|
၂၀၁၁ ခုနှစ်၊ ပထမအကြိမ် Champion Challenge Cup Tournament
တတိယအသုတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ၊
ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း တက်ရောက်ကြည့်ရှုအားပေး |
|
 |
|
 |
|
နေပြည်တော်၊ စက်တင်ဘာ(၂၇)။ ၂၀၁၁ခုနှစ် ပထမအကြိမ် Champion Challenge Cup Tournament တတိယအသုတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ပျဉ်းမနားရှိပေါင်းလောင်း အားကစားခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း တက်ရောက် ကြည့်ရှုအားပေးသည်။
အဆိုပါအခမ်းအနားသို့ အားကစားဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအေးမြင့်ကြူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ ချုပ်ဥက္ကဌ ဦးခင်မောင်ထွန်း၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးစံထွန်းနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြိုင်ပွဲဝင်ကလပ်အသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် ဒိုင်လူကြီးများ၊ ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင် အားကစားသမားများ ပြိုင်ပွဲကွင်းအတွင်း သတ်မှတ်နေရာ အသီးသီး၌ ၀င် ရောက်နေရာယူထားကြပြီး မြန်မာနိုင်ငံအမျိုးသား အားကစားကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ကိုယ်စား ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူမှ အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများ အားကစားသစ္စာအဓိဌာန် ရွတ်ဆို ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။
ယင်းနောက် မြန်မာ နိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် လက်ရွေးစင်အားကစားသမားများက သရုပ်ပြ ယှဉ်ပြိုင် ထိုးသတ်ကြရာ ဆက်ထူးအောင် (လွိုင်ကော်ကလပ်အသင်း)က ပြည့်ဖြိုးအောင် (ထားဝယ်ကလပ်အသင်း)ကို ဒုတိယအချီတွင် အလဲထိုးဖြင့် လည်းကောင်း၊ ရွှေသိန်းအောင် (ဘားအံကလပ်အသင်း)က ရန်ဆက်နိုင် (မော်လမြိုင်ကလပ်အသင်း)ကို တတိယအချီတွင် အလဲထိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ချုပ်ဥက္ကဌတို့က ဂုဏ်ပြု ဆုငွေများချီးမြှင့်ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(M.I.C.C)ရှေ့၌ကျင်းပနေသော တစ်ဦးချင်းစံချိန် ပြု စက်ဘီးပြိုင်ပွဲများကိုလည်းကောင်း၊ အမှတ်(၁) နေပြည်တော်အားကစား ကွင်း၌ ကျင်းပနေသော ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို လည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။
၂၀၁၁ခုနှစ်၊ ပထမအကြိမ် Champion Challenge Cup Tournament တတိယအသုတ် အားကစားပြိုင်ပွဲများအဖြစ် တစ်ဦးချင်းစံချိန်ပြု နှင့် တာဝေး စက်ဘီးပြိုင်ပွဲများကို စက်တင်ဘာ(၂၆)ရက်မှ (၂၈) ရက်အထိ မြန်မာအပြည်အပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(M.I.C.C) ရှေ့၌လည်းကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲများကို စက်တင်ဘာ(၂၆)ရက်မှ (၂၈) ရက်အထိ အမှတ်(၁)နေပြည်တော်အားကစားကွင်း၌ လည်းကောင်း၊ ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကို စက်တင်ဘာ(၂၆)ရက်မှ အောက်တိုဘာ(၁)ရက်နေ့ အထိ နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားခန်းမ၌ လည်း ကောင်းကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးအသီးမှ ကလပ်အသင်း (၁၆)သင်း နှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်နှင့် မန္တလေး)တို့မှ အားကစားသမားစုစုပေါင်း(၅၈၂)ဦးတို့ ၀င်ရောက်ယှဉ်ပြိုင် ကြကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ ခုနှစ်၊ တတိယအကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ဟော်ကီပြိုင်ပွဲကျင်းပမည် |
|
ရန်ကုန်၊ စက်တင်ဘာ(၂၇)ရက်။ ၂ဝ၁၁ ခုနှစ်၊တတိယအကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ဟော်ကီပြိုင်ပွဲကို စက်တင်ဘာလ(၃ဝ)ရက်နေ့မှ အောက်တိုဘာလ(၁ဝ)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင် ညွန့်မြို့နယ် သိမ်ဖြူဟော်ကီကွင်းရှိ သိမ်ဖြူမြက်ခင်းတု ဟော်ကီကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီးဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ(၃ဝ)ရက်နေ့၊ နေ့ လည်(၁)နာရီတွင် ကျင်းပမည်ဖြစ်၍ ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ (၁ဝ)ရက်နေ့ ညနေ(၃)နာရီတွင် ကျင်းပမည်ဖြစ်သည်။
