|
မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီဥက္ကဌ၊ အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ၂၀၁၁ခုနှစ်၊ ပထမအကြိမ် Champion Challenge Cup Tournament တတိယအသုတ် အားက စားပြိုင်ပွဲများသို့ တက်ရောက်ကြည့်ရှုအားပေးကာ ဆုချီးမြှင့် |
|
 |
|
 |
|
 |
|
 |
|
နေပြည်တော်၊ စက်တင်ဘာ(၂၈) ။ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ ဥက္ကဌ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ယနေ့ နံနက်(၆)နာရီက နေပြည်တော် မြို့မဈေးရှေ့စုရပ်၌ ကျင်းပသော ၂၀၁၁ခုနှစ်၊ ပထမအကြိမ် Champion Challenge Cup Tournament တတိယအသုတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများအနက်မှ အမျိုးသား/အမျိုးသမီး မာရသွန်ပြိုင်ပွဲ များကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ မာရသွန်ပြိုင်ပွဲဝင်ကြမည့် အားကစား သမားမောင်/မယ်များ၊ တာလွှတ်စည်း၌ နေရာယူထားကြပြီး ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းက ပြိုင်ပွဲဝင်များအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ နံနက်(၆)နာရီတွင် သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်ရှင်း ဗဟိုဌာနရှေ့၌ ကျင်းပလျက်ရှိသော အမျိုးသားမီတာ(၄၀၀၀)တစ်ဦးချင်း စံချိန် ပြုစက်ဘီးပြိုင်ပွဲနှင့် အမျိုးသမီးမီတာ(၃၀၀၀)တစ်ဦးချင်းစံချိန်ပြု စက်ဘီးပြိုင်ပွဲ များ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား တစ်ဦးချင်းနှုတ် ဆက်အားပေးကာ ပြိုင်ပွဲကျင်းပနေပုံများအား ကြည့်ရှုအားပေးသည်။
တစ်ဦး ချင်းစံချိန်ပြုစက်ဘီးပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကိုကျင်းပရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိသူ များက အမျိုးသားမီတာ(၄၀၀၀)၊ အမျိုးသားမီတာ(၁၀၀၀)၊ အမျိုးသမီးမီတာ (၅၀၀)၊ အမျိုးသမီးမီတာ(၃၀၀၀)၊ အမျိုးသား ကီလိုမီတာ(၁၀၀)၊ တာဝေးနှင့် အမျိုးသမီး ကီလိုမီတာ(၇၀)တာဝေးပြိုင်ပွဲများနှင့် အမျိုးသမီး မီတာ(၅၀၀) အစ ရှိသည့် ပွဲစဉ်များတွင် ပထမ၊ ဒုတိယနှင့်တတိယရရှိကြသူများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့်ငွေသားဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက အမျိုးသား မီတာ(၁၀၀၀)တစ်ဦးချင်းစံချိန်ပြုပြိုင်ပွဲနှင့် အမျိုးသမီး မီတာ(၃၀၀၀)တစ်ဦးချင်းစံချိန်ပြုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိ ကြသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ အကောင်းဆုံး စက်ဘီးအားကစားသမားဆုရ ဆန်းမင်းအောင် (ဟားခါး ကလပ်အသင်း)အား အကောင်းဆုံးအားကစားသမား ဆုတံဆိပ်နှင့် ငွေသား ဆုအား လည်းကောင်း ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက် ပါလျက် Champion Challenge Cup Tournament တတိယအသုတ် ပြေးခုန်ပစ်ပြိုင်ပွဲများကျင်းပနေသော အမှတ်(၁)နေပြည်တော်အားကစားကွင်း သို့ရောက်ရှိကာ အပြေးပြိုင်ပွဲ ၊ အပစ်ပြိုင်ပွဲများနှင့် အမြင့်ခုန်ပြိုင်ပွဲများအား လည်းကောင်း၊ အမျိုးသား မာရသွန်ပြိုင်ပွဲနှင့် အမျိုးသမီးမာရသွန်ပြိုင်ပွဲ ပန်းဝင် လာကြသူများအားလည်းကောင်း ကြည့်ရှု အားပေးကာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်-တောင်ညိုကားလမ်း အနီးရှိ မြင်းစီးကွင်းဆောက်လုပ်မည့်နေရာအားလည်းကောင်း၊ ငလိုက်ဆည် အတွင်း လှေလှော်ပြိုင်ပွဲ ကျင်းပနိုင်ရန် ဆည်တလျှောက် တည်ဆောက်မည့် တာလွှတ်စင်၊ တာဖမ်းစင်၊ ပွဲကြည့်စင်များနှင့် အားကစားသမားများအတွက် ယာယီနားနေဆောင်များ ဆောက်လုပ်ရန်မြေနေရာများ အားလည်းကောင်း၊ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုမှာကြားသည်။
ဆက်လက်၍ ပြည် ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် အားကစားကွင်းသို့ ရောက်ရှိ ပြီးဘောလုံးကွင်းအဆင့်မြှင့်ပြင်ဆင်နေမှုများအားကြည့်ရှုစစ်ဆေးကာဘောလုံး ကွင်း ရေဆင်းကောင်းစေရန်အတွက် မြေသားတင်ခြင်း၊ ရေစစ်မြောင်း တူး ဖော်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားကြရေး မှာကြားကာ အားက စားဝင်း အပြင်ဘက်နံဘေးတွင် အားကစားခန်းမများနှင့် အားကစားသမား တည်းခိုဆောင်များ တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် Mount Pleasant ဟိုတယ်အနီးတွင် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်မှ မြန်မာ့လက်ရွေးစင် အားကစားသမားများ လေ့ကျင့်ရန်နှင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရန် စက်ဘီး ကွင်း ဖေါက်လုပ်နေမှု အခြေအနေများအားလည်းကောင်း၊ Champion Challenge Cup Tournament ရေကူးပြိုင်ပွဲများ ကျင်းပမည့် ဇေယျာသီရိ ရေကူးကန် အားလည်းကောင်း၊ သေနတ်ပစ်ပြိုင်ပွဲများ ကျင်းပမည့် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်ရှိ သေနတ်ပစ်ကွင်းအားလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးကာ ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင် ရွက်ထားရန်နှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
