|
အားကစားဝန်ကြီးဌာန
ဒုတိယဝန်ကြီး ၂ဝ၁၁ ခုနှစ်၊ (၁၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ်
ဂျူဒိုပြိုင်ပွဲဖွင့်ပွဲအခမ်းအနား တက်ရောက် ဖွင့်လှစ်ပေး |
|
 |
|
 |
|
မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အထွေထွေအတွင်းရေးမှူး အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအေးမြင့်ကြူက အဖွင့်အမှာစကား ပြောကြား ပြီးနောက် ပြိုင်ပွဲကို ကြည့်ရှုအားပေးစဉ် |
|
ရန်ကုန်၊ စက်တင်ဘာ(၂)ရက် ။ ၂ဝ၁၁ ခုနှစ်၊ (၁၆)ကြိမ်မြောက် တိုင်းဒေသ ကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစား ပြိုင်ဝင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအေးမြင့်ကြူနှင့် တာဝန် ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး နှင့် အားကစားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ခင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနဝန်ကြီး ဦးစိုးမင်း၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဂျူဒို အားကစား တာဝန်ခံ နာယက ဒေါ်လင်းလင်းတင်၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့်၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌနှင့် အမှုဆောင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင် အားကစား အသင်းများ သတ်မှတ်နေရာများတွင်နေရာယူကြပြီး ယမန်နှစ် ချန်ပီယံအသင်း များဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး အသင်းက တံခွန်စိုက်ဒိုင်းဆုများနှင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုကြီးကို အားကစားဝန်ကြီး ဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူထံ ပြန်လည်အပ်နှံသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အထွေထွေ အတွင်း ရေးမှူး အားကစားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအေးမြင့်ကြူက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြိုင်ပွဲကိုဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်သင်း များအား လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများက အားကစား သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုကြကာ ပထမနေ့ပွဲစဉ်များကို စတင်ကျင်းပကြပြီး အဆိုပါ ပြိုင်ပွဲများအား စက်တင်ဘာ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ နေ့စဉ်ကျင်းပသွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။
|
|
|
|
မြန်မာဂျူဒိုလက်ရွေးစင်အသင်း ကိုရီးယားနိုင်ငံတွင် ပူးတွဲလေ့ကျင့်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ |
|
 |
|
၂ဝ၁၄ ခုနှစ်၊ အင်ချုံအာရှအားကစားပြိုင်ပွဲအတွက် အာရှအိုလံပစ်ကောင်စီနှင့် အင်ချုံ အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ OCA Incheon Vision 2014 Programme အစီအစဉ်ဖြင့် မြန်မာ-ကိုရီးယား ဂျူဒိုအားကစားနည်း(၁)လ ပူးတွဲ လေ့ကျင့်ရေးအတွက် ပြည်ပထွက်ခွါရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ် |
|
ရန်ကုန်၊ စက်တင်ဘာ(၂)ရက်။ အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂ဝ၁၄ ခုနှစ်၊ အင်ချုံအာရှအားကစားပြိုင်ပွဲအတွက် အာရှအိုလံပစ်ကောင်စီနှင့် အင်ချုံအာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ OCA Incheon Vision 2014 Programme အစီအစဉ်ဖြင့် မြန်မာ-ကိုရီးယား ဂျူဒိုအားကစားနည်း (၁)လပူးတွဲ လေ့ကျင့်ရန်အတွက် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူအဖြစ် အားကစား နှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ (မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး) ဦးဆောင်သော မြန်မာ့ လက်ရွေးစင်ဂျူဒိုအသင်းသည် ယမန်နေ့ည(၇)နာရီ (၁ဝ)မိနစ်က လေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။
