|
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၈)ရက်။ ၂ဝ၁၁ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲများကို ရှမ်းပြည်နယ် ကမ္ဘောဇအားကစားကွင်း၌ နိုဝင်ဘာ(၂၇)ရက်နေ့က ဆက်လက် ကျင်းပရာ ပထမအကြို ဗိုလ်လုပွဲအဖြစ် ပအို့ဝ်ဒေသအသင်းနှင့် တာချီလိတ် ခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပအို့ဝ်ဒေသအသင်းက တာချီလိတ် ခရိုင်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
နိုဝင်ဘာ(၂၈)ရက်နေ့ တွင် ဒုတိယအကြိုဗိုလ်လုပွဲအဖြစ် လွိုင်လင်ခရိုင်အသင်းနှင့် လားရှိုးခရိုင် အသင်း တို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။
|
|
|
|
စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးဒိုင်း ခရိုင်အတွင်း မြို့နယ်ပေါင်းစုံ အမျိုး သား အလွတ်တန်းဘောလုံးပြိုင်ပွဲကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၂၈)ရက်။ ၂ဝ၁၁ ခုနှစ်၊ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူးဒိုင်း ခရိုင်အတွင်း မြို့နယ်ပေါင်းစုံ အမျိုးသားအလွတ်တန်း
ဘောလုံးပြိုင်ပွဲများကို စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌
နိုဝင်ဘာ(၂၃)ရက်နေ့မှစတင်၍ ပြိုင်ပွဲ ဝင် အသင်း(၈)သင်းဖြင့် ကျင်းပလျှက်ရှိရာ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ် များကို နိုဝင်ဘာ (၂၅)ရက်နေ့တွင် မြောက်ဦးမြို့နယ်အသင်းနှင့် စစ်တွေမြို့ နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်တွေမြို့နယ်အသင်းက မြောက်ဦးမြို့ နယ်အသင်းကို (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
နိုဝင်ဘာ(၂၈)ရက်နေ့ တွင် ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် စစ်တွေမြို့နယ်အသင်းနှင့် ပုဏ္ဏားကျွန်းမြို့ နယ်အသင်းတို့သည်လည်းကောင်း၊မြောက်ဦးမြို့နယ်အသင်းနှင့် ရသေ့တောင် မြို့နယ် အသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြ မည်ဖြစ် ကြောင်း သတင်းရရှိသည်။
|
|
|
|
|
|
|