|
ရန်ကုန်၊ ဒီဇင်ဘာ(၂၈)ရက်။ ၂ဝ၁၂ ခုနှစ်၊ (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား တိုက် နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာ(၂၄) ရက်နေ့ ညနေ(၂)နာရီခွဲက ရမ်းဗြဲမြို့ ရမ္မာဝတီ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူက အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီ ဝင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုက် နယ်ပေါင်းစုံမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ အားကစား ဝါသနာ ရှင်များတက်ရောက်ကြသည်။
အခမ်းအနားတွင် အစီအစဉ်အရ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်း နေရာယူပြီးနောက် အားကစားသစ္စာအဓိဌာန် (၄)ချက်ရွတ်ဆိုကြကာ ကွင်းအ တွင်းမှ ပြန်လည်ထွက်သွားပြီး ပထမနေ့ပွဲစဉ်အဖြစ် အရှေ့ဘက် တိုက်နယ် အသင်းနှင့် ကျောက်ချောင်းတိုက်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အရှေ့ ဘက်တိုက်နယ်အသင်းက (၆)ဂိုး၊ (၄)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါပြိုင်ပွဲတွင် အသင်းပေါင်း(၁၁)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ (၂၄)ရက်နေ့မှ ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီ(၃)ရက်နေ့အထိ ယှဉ် ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
|