|
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲကျင်းပ
|
ရန်ကုန်၊ အောက်တိုဘာ(၂၉)ရက်။ ၂ဝ၁၁ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုး ရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်အုပ်စုပတ်လည် ပြိုင်ပွဲများကို ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ ၊ ကျောက်တိုင် အားကစားကွင်း၌ အောက်တိုဘာ(၂၈) ရက်နေ့က ပုသိမ်ဇုံ(၁)အသင်းနှင့် မအူပင်ဇုံ(၂)အသင်းတို့ ယှဉ်ပြိုင်ကစားကြ ရာ ပုသိမ်ဇုံ(၁)အသင်းက (၈)ဂိုး၊(၁)ဂိုးဖြင့် လည်းကောင်း၊ ပုသိမ်ဇုံ(၂)အသင်း နှင့် ဖျာပုံဇုံ(၂)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၃)ဂိုးစီသရေပွဲ ဖြင့်လည်း ကောင်း၊ မအူပင်ဇုံ(၁)အသင်းနှင့် ဟင်္သာတဇုံ(၁)အသင်း တို့ယှဉ်ပြိုင်ကစား ကြရာ မအူပင်ဇုံ(၁)အသင်းက(၃)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင် ရရှိသွားသည်။
အကြိုဗိုလ်လုပွဲများကို အောက်တိုဘာလ (၃ဝ)ရက်နေ့တွင် ဆက်လက် ကျင်းပ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
၂ဝ၁၁ ခုနှစ်၊ ကလေးမြို့နယ်(၆)ကြိမ်မြောက် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ
ဖွင့်ပွဲအခမ်းအနားကျင်းပ |
ရန်ကုန်၊ အောက်တိုဘာ(၂၉)ရက်။ ၂ဝ၁၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့၌ (၆)ကြိမ်မြောက် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဘောလုံး ပြိုင်ပွဲ၊ ကွင်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ(၂၄)ရက်နေ့ ညနေ(၃)နာရီ တွင် ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ အထက(၂) ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်သန်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင် တာဝန်ခံ ဦးစီးအရာရှိ ဦးတင့်ရွှေ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရီ၊ မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖွန်ကျဲအို၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ခရစ်ယာန်ဂိုဏ်းအသီးသီးမှ ဂိုဏ်း အုပ်ဆရာတော်များ၊ မြို့မိမြို့ဖများ၊ အားကစားဝါသနာရှင်များ တက်ရောက် ခဲ့ကြပြီး ပြိုင်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရီက အဖွင့်မိန့်ခွန်း ပြော ကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
အစီအစဉ်အရ ပြိုင်ပွဲဝင်အားကစား သမားများ ကွင်းအတွင်းနေရာ ယူကြပြီး နောက် အားကစားသစ္စာအဓိဌာန်(၄) ချက် ရွတ်ဆိုကြပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။
အဆိုပါ ပြိုင်ပွဲသို့ အသင်းပေါင်း(၁၇)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများ ကို နိုဝင်ဘာ(၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပြိုင်ပွဲ၏ ပထမနေ့ ပွဲစဉ်အဖြစ် ချမ်းသာကြီးနှစ်ခြင်းဘောလုံးအသင်းနှင့် သာယာနှစ်ခြင်း ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ချမ်းသာကြီးနှစ်ခြင်းဘောလုံး အသင်းက (၄)ဂိုး၊ (၂)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သတင်းရရှိသည်။
|
|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ် ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် စစ်တုရင်၊ စားပွဲတင်တင်းနစ်နှင့်ရေကူး အားကစားသမားများအား မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် နာယကများက တွေ့ဆုံအားပေးခြင်းနှင့် ထောက်ပံ့ငွေများလှူဒါန်း
|
|
|
|
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်နှင့်ရေကူး အားကစားနည်း နာယက ဒေါ်စိုးဝတ်ရည်နှင့် နာယက အဖွဲ့ဝင် များဖြစ်ကြသော ဒေါ်နုနုထွေးနှင့် ဒေါက်တာဒေါ်အေးကြည်ညွန့်တို့က စားပွဲတင်တင်းနစ် အားကစားသမားများအတွက်ထောက်ပံ့ငွေကျပ်(၄) သိန်းပေးအပ်လှူဒါန်းစဉ်
|
|
ရန်ကုန်၊ အောက်တိုဘာ(၂၉)ရက်။ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် အင်ဒိုနီးရှား နိုင်ငံ၌ လက်ခံကျင်းပ ပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အားကစားသမား များအား မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်စစ်တုရင်၊ စားပွဲတင် တင်း နစ်နှင့်ရေကူးအားကစား နည်းနာယက ဒေါ်စိုးဝတ်ရည်နှင့်နာယကအဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်နုနုထွေး၊ ဒေါက်တာ ဒေါ်အေးကြည်ညွန့်၊ မြန်မာနိုင်ငံ အမျိုး သမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်၊ အထွေထွေအတွင်းရေးမှူးဒေါ်အယ်လ်ခွန်းရီနှင့် အမှုဆောင် အဖွဲ့ဝင်များသည် ယနေ့နံနက်(၁ဝ)နာရီက မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်လေ့ကျင့်ရေး စခန်း များသို့ သွားရောက်ကာ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ့ အားကစားအဖွဲ့များအနေဖြင့် အောင်မြင်မှုဆုတံဆိပ်များ ရရှိနိုင်ရေးအတွက် အားပေးစကားများပြောကြားခဲ့သည်။
ရှေးဦးစွာ မြန်မာ နိုင်ငံစစ်တုရင်အဖွဲ့ချုပ်၊ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့မှ စခန်းသွင်းလေ့ကျင့် လျက် ရှိသော အားကစားသမားများလေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးပြီး မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယကအဖွဲ့ဝင်များနှင့် တစ်ဦးချင်း မိတ်ဆက်ပေးကာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ်နှင့်ရေကူး အားကစားနည်း နာယက ဒေါ်စိုးဝတ်ရည်နှင့် နာယကအဖွဲ့ဝင်များဖြစ်ကြသောဒေါ်နုနုထွေးနှင့်ဒေါက်တာဒေါ်အေးကြည်ညွန့် တို့ အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးရရှိနိုင်ရေးအတွက် အားကစားသမား များ အင်အားဖြည့် အစားအသောက်များ ဖြည့်စွက် စားသောက်ရန် စစ်တုရင်၊ စားပွဲတင်တင်းနစ်နှင့်ရေကူး အားကစားသမားများအား ထောက်ပံ့ငွေကျပ်(၄) သိန်းစီ စုစုပေါင်းငွေကျပ်(၁၂)သိန်းကို ပေးအပ် လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် စစ်တုရင်၊ စားပွဲတင်တင်းနစ် နှင့် ရေကူး အားကစားနည်း နာယက ဒေါ်စိုးဝတ်ရည် နှင့် နာယကအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်ခင်ဆွေမြင့်တို့က အားပေးစကားများ ပြောကြားကြပြီးနောက် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဌများက ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကြိုတင် ပြင်ဆင်ထားမှု ပွဲစဉ်တိုင်းတွင် ကြိုးစားယှဉ်ပြိုင်နိုင်ရေး၊ ဆုတံဆိပ်ရရှိမည့် ပွဲစဉ်များကို အလေးထားယှဉ်ပြိုင်သွားမည့်အခြေအနေများကို ရှင်းလင်း တင်ပြ ခဲ့ကြောင်းသတင်းရရှိသည်။
|