|
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အားကစားအထွေထွေဗျူရိုဝန်ကြီး တရုတ် ပြည် အိုလံပစ်ကော်မတီဥက္ကဌ လျူဖိန် ဦးဆောင်သော အဖွဲ့ဝင်(၇)ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ
|
|
 |
|
 |
|
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အားကစားအထွေထွေ ဗျူရိုဝန်ကြီး၊ တရုတ် ပြည်အိုလံပစ် ကော်မတီဥက္ကဌ လျူဖိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုစဉ်
|
|
 |
|
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်မှ အမျိုး သား အားကစား ပြိုင်ပွဲရုံ(၁)နှင့်ပတ်သက်၍
Projector ဖြင့်ရှင်းလင်း ပြသစဉ်
|
|
 |
|
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အားကစားအထွေထွေ ဗျူရို ဝန်ကြီး၊ တရုတ်ပြည် အိုလံပစ် ကော်မတီဥက္ကဌ လျူဖိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)တွင် လှည့်လည်ကြည့်ရှုစဉ်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၆)ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အားကစား အထွေ ထွေဗျူရိုဝန်ကြီး၊ တရုတ်ပြည်အိုလံပစ်ကော်မတီဥက္ကဌ လျူဖိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်(၇)ဦးသည် ယမန်နေ့ ညနေ (၆)နာရီ(၄ဝ)မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီိးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီိးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသောင်းထိုက် ဦးဆောင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ အားက စား အထွေထွေဗျူရိုဝန်ကြီး၊ တရုတ်ပြည်အိုလံပစ်ကော်မတီ ဥက္ကဌ လျူဖိန်နှင့် အဖွဲ့ဝင်(၇)ဦးတို့သည် ယနေ့နံနက်(၈)နာရီက ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီ နန်း တော်သို့ သွားရောက် လေ့လာပြီး ရွှေမော်ဓောဘုရားသို့ တက်ရောက်ဖူးမျှော် ကြည်ညို၍ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြီး အမျိုးသားအားကစား ပြိုင် ပွဲရုံ (၁) သုဝဏ္ဏသို့ ဆက်လက်ကြည့်ရှုရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်မှ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) နှင့်ပတ်သက်၍ Projector ဖြင့်ရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ရှမ်းပြည်နယ် ဂနိုင်ရေး အားကစားကွင်း၌ ဆက်လက်ကျင်းပရာ နိုဝင်ဘာ(၂၄)ရက်နေ့တွင် ရှူံး/ထွက်ပြိုင်ပွဲများအဖြစ် ဓနုဒေသအသင်းနှင့် တာချီလိတ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တာချီလိတ်ခရိုင်အသင်းက (၄)ဂိုး၊ (၁)ဂိုးဖြင့် လည်း ကောင်း၊ လားရှိုးခရိုင်အသင်းနှင့် မိုင်းဆတ်ခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ လားရှိုးခရိုင် အသင်းက(၂)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင် ရရှိသွားကြောင်းသတင်းရရှိသည်။
|
|
|
|
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုး သား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၆)ရက်။ ၂ဝ၁၁ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဘိုကလေးမြို့နယ် ပြည်သူ့အားကစားကွင်း၌ ဆက်လက်ကျင်းပလျှက်ရှိရာ နိုဝင်ဘာ(၂၅)ရက်နေ့တွင် ပထမအကြိုဗိုလ်လုပွဲအဖြစ် ဖျာပုံခရိုင်အသင်းနှင့် မြောင်းမြ ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဖျာပုံခရိုင်အသင်းက(၆)ဂိုး၊ (၂)ဂိုးဖြင့်အနိုင်ရရှိသွားသည်။
နိုဝင်ဘာ(၂၆)ရက်နေ့တွင် ဒုတိယအကြိုဗိုလ် လုပွဲအဖြစ် ပုသိမ်ခရိုင်အသင်းနှင့် လပွတ္တာခရိုင်အသင်းတို့ ဆက်လက် ယှဉ် ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
|