|
ရန်ကုန်၊ ဇန်နဝါရီ(၂၉)ရက်။ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မှတ်တမ်းဓါတ်ပုံများ ပြပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း ရှိ ASIA PLAZA HOTEL ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းမြင့်၊ လမ်း ပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ခင်၊ လူမှုရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်သိန်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်ခင်ဆွေမြင့်၊ အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဌများနှင့် အထွေထွေ အတွင်းရေးမှူးများ၊ Xenon Inkjet Printing Co., Ltd မှတာဝန်ရှိသူများ၊ ရွှေတံဆိပ်ဆုရှင် အားကစားမောင်/မယ်များနှင့် သတင်းမီဒီယာအဖွဲ့များ တက် ရောက်ကြသည်။
အစီအစဉ်အရ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော (၂၆)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ဓါတ်ပုံပြပွဲစီစဉ်သူ Xenon Inkjet Printing Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမင်းဦးက ဓါတ်ပုံပြပွဲ စီစဉ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရွှေတံဆိပ် (၃)ဆုရှင် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် မြန်မာ့လက်ရွေးစင် မြားပစ်အားကစားမယ် မအောင်ငှိမ်းက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး အားက စားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ က ဓါတ်ပုံပြပွဲ ကျင်းပနိုင်ရေး အ တွက်ပါဝင်ကူညီပေးကြသော ကုမ္ပဏီများဖြစ်ကြသည့် ASIA PLAZA HOTEL မှ ဥက္ကဌ ဦးမောင်မောင်၊ Myanmar Distribution Group
၊ Myanmar Olympic Committee ၊ Myanmar Tourism Service Co., Ltd မှ မန်နေ ဂျင်းဒါရိုက်တာ ဦးလင်းထိန်၊ Nature Link Travels & Tours Co., Ltd မှ လက်ထောက်မန်နေဂျာ ဦးဇင်ကိုလတ်၊ Youth Force Group of Companies နှင့် Xenon Inkjet Printing Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမင်းဦး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တက်ရောက်လာသော ဧည့်သည်တော်များက ရွှေတံဆိပ်ဆုရှင်အားကစားသမားများအား ဓါတ်ပုံရိုက် ၍ အခမ်းအနားအား ဖွင့်လှစ်ပေးပြီး (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ မှ မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်မှု လျှပ်တပြက် မှတ်တမ်း ဓါတ်ပုံများ ခင်းကျင်းပြသထားမှုများကို လိုက်လံ ကြည့်ရှုအားပေးကြသည်။
ပြပွဲသို့ လာရောက်ကြည့်ရှုအားပေးလေ့လာကြသူများ၊ အားကစားဝါသနာရှင် များ၊ ဓါတ်ပုံ ဝါသနာရှင်များကို ဗလာမပါ ကံစမ်းမဲများဖောက်၍လည်းကောင်း၊ ဗန်ကောက်ခရီးစဉ်၊ ချောင်းသာခရီးစဉ်နှင့် မြန်မာပြည်အနှံ့ ဘုရားဖူးခရီးစဉ် များလည်း ထည့်သွင်း ကံစမ်းမဲဖောက်ပေးလျက်ရှိပြီး ယင်းဓါတ်ပုံပြပွဲကို ဇန်န ဝါရီ(၃၁)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ ဗိုလ်ချုပ်
လမ်းရှိ ASIA PLAZA HOTEL ၌ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပြီး ကံစမ်းမဲပေါက်သူများအား စရိတ်ငြိမ်း ပို့ဆောင် ပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
|