|
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပမည့်
အားကစားကွင်း/ရုံများအား ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ လိုက်လံ
ကြည့်ရှု
|
|
 |
|
 |
|
မြန်မာနိုင်ငံ
အမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးအေးမြင့်ကြူ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ
ကျင်းပမည့်
ဇမ္ဗူသီရိ
အားကစားကွင်း တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ပြီးစီးမှု
အခြေအနေများအား သွားရောက်ကြည့်ရှုစဉ် |
|
 |
|
 |
|
မြန်မာနိုင်ငံ
အမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးအေးမြင့်ကြူ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ
ကျင်းပမည့်
ဇမ္ဗူသီရိ
အားကစားကွင်း တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ပြီးစီးမှု
အခြေအနေများအား သွားရောက်ကြည့်ရှုစဉ် |
|
 |
|
မြန်မာနိုင်ငံ
အမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးအေးမြင့်ကြူ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ
ကျင်းပမည့်
ဇမ္ဗူသီရိ
အားကစားကွင်း တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ပြီးစီးမှု
အခြေအနေများအား သွားရောက်ကြည့်ရှုစဉ် |
|
နေပြည်တော် ဇန်န၀ါရီ(၂၆)။ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူသည် ယမန်နေ့ညနေ(၃နာရီခွဲ)တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အားကစားဇုံအ တွင်း တည်ဆောက်လျက်ရှိသော ပရိသတ်သုံးသောင်းဆန့် နိုင်ငံတကာအဆင့် မီအားကစားကွင်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိကာ အမိုးကိုင်း များ တပ်ဆင်နေမှု၊ အထူးတန်းပွဲကြည့်စင် ပြင်ဆင်နေပြုလုပ်နေမှုနှင့် Score Board တပ်ဆင်မည့် နေရာများအား လိုက်လံကြည့်ရှုရာ စီမံကိန်းဒါရိုက်တာ ဦးခင်မောင်ကြွယ်က လိုက်လံ ရှင်းလင်းပြသသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရုံတွင်းအားကစားပြိုင်ပွဲများကျင်းပမည့် အဆင့် မြင့် အားကစားရုံ တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ရေးကူးကန် တည်ဆောက် ရေး လုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုခဲ့သည်။
ဇမ္ဗူသီရိအားကစားကွင်းအား အမိုးကာရံခြင်း၊ ကွင်းတွင်းမြက်စိုက်ပျိုးခြင်း လုပ် ငန်းများကို ယခုနှစ် ဧပြီလနှင့် အဆင့်မြင့်အားကစားရုံများကို ဒီဇင်ဘာလအ တွင်း ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
| |
|
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးလား အမျိုးသားအလွတ်တန်း
ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ ဇန်နဝါရီ(၂၆)ရက်။ ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲများကို ကျောက် တံခါးမြို့နယ် အားကစားကွင်းတွင် အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်း ပလျက်ရှိရာ ဇန်နဝါရီ(၂၅)ရက်နေ့တွင်ဇီးကုန်းအသင်းနှင့် နံဇအသင်းတို့ ယှဉ် ပြိုင်ကစားကြရာ ဇီကုန်းအသင်းက နံဇအသင်းကို (၄)ဂိုး၊ (၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။
ဇန်နဝါရီ(၂၆)ရက်နေ့တွင် ရွာမအသင်းနှင့်ကျောင်းစိုးအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
| |
|
ကယားပြည်နယ် ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်၊ လွိုင်ကော် တက္ကသိုလ် ဘာသာရပ် ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပ
|
|
ရန်ကုန်၊ ဇန်နဝါရီ(၂၆)ရက်။ ကယားပြည်နယ် ၂ဝ၁၁-၂ဝ၁၂ပညာသင်နှစ်၊ လွိုင်ကော် တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင် ပွဲများကို ဇန်နဝါရီလ(၂၁)ရက်နေု့မှ ဖေဖော်ဝါရီလ(၂)ရက်နေ့အထိ ကယား ပြည်နယ် လွိုင်ကော်မြို့ တက္ကသိုလ်ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိ ရာ ဇန်နဝါရီလ(၂၅)ရက်နေ့တွင် အမျိုးသား ဘောလုံးပွဲစဉ်အဖြစ် သတ္တဗေဒ အသင်း နှင့် ဘူမိဗေဒအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဘူမိဗေဒအသင်းက သတ္တဗေဒအသင်းကို (၇)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ညွန့်ပေါင်း အသင်းနှင့် သင်္ချာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ တဖက်(၁)ဂိုးစီဖြင့် သရေကျခဲ့ပြီး အမျိုး သမီးပွဲစဉ်တွင် ဝိဇ္ဇာညွန့်ပေါင်းအသင်းနှင့် ပထဝီအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ဝိဇ္ဇာညွန့်ပေါင်းအသင်းက ပထဝီအသင်းကို (၂)ဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိ သွားသည်။
ဇန်နဝါရီလ(၂၆)ရက်နေ့တွင် အမျိုးသားပွဲစဉ်အဖြစ် အင်္ဂလိပ်စာအသင်းနှင့် ဓါတုဗေဒအသင်းတို့သည်လည်းကောင်း၊ ရူပဗေဒအသင်းနှင့် ရုက္ခဗေဒအသင်း တို့သည်လည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင် ရူပဗေဒ အသင်းနှင့် သတ္တဗေဒ အသင်း တို့သည်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
| |
|
ကယားပြည်နယ် ဌာနဆိုင်ရာ ကလပ်အသင်းပေါင်းစုံ အပျော်တမ်း ဘောလုံးပြိုင်ပွဲကျင်းပ
|
|
ရန်ကုန်၊ ဇန်နဝါရီ(၂၆)ရက်။၂ဝ၁၂ခုနှစ်၊ ကယားပြည်နယ်အားကစားနှင့်ကာယ ပညာ ကော်မတီမှ ကြီးမှူး၍ ဌာနဆိုင်ရာကလပ်အသင်းပေါင်းစုံ အပျော်တမ်း ဘောလုံး ပြိုင်ပွဲများကို ဇန်နဝါရီလ (၂၂)ရက်နေ့မှ မတ်လ(၁၁)ရက်နေ့အထိ ကလပ်အသင်းပေါင်း (၇)သင်းဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ် အားကစားကွင်း(ဒေါဥခူ)တွင် ကျင်းပပြုလုပ်လျက်ရှိပြီး ဇန်နဝါရီ (၂၄)ရက်နေ့ တွင် စည်ပင်အသင်းနှင့်ညွန့်ပေါင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ စည်ပင် အသင်းက ညွန့်ပေါင်းအသင်းကို (၃)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဇန်နဝါရီ (၂၇)ရက်နေ့တွင် နတလအသင်းနှင့် ထွေအုပ်အသင်းတို့ ဆက် လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
| |
| |
| |
| |
| |