|
ရန်ကုန်၊ ဇန်နဝါရီ(၂၈)ရက်။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲများကို ကျောက် တံခါးမြို့နယ် အားကစားကွင်းတွင် အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်း ပလျက်ရှိရာ ဇန်နဝါရီ(၂၇)ရက်နေ့တွင် မြို့ချောင်းအသင်းနှင့် ဈေးလူငယ်အ သင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့ချောင်းအသင်းက ဈေးလူငယ်အသင်းကို (၉)ဂိုး၊ (၄)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဇန်နဝါရီ(၂၈)ရက်နေ့တွင် ကမ္ဘောဇအသင်းနှင့် သမင်အင်းကုန်းအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|