၂ဝဝ၉ခုနှစ်၊ ပထမအ ကြိမ် တိုင်းဒေသကြီးနှင့်ပြည်နယ်ဟော်ကီပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အသင်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဒုတိယနှင့် မန္တလေးတိုင်း ဒေသကြီးအသင်းက တတိယရရှိပြီး ၂ဝ၁ဝခုနှစ်၊ ဒုတိယအကြိမ် တိုင်းဒေသ ကြီးနှင့်ပြည်နယ် ဟော်ကီပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမ၊ မန္တလေးတိုင်းဒေသကြီးအသင်းကဒုတိယ နှင့် ရခိုင်ပြည်နယ်အသင်းကတတိယ ရရှိခဲ့ကြကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီးအခြေခံပညာ ကျောင်းပေါင်းစုံအသက်(၁၆)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော လုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ |
|
ရန်ကုန်၊ စက်တင်ဘာ(၂၇)ရက်။ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ် စစ်ကိုင်းတိုင်း ဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုး သား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည် (၂) နာရီခွဲက မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးမှ အဖွင့်မိန့် ခွန်းပြောကြား၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ လွှတ် တော်ဥက္ကဌ ဦးသင်းလှိုင်း၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးသောင်းစိန်၊ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာန များမှ အကြီးအကဲများ၊ လူမှုရေးအဖွဲ့အစည်းများ အားကစားဝါသနာရှင်များ နှင့် ဖိတ်ကြားထားသူများ ကြည့်ရှုအားပေးခဲ့ပါသည်။
ပြိုင်ပွဲသို့ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ (၈)ခရိုင်မှ ပြိုင်ပွဲဝင်အသင်း အမျိုးသား(၈)သင်း၊ အမျိုး သမီး(၄)သင်း၊ စုစုပေါင်း(၁၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ဖွင့်ပွဲကျင်းပ သည့် နေ့တွင် မုံရွာခရိုင်အမျိုးသားဘောလုံးအသင်းနှင့် ကသာခရိုင်အမျိုးသား ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မုံရွာခရိုင်အမျိုးသားဘောလုံးအသင်း က (၇)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
မြန်မာ-မလေးရှား PENCAK SILAT ချစ်ကြည်ရေးလက်ရည်စမ်းပွဲ ကျင်းပ |
|
ရန်ကုန်၊ စက်တင်ဘာ(၂၇)ရက်။ ၂ဝ၁၁ ခုနှစ်၊ (၂၆)ကြိမ်မြောက်အရှေ့တောင် အာရှအားကစား ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သောအနေဖြင့် မြန်မာ- မလေးရှား PENCAK SILAT ချစ်ကြည်ရေး လက်ရည်စမ်းပွဲကို စက်တင်ဘာ လ(၂၄)ရက်နေ့ နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး သိမ်ဖြူ အားကစား ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနော်တောင်နှင့် တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးရဲမြင့်၊ သိုင်းသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးအောင်ဌေး၊ မလေးရှားအသင်းမှ အုပ်ချုပ်သူ Mr. Osman Bin Nok နှင့် ကစားသမားများ၊ ဖိတ်ကြားထားသူများနှင့် မြန်မာနိုင်ငံ သိုင်း အဖွဲ့ချုပ်မှ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ချစ်ကြည် ရေးပွဲစဉ်များအဖြစ် အမျိုးသား(၁ဝ)ပွဲ၊ အမျိုးသမီး(၅)ပွဲယှဉ်ပြိုင်ရာ(၄၅-၅ဝ) ကီလိုတန်းတွင် စန်ထူးက(၄)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ (၅ဝ-၅၅)ကီလိုတန်း တွင် ရဲကျော်သူက (၄)ပွဲ(၁)ပွဲနှင့် ထိန်လင်းက (၅)ပွဲပြတ်ဖြင့် လည်းကောင်း၊ (၅၅-၆ဝ)ကီလိုတန်းတွင် သိန်းစိုးက (၅)ပွဲပြတ်နှင့် သူရစိုးက (၅)ပွဲပြတ်ဖြင့် လည်းကောင်း၊ (၆ဝ-၆၅)ကီလိုတန်းတွင် ကျော်နိုင်ထွန်းက (၄)ပွဲ(၁)ပွဲဖြင့် လည်းကောင်း၊(၈၅-၉ဝ)ကီလိုတန်းတွင် ရဲသီဟက(၅)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။
ပြိုင်ပွဲအပြီးတွင် အားကစားဝန်ကြီးဌာန၊ အားက စားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနော်တောင်က မလေးရှားသိုင်းအသင်းမှ အုပ်ချုပ်သူ Mr. Osman Bin Nok ထံသို့ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ခုနှစ်၊ (၇)ကြိမ်မြောက် အသက်(၁၈)နှစ်အောက် တိုင်းဒေသ ကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပမည် |
|
ရန်ကုန်၊ စက်တင်ဘာ(၂၇)ရက်။ ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာ(၂၁)ရက်နေ့ မှ(၂၃)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်အားကစား လေ့ကျင့်ရေး စခန်း၊ သုဝဏ္ဏတွင် (၇)ကြိမ်မြောက် အသက် (၁၈)နှစ်အောက် တိုင်းဒေသကြီး နှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ (၆)ကြိမ်မြောက် အသက်(၁၈)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုး သားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးက ပထမ၊ တနင်္သာရီတိုင်းဒေသကြီးက ဒုတိယနှင့် မန္တလေးတိုင်း ဒေသကြီးအသင်းက တတိယ၊ အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ပထမ၊ ရန်ကုန် တိုင်းဒေသကြီးအသင်းက ဒုတိယနှင့် မကွေးတိုင်း ဒေသကြီးအသင်းကတတိယ၊ စွယ်စုံတံခွန်စိုက် ဒိုင်းဆု ကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှလည်းကောင်း ဆုများရရှိခဲ့ကြောင်းသတင်း ရရှိသည်။
|
|
|