|
6th Asean Para Games ပြိုင်ပွဲသို့ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၇)ရက်။ အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့တွင် ဒီဇင်ဘာ(၁၂) ရက်နေ့မှ (၂၂)ရက်နေ့အထိကျင်းပပြုလုပ်မည့် 6th Asean Para Games ပြိုင် ပွဲသို့ မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်မှ အားကစားသမားများ ဝင် ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အဆိုပါ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ တွင် ပြေးခုန်ပစ်ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင် ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲ များသို့ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကစားသမားများပါဝင် ယှဉ် ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုး သား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၇)ရက်။ ၂ဝ၁၁ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဘိုကလေးမြို့နယ် ပြည်သူ့အားကစားကွင်း၌ ဆက်လက်ကျင်းပလျှက်ရှိရာ နို ဝင်ဘာ(၂၆)ရက်နေ့တွင် ဒုတိယအကြိုဗိုလ်လုပွဲအဖြစ် ပုသိမ်ခရိုင်အသင်းနှင့် လပွတ္တာ ခရိုင်အသင်းတို့ယှဉ်ပြိုင် ကစားကြရာ ပုသိမ်ခရိုင်အသင်းက (၅)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
နိုဝင်ဘာ(၂၈)ရက်နေ့ ညနေ(၃)နာရီတွင် ဗိုလ် လုပွဲအဖြစ် ဖျာပုံခရိုင်အသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
|
|
|