသူများအား မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ
တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန
ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးနော်တောင်နှင့်
ရန်ကုန်တိုင်းရေကူးအဖွဲ့ချုပ်ဥက္ကဌ ဦးသောင်း ထိုက်မင်း တို့က
ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးကျော်စိုးက
အမျိုး သား/ အမျိုးသမီး မီတာ(၁ဝဝ x
၎)ယောက်လွန်းပျံအလွတ်ကူးပြိုင်ပွဲ၌ ဆုရရှိ ကြသူ
များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့်
အားကစားဝန်ကြီး ဌာနဝန်ကြီး ဦးအောင်ခင်က အမျိုးသမီး အကောင်းဆုံး
ရေကူးအားကစား သမားဆုရ ရွှေရည်အောင် (ရန်ကုန်တိုင်းဒေသကြီး)နှင့်
အမျိုးသားအကောင်း ဆုံး ရေကူးအားကစားသမားဆုရ
အောင်မျိုးဦး(ရန်ကုန်တိုင်းဒေသကြီး)တို့အား
ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက
အမျိုးသား/ အမျိုး သမီး အသင်းလိုက် တံခွန်စိုက်ဒိုင်းဆုရ
ရန်ကုန်တိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဒိုင်းဆုကြီးနှင့်
ဆင့်ပွားဒိုင်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
၎င်းပြိုင်ပွဲ၌ အမျိုးသမီးမီတာ(၁ဝဝ)ပက်လက်ကူးနှင့်
မီတာ(၅ဝ)ပက်လက် ကူးပြိုင်ပွဲတို့တွင်
ခိုင်မြတ်မွန်(ရန်ကုန်တိုင်းဒေသကြီး)၊နှင့်
အမျိုးသမီးမီတာ (၁ဝဝ) ရင်ဘောင်တန်းကူးပြိုင်ပွဲ၌ ထက်ယမုံအောင်
(မန္တလေးတိုင်းဒေသကြီး) တို့က တိုင်းဒေသကြီးနှင့်
ပြည်နယ်စံချိန်သစ်များတင်ခဲ့ကြောင်း သတင်း ရရှိ သည်။ |
|
|
|
ငွေဆောင်ကမ်းခြေ ရွက်လှေပြိုင်ပွဲ လေ့ကျင့်မှု ဓါတ်ပုံများ |
|
 |
|
 |
|
 |
|
|