|
၂ဝ၁၁ ခုနှစ်၊(၁၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ဘောလုံး ပြိုင်ပွဲကျင်းပမည် |
|
ရန်ကုန်၊ စက်တင်ဘာ(၂၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ(၃ဝ)ရက်နေ့မှ (၂၁)ရက်နေ့ အထိ ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်းကစားပြိုင်ဝင်းတွင် (၁၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်း ပပြုလုပ်မည်ဖြစ်ပြီး ချင်းပြည်နယ်မှအပ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံးအသင်းများ ပါဝင်မည်ဖြစ်သည်။ (၁၅)ကြိမ်မြောက် တိုင်းဒေသကြီး နှင့်ပြည်နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ပထမ ၊ ပဲခူးတိုင်းဒေသကြီး အသင်းက ဒုတိယနှင့် ရန်ကုန်တိုင်းဒေသကြီးအ သင်းက တတိယဆုများရရှိခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ ခုနှစ်၊ ထိုင်းနိုင်ငံ အာရှကာယဗလတံခွန်စိုက်ပြိုင်ပွဲသို့ မြန်မာ ကာယဗလအားကစားအဖွဲ့ဝင်ရောက်ယှဉ်ပြိုင်မည် |
|
ရန်ကုန်၊ စက်တင်ဘာ(၂၆)ရက်။ ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာ(၂)ရက်နေ့မှ (၈)ရက်နေ့အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပမည့် (၄၅)ကြိမ်မြောက် အာရှကာယဗလ တံခွန်စိုက်ပြိုင်ပွဲသို့ မြန်မာကာယဗလအားကစားအဖွဲ့သွား ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အဆိုပါအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ် သူအဖြစ် ဦးမြသက်၊ ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယအလှ အဖွဲ့ချုပ်၊ နည်းပြချုပ်အဖြစ် ဦးမောင်မောင်သန်း အမှုဆောင် မြန်မာနိုင်ငံ ကာယဗလနှင့်ကာယအလှအဖွဲ့ချုပ်၊ အားကစားသမားများအဖြစ် (၅၅)ကီလို တန်းတွင် ဇော်ဝမ်း၊ (၆ဝ)ကီလိုတန်းတွင် ထွန်းမင်း၊ မောင်မောင်ကြည်၊ (၆၅) ကီလိုတန်းတွင် သိန်းထွန်းဦး၊ (၇ဝ)ကီလိုတန်းတွင် အောင်ခိုင်ဝင်း၊ (၈ဝ)ကီလို တန်းတွင် အောင်ဆွေနိုင်၊ (၈၅)ကီလိုတန်းတွင် ဆလိုင်းကျော်မင်းတို့ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒိုင်လူကြီးများအဖြစ် မြန်မာနိုင်ငံ ကာယဗလနှင့်ကာယ
အလှအဖွဲ့ချုပ်မှ အမှုဆောင်ဖြစ်သော ဒေါ်ရီရီဝင်း၊ ဦးအောင်နိုင် နှင့် ဦးကျော်နိုင်ဦးတို့ လိုက်ပါသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
|
|
|
|
|