|
|
|
|
၂ဝ၁၁ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ |
|
 |
|
 |
|
မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ
၂ဝ၁၁ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင် တင်းနစ် ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးစဉ် |
|
ရန်ကုန်၊ စက်တင်ဘာ(၂၈)။ ၂ဝ၁၁ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင်တင်း နစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၊ အမျိုးသားရေကူးကန်ရှိ မြန်မာနိုင်ငံစားပွဲတင် တင်း နစ်အဖွဲ့ချုပ် လေ့ကျင့်ရေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး အားကစား ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လမ်းပန်းဆက်သွယ် ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ခင်၊ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော်နှင့်အမှုဆောင်များ၊ ဖိတ်ကြားထားသူများ၊ ဝန်ကြီးဌာန အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက် ကြသည်။
အစီအစဉ်အရ အားကစားသမားများကွင်းအတွင်းနေရာယူပြီးနောက် မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူမှ အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲ အား ဖွင့်လှစ်ပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ခင်နှင့် မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်တို့က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားကြသည်။
ဆက်လက်ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာသွားကြပြီး ပထမနေ့ပွဲစဉ်များကို စတင်ကျင်းပသည်။
အဆိုပါ ပြိုင် ပွဲတွင် ဘဏ္ဍာ/အခွန်အသင်း၊ ကာကွယ်ရေး(က)အသင်း၊ ကာကွယ်ရေး(ခ) အသင်း၊ ဆောက်လုပ်ရေးအသင်း၊ ပြည်ထဲရေးအသင်း၊ ပညာရေးအသင်း၊ လယ်/ဆည်(က)အသင်း၊ လယ်/ဆည်(ခ)အသင်း၊ အားကစား(က)အသင်းနှင့် အားကစား(ခ)အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများကို စက်တင်ဘာ (၂၈)ရက်နေ့မှ အောက်တိုဘာ(၁)ရက်နေ့အထိ နေ့စဉ် ကျင်းပသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
|
|
|
|
စစ်တွေမြို့နယ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဒိုင်းရပ်ကွက်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲကျင်းပ |
|
ရန်ကုန်၊ စက်တင်ဘာ(၂၈)။ ၂ဝ၁၁ ခုနှစ်၊ စစ်တွေမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေး မှူးဒိုင်း ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ (၂၁)ရက်နေ့ ညနေ(၃)နာရီတွင် စစ်တွေမြို့၊ ဓညဝတီ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေစန်း ၊ ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး (၃၂)ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြပြီး၊ ဖွင့်ပွဲ အခမ်းအနားကို မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးငွေစန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်း နေရာ ယူပြီး အားကစားသစ္စာ အဓိဌာန်(၄)ချက်ရွတ်ဆိုကြပြီးနောက် ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာသွားကြသည်။ ဖွင့်ပွဲအခမ်းအနား အပြီးတွင် စဉ်ကူလမ်း ရပ်ကွက်နှင့် ပြည်တော်သာ/ကျောင်းတက်လမ်းရပ်ကွက်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပြည်တော်သာ/ကျောင်းတက်လမ်းရပ်ကွက်အသင်းက စဉ်ကူ လမ်းရပ်ကွက်အသင်းကို (၃)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
၎င်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၈)သင်းပါဝင်ယှဉ်ပြိုင်ကြပြီး အောက်တိုဘာ(၇)ရက်နေ့အ ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ ခုနှစ်၊ ကချင်ပြည်နယ် ပူတာအိုမြို့ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား
(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကျင်းပ |
|
ရန်ကုန်၊ စက်တင်ဘာ(၂၈)ရက်။ ၂ဝ၁၁ ခုနှစ်၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို သြဂုတ်လ (၁ဝ)ရက်မှ အောက်တိုဘာလ(၆)ရက်နေ့အထိ မြို့နယ်ပြည်သူ့ အားကစား ကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲဝင်အသင်း(၂ဝ)ဖြင့် အုပ်စု(၄) အုပ်စုခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အုပ်စုပတ်လည် ပြိုင်ပွဲများကို စက် တင်ဘာ(၂၆)ရက်နေ့အထိလည်းကောင်း၊ ကွာတားဖိုင်နယ်ပြိုင်ပွဲများကို စက် တင်ဘာ(၂၈)ရက်နေ့မှ အောက်တိုဘာ(၁)ရက်နေ့ အထိလည်းကောင်း၊ ဆီမီး ဖိုင်နယ်ပြိုင်ပွဲများကို အောက်တိုဘာ(၃)ရက်နေ့နှင့် (၄)ရက်နေ့များ တွင်လည်း ကောင်း၊ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲကို အောက်တိုဘာ(၆) ရက်နေ့တွင် လည်းကောင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိ သည်။
|
|
|
|
|