|
ရန်ကုန်၊ ဒီဇင်ဘာ(၂၇)ရက်။ ၂ဝ၁၁ခုနှစ်၊
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား
ခရိုင်အလိုက်(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်
ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂၃)ရက်နေ့ ညနေ(၃)နာရီက
မုံရွာမြို့ တိုင်း ဒေသကြီး အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်လုပွဲတွင် ကလေး ခရိုင်အသင်းနှင့် စစ်ကိုင်းခရိုင်အသင်းတို့
ယှဉ်ပြိုင်ကစားခဲ့ရာ ကလေးခရိုင် အသင်းက (၂)ဂိုး၊ ဂိုးမရှိဖြင့်
အနိုင်ရရှိခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး
အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသာအေး၊ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးသောင်းစိန်၊ လူမှုရေးရာ ဝန်ကြီး ဒေါက်တာ မြင့်သိန်းနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး
ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊
ကျောင်းသား/ ကျောင်းသူများ၊ NGO အဖွဲ့အစည်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ကာယဗလ/ အလှဆပ်ကော်မတီ ဥက္ကဌ ဦးအောင်ညိုဦးက ဒုတိယဆုရရှိသော စစ်ကိုင်း ခရိုင်အသင်းအား တစ်ဦးချင်း ဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီးခြင်းလုံး ဆပ်ကော်မတီဥက္ကဌ ဦးမောင်မောင်တင့်က ပထမဆု ရရှိသော ကလေးခရိုင် အသင်းအား တစ်ဦးချင်းဆုများကို လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး လူမှုရေးရာဝန်ကြီးဌာနဒေါက်တာမြင့်သိန်းက နေရာအလိုက်အကောင်း ဆုံးဆုများအဖြစ်ဂိုးသမားအကောင်းဆုံးဆုရစစ်ကိုင်းခရိုင်အသင်းမှ ကျော်သူရ၊ အလယ်တန်းအကောင်းဆုံးဆုရ မုံရွာခရိုင်အသင်းမှ သူရကျော်၊ ရှေ့တန်းအ ကောင်းဆုံးဆုရ ကလေးခရိုင်အသင်းမှ ရိုမောယာတို့အားလည်းကောင်း၊ တိုင်း ဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးသောင်းစိန်က ဒုတိယဆု ရရှိသော စစ်ကိုင်းခရိုင်အသင်းအား ဆုကြေးငွေကျပ်(၁)သိန်းကိုလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးက ပထမဆု ရရှိသော ကလေးခရိုင်အသင်းအား ဆုကြေးငွေ ကျပ်(၂)သိန်းနှင့် တံခွန်စိုက်ဆုဖလားကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှီသည်။
|