|
နေပြည်တော် ဇန်န၀ါရီ(၂၇)။ ၂၀၁၂ ခုနှစ်၊ ပဉ္စမအကြိမ် နေပြည်တော်ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ ညနေ(၃)နာရီက ဇမ္ဗူသီရိမြို့နယ် ဘော်လီဘော အားကစားကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားအားကစား ကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက်ကြည့်ရှုအားပေးသည်။
ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်နှင့် ၀န်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ အရာထမ်း/အမှုထမ်းများ၊ ဘော်လီဘော အားကစား ၀ါသနာ ရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဗိုလ်လုပွဲစဉ်အဖြစ် စက်မှုဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စက်မှုဝန်ကြီးဌာနအသင်းက (၃)ပွဲ၊ (၁)ပွဲဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
ဗိုလ်လုပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ စက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်က တတိယဆုရ ဆောက်လုပ်ရေး ၀န်ကြီးဌာနအသင်း၊ ဒုတိယဆုရ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပထမ ဆုရ စက်မှုဝန်ကြီးဌာနအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ် များ အသီးသီး ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်မင်းက အကောင်းဆုံး စပေးဘောဆုရ မောင်မောင်သိုက်(စက်မှုဝန်ကြီးဌာနအသင်း)၊ အကောင်းဆုံး ပင့်ထောင်ဆုရ ခွဲခြားမောင်(စက်မှုဝန်ကြီးဌာနအသင်း)၊ အ ကောင်းဆုံး ရိုက်ခုတ်ဆုရ ဌေးအောင်(နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း)၊ အ ကောင်းဆုံး ပိတ်ဆို့ဆုရ အုန်းရွှေ(နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း)၊ အ ကောင်းဆုံးခုခံဆယ်မဆုရ မျိုးကိုကို(စက်မှုဝန်ကြီးဌာနအသင်း)နှင့် အကောင်း ဆုံး ဘော်လီဘောအားကစားသမားဆုရ သိန်းတန်(စက်မှုဝန်ကြီးဌာနအသင်း) တို့အား အကောင်းဆုံးဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်သည်။
ယင်းနောက် အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူက ပထမ ဆုရ စက်မှုဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရ နယ်စပ်ရေးရာဝန်ကြီးဌာနအ သင်း၊ တတိယဆုရ ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းနှင့် စတုတ္ထဆုရ ပြန် ကြားရေးဝန်ကြီးဌာနအသင်းတို့အား ဂုဏ်ပြုငွေသားဆုများ ပေးအပ်ချီးမြှင့် သည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသားအားကစား ကော်မတီဥက္ကဌ အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲ သွားသော စက်မှုဝန်ကြီးဌာနအသင်းအား ပင်မဒိုင်းဆုနှင့် ဆင့်ပွားဒိုင်းတို့အား ပေးအပ်ချီးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။
|