မြန်မာဂျူဒို အားကစားအဖွဲ့တွင် (၅၅) ကီလိုတန်းမှ ကပ်ကျင်းပေါင်၊ (၆ဝ) ကီလိုတန်းမှ ဟိန်းလတ်ဇော် နှင့် ဖြိုးကိုကို၊ (၆၆) ကီလိုတန်းမှ စောမိုင်းစံ၊ (၇၃) ကီလိုတန်းမှ သူရဇော်၊ (၈၁) ကီလိုတန်းမှ ရန်နိုင်စိုးနှင့် (၉ဝ) ကီလိုတန်းမှ ဇင်လင်းအောင်တို့ လိုက်ပါ သွားကြောင်း သတင်းရရှိသည်။
|
|
|
|
၂၀၁၁ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းတက်ရောက်ဖွင့်လှစ်ပေး |
|
 |
|
 |
|
နေပြည်တော် စက်တင်ဘာ(၂) ။ မြန်မာနိုင်ငံ အမျိုးသားအားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ယနေ့ နံနက်(၈)နာရီတွင် နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပသော ၂၀၁၁ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်အမှာ စကားပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အားကစား ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အသီးသီးမှ တာဝန်ခံအရာရှိများ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဟားခါးကလပ် ၊ လွိုင်ကော်ကလပ်၊ ဘားအံ ကလပ်၊ မန္တလေးကလပ်၊ မကွေးကလပ်၊ ပဲခူးကလပ်၊ ထားဝယ်ကလပ်၊ မုံရွာ ကလပ် ၊ ရန်ကုန်ကလပ် ၊ မြစ်ကြီးနားကလပ် ၊ စစ်တွေကလပ် ၊ မော်လမြိုင် ကလပ်၊ ပုသိမ်ကလပ်၊ ကျိုင်းတုံကလပ်၊ တောင်ကြီးကလပ်နှင့် လားရှိုးကလပ် အစရှိသည့် ကလပ် (၁၆)ခုနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) (မန္တလေး)တို့မှ ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြနှင့် အုပ်ချုပ်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ အားကစား ခန်းမအတွင်း ၀င်ရောက်နေရာယူထားကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း က Champion Challenge Cup Tournament ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ် ချက်များနှင့် ပြိုင်ပွဲဝင်ကလပ်အသင်းများအနေဖြင့် အနိုင်မခံ အရှုံးမပေးဘဲ အားကစားစိတ်ဓါတ် အပြည့်အ၀ဖြင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သွားကြရေး တိုက်တွန်းမှာကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ကွင်း အတွင်းမှ ပြန်လည် ထွက်ခွာသွားကြကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် လက်ရွေးစင်အားကစားသမား များက သရုပ်ပြ ယှဉ်ပြိုင်ကစားကြပြီး Champion Challenge Cup Tournament ပြိုင်ပွဲ ပိုက်ကျော်ခြင်းပွဲစဉ်များကို ဆက်လက်ကျင်းပသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဘိလိယက်နှင့်စနူကာ အားကစားခန်းမသို့ရောက်ရှိပြီး Champion Challenge Cup Tournament ပြိုင်ပွဲ ဘိလိယက်နှင့်စနူကာ ပွဲစဉ်များ ကျင်းပ နေမှုများအားလည်းကောင်း၊ နေပြည်တော်အားကစားဝန်ကြီးဌာနရှိ စုပေါင်း ခန်းမ၌ ကျင်းပလျက်ရှိသော Champion Challenge Cup Tournament ပြိုင်ပွဲ စားပွဲတင်တင်းနစ်ပွဲစဉ်များအား လည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
၂၀၁၁ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament ပြိုင်ပွဲ ဦးစားပေးအားကစားနည်း(၉)မျိုးကို စက်တင်ဘာ(၂)ရက် မှ (၂၈)ရက်အထိ တစ်ကြိမ်လျှင် အားကစားနည်း(၃) မျိုးစီဖြင့် သုံးကြိမ်ပြု လုပ်သွားမည်ဖြစ်ရာ ယနေ့ကျင်းပသော ပထမအသုတ် ပြိုင်ပွဲသုံးမျိုးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၆)ခုတို့မှ အားကစားသမားအမျိုးသား(၂၇၉)ဦး၊ အမျိုးသမီး(၁၁၇)ဦး စုစုပေါင်း(၅၃၈)ဦး ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ဒုတိယအ သုတ်ပြိုင်ပွဲအဖြစ် အလေးမပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် လက်ဝှေ့ ပြိုင်ပွဲများကို စက်တင်ဘာ(၁၂)ရက်မှ (၁၈)ရက်ထိလည်းကောင်း၊ တတိယအသုတ်ပြိုင်ပွဲအ ဖြစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊စက်ဘီးပြိုင်ပွဲနှင့်ပြေးခုန်ပစ်ပြိုင်ပွဲများကို စက်တင်ဘာ (၂၂) ရက်မှ (၂၈) ရက်ထိ လည်းကောင်း ဆက်လက်ကျင်းပ သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
|
|
back |