|
ရန်ကုန်၊ ဒီဇင်ဘာ(၂၉)ရက်။ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော အောင်ပွဲရ မြန်မာ့လက်ရွေးစင် ဂျူဒို အားကစားသမားများအား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်း အနားကို ယမန်နေ့ညနေ(၆)နာရီခွဲက ရန်ကုန်မြို့Trader
Hotel(Kon Boung) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဂျူဒို အားကစားနည်း တာဝန်ခံ နာယက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ဇနီး ဒေါ်လင်းလင်းတင်၊ နာယကအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာ ဒေါ်ခင်မြဝင်းနှင့် ဒေါ်ရွှေသက်၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးသောင်းထိုက်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦး ထွန်းထွန်း၊ ဒုတိယ ဥက္ကဌနှင့် အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင် နိုင်ဆွေနှင့် အလှူရှင်များ၊ ဖိတ်ကြားထားသူများ၊ အောင်ပွဲရ အားကစားသမား များ တက်ရောက်ကြသည်။
အစီအစဉ်အရ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ ၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းတို့က ချီးကျူးဂုဏ်ပြုစကားများ အသီးသီး ပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်သို့ အလှူငွေများ ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ၊ သိရောမဏိ ကျောက်မျက်ရတနာ ကုမ္ပဏီ ဥက္ကဌ ဦးထွန်းထွန်း က ငွေကျပ် သိန်း(၁၅ဝ)၊ စိန်လင်းရတနာ ကျောက်မျက် ကုမ္ပဏီမှ ဦးရုံးမူက ငွေကျပ် (၂ဝ)သိန်း၊ လပ်ကီးစတား ကျောက်မျက်ရတနာ ကုမ္ပဏီမှ ဦးအောင်မြင့်က ငွေကျပ်သိန်း(၂ဝ)၊ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးအေးကြည် က ငွေကျပ်(၁၅)သိန်း၊ မင်းဇာနည်ကုမ္ပဏီမှ ဦးညိုမင်းက ငွေကျပ် (၁၅)သိန်း၊ ရတနာစန်းရွှင် ကျောက်မျက် ရတနာကုမ္ပဏီမှ ဦးဝမ်ချင်း ဆွေ က ငွေကျပ် (၁ဝ)သိန်း၊ ခိုင်ဟိန်းကျောက်မျက်ရတနာကုမ္ပဏီမှ ဦးဝမ်ဒီက ငွေကျပ်(၁ဝ)သိန်း၊ အမှတ်(၇)ပါရမီအိမ်ရာ၊ပါရမီလမ်းလှိုင်မြို့နယ်မှ ဦးလှခိုင် က ငွေကျပ်(၁ဝ)သိန်းတို့အား အသီးသီးပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည် ပေးအပ်သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဂျူဒိုအားကစားနည်း တာဝန်ခံ နာယက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ဇနီး ဒေါ် လင်းလင်းတင်က (-၇၈)ကီလိုတန်း မှ ရွှေတံဆိပ်ဆုရှင် အေးအေးအောင် အား ဂုဏ်ပြုဆုငွေကျပ် (၈ဝ)သိန်း အားလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသား အား ကစားကော်မတီ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦး အေးမြင့်ကြူက (-၇ဝ)ကီလိုတန်းမှ ငွေတံဆိပ်ဆုရှင် သန္တာဝင်း အား ဂုဏ်ပြု ဆုငွေကျပ် (၁၅)သိန်းအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးအောင်ခင်က (-၉ဝ)ကီလို တန်းမှ ငွေတံဆိပ်ဆုရှင် ဇင်လင်းအောင်အား ဂုဏ်ပြုဆုငွေကျပ် (၁၅)သိန်း အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း၊စီးပွားရေး နှင့် အားကစားဝန်ကြီး ဦးသန်းမြင့်က (-၈၁)ကီလိုတန်းမှ ငွေတံဆိပ်ဆုရှင် ရန်နိုင်စိုးအား ဂုဏ်ပြုဆုငွေကျပ် (၁၅)သိန်းအားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်သိန်း က (- ၇၃)ကီလိုတန်းမှ ငွေတံဆိပ်ဆုရှင် သူရဇော်အား ဂုဏ်ပြုဆုငွေကျပ် (၁၅) သိန်း အားလည်းကောင်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်း ရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်း ထိုက် က (-၆ဝ)ကီလိုတန်းမှ ငွေတံဆိပ်ဆုရှင် ဟိန်းလတ်ဇော်အား ဂုဏ်ပြုဆု ငွေ ကျပ်(၁၅)သိန်းအားလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ ချုပ် နာယက အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဇနီး ဒေါက်တာဒေါ်ခင်မြဝင်း က(-၅၂) ကီလိုတန်းမှ ငွေတံဆိပ်ဆုရှင် သဉ္စာစိုးအား ဂုဏ်ပြု ဆုငွေကျပ် (၁၅)သိန်းအား လည်းကောင်း၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း က(-၅၅)ကီလိုတန်းမှ ကြေးတံဆိပ်ဆုရှင် ကပ်ကျင်းပေါင် အား ဂုဏ်ပြုဆုငွေကျပ် (၁ဝ)သိန်းနှင့် မြန်မာနိုင်ငံ အမျိုးသမီး အားကစား အ ဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဒေါ်ရွှေသက် က (-၄၅) ကီလိုတန်းမှ ကြေးတံဆိပ် ဆုရှင် ဆဲလ်ဝီးအား ဂုဏ်ပြု ဆုငွေကျပ် (၁ဝ)သိန်းတို့အား အသီးသီး ဂုဏ်ပြု ချီးမြှင့် ပေးအပ်ခဲ့ပြီး ယနေ့ ဂုဏ်ပြုဆုငွေ စုစုပေါင်း ငွေကျပ်သိန်း (၁၉ဝ)အား မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်၊ သိရောမဏိ ကျောက်မျက်ရတနာ ကုမ္ပဏီနှင့် လုပ် ငန်းရှင် အမှုဆောင်တို့က ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
|