|
နေပြည်တော်၊ ဒီဇင်ဘာ(၂၆)။ အားကစားဝန်ကြီးဌာန (၁၅)နှစ်မြောက်နှစ်ပတ် လည်နေ့ အခမ်းအနားသို့ ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် အားကစား ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဋ္ဌ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့်ဇနီးမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ဌေးဌေးငြိမ်း၊ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန် ကြားရေးမှူးများ၊ ဌာနခွဲအသီးသီးမှဝန်ထမ်းများ၊ ဆုရရှိသော အားကစားသမား များ၊ ဝန်ထမ်းမိသားစုများ တက်ရောက် ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အားကစားဝန်ကြီးဌာနကို ၁၉၉၆ခုနှစ် ဒီဇင် ဘာ(၁၈)ရက်နေ့တွင်စတင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သဖြင့် (၁၅)နှစ်တာကာလ ပြည့်မြောက် ခဲ့ပြီဖြစ်ကြောင်း၊ အားကစားဝန်ကြီးဌာနအနေနှင့် ဖွဲ့စည်းပုံ အင် အား အလွန်သေးငယ်ပြီး သက်တမ်းနုနယ် သေးတာကို တွေ့ရမှာဖြစ်ကြောင်း၊ သို့သော် နိုင်ငံတော်ရဲ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး လုပ်ငန်း တာဝန်များအနေနဲ့ အင်မတန်ကြီးမားကျယ်ပြန့်သဖြင့် ရေတိုရေရှည် စီမံချက် များချမှတ်၍ တစိုက်မတ်မတ် ဆောင်ရွက်မှသာ အောင်မြင်မှု ပန်းတိုင်သို့ ရောက်ရှိမှာ ဖြစ်ကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများ၏ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုကြောင့် ပြီးခဲ့တဲ့ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံအလိုက် အဆင့်(၇)ကို ပြန်လည်ရရှိခဲ့ကြောင်းနှင့် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်မှာလည်း ယခုအောင်မြင်မှု ထက် ပိုမို၍ ရွှေတံဆိပ်ဆုများ ရရှိရေး ရည်မှန်းချက်ထားပြီး ဇွဲ၊ လုံ့လ၊ ဝိရိယ စိုက်ထုတ်ကာ နိုင်ငံဂုဏ်ကို မြင့်တင်နိုင်ရေးအတွက် အားကစားဝန်ကြီးဌာနရဲ့ စွမ်းဆောင်ရည်ကို ဖော်ထုတ်ပြသရန် လိုအပ်ကြောင်းနှင့် အားကစားမြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်း ဖြစ် သည်။ အားကစားအောင်မြင်မှုသည်
နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အ တန်းကို ရောင်ပြန်ဟပ်စေသည်။ အားကစားတိုးတက် မြင့်မားခြင်းသည် နိုင်ငံ တော်၏ ဂုဏ်သိက္ခာအဆင့်အတန်းနှင့် အခြေအနေကို ဖော်ပြသည်ဆိုတဲ့ အား ကစားခံယူချက်များအတိုင်း လိုက်နာကျင့်သုံး၍ မြန်မာ့အားကစား အဆင့်အ တန်း ယခုထက် တိုးတက်အောင်မြင်ရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍက နေပြီး ဝန်းထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းကမ်းရှိရှိ၊ တာဝန်သိ သိ၊ စည်းစည်းလုံးလုံး၊ ပျော်ပျော်ရွှင်ရွှင်၊ လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီးမှ (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်အသုံးပြုမည့် Masscot ပြိုင် ပွဲဆုရ ဦးသူရနှင့် Logo ပြိုင်ပွဲဆုရ ဦးအာကာအောင် ကိုယ်စား တစ်ဦးအား ဆု ကြေးငွေကျပ် သိန်း(၂၀)စီ ကိုလည်းကောင်း၊ ပြည်ပအားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းအားကစားသမားများကို လည်းကောင်း၊ ဒုတိယဝန်ကြီးမှ ပြည်ပအားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြ သော အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူ များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်မှ ပြည်ပပြိုင်ပွဲများတွင် ပါဝင်ယှဉ် ပြိုင်ရန် နိုင်ငံကိုယ်စားပြု ရွေးချယ်ခံရသည့် ဝန်ထမ်းသား/သမီးများ ကိုလည်း ကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပါသည်။ ၎င်းနောက် ဝန်ကြီးဌာနမှ အ ရာထမ်း/အမှုထမ်း အားလုံးမှ ကံစမ်းမဲနှိုက်၍ ကံထူးရှင်ရွေးချယ်ပွဲပြုလုပ်ကာ အခမ်းအနားကို ရုပ်သိမ်း လိုက်ပါသည်။
အားကစားဝန်ကြီးဌာန (၁၅)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဆု ချီးမြှင့်ငွေနှင့် ကံစမ်းမဲဆုကြေး စုစုပေါင်းမှာ ငွေကျပ် ၃၄၂၅၀၀၀/- (သုံးဆယ့် လေးသိန်း နှစ်သောင်းငါးထောင်ကျပ် တိတိ) ဖြစ်ကြောင်း သတင်းရရှိပါသည်။
|