|
၂၀၁၁ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament တတိယအသုတ်ပြိုင်ပွဲ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများ ဆက်လက်ကျင်းပ |
|
 |
|
 |
|
 |
|
နေပြည်တော်၊ စက်တင်ဘာ(၂၉)။ ၂၀၁၁ ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament တတိယအသုတ်ပြိုင်ပွဲ မြန်မာ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ မြန်မာ့ရိုးရာလက်ဝှေ့ဆီမီးဖိုင်နယ် ပွဲစဉ်များကို ယနေ့ မွန်းလွဲ(၂)နာရီက နေပြည်တော်ပျဉ်းမနားမြို့ရှိ ပေါင်းလောင်းအားကစားခန်းမ ၌ကျင်းပရာ အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအား ပေးကြသည်။
ယနေ့ပွဲစဉ်များအဖြစ် အမျိုးသမီး(၄၈)ကီလို ဖလိုက်ဝိတ်တန်း (ဆီမီးဖိုင်နယ်)ပွဲစဉ်များတွင် ဂျူးလစ် (လွိုင်ကော်ကလပ်အသင်း)က ၀င်းလေး (ရန်ကုန်ကလပ်အသင်း)ကိုလည်းကောင်း၊ လုလုမုန်း (ပဲခူးကလပ်အသင်း) က နှင်းအိဖြိုး(ထားဝယ်ကလပ်အသင်း)ကိုလည်းကောင်း၊ အမျိုးသမီး(၅၄)ကီလို ဘင်တန်ဝိတ်တန်း(ဆီမီးဖိုင်နယ်)ပွဲစဉ်များတွင် မြတ်နိုးသူ(ထားဝယ်ကလပ်အ သင်း)က စနိုး(မကွေးကလပ်အသင်း)ကိုလည်းကောင်း၊ ဟေမာန်စိုး (ဘားအံ ကလပ်အသင်း)က နှင်းမာထွေး(ပုသိမ်ကလပ်အသင်း)ကိုလည်းကောင်း၊ အမျိုး သမီး (၅၇)ကီလို ဖယ်သာဝိတ်တန်း(ဆီမီးဖိုင်နယ်)ပွဲစဉ်များတွင် အေးအေးခိုင် (မန္တလေးကလပ်အသင်း)က သီတာ (လွိုင်ကော်ကလပ်အသင်း)ကိုလည်း ကောင်း ၊ အမျိုးသား(၄၈)ကီလို လိုက်ဖလိုင်းဝိတ်တန်း(ဆီမီးဖိုင်နယ်)ပွဲစဉ်များ တွင် သပြေအောင်(မုံရွာကလပ်အသင်း)က စစ်မင်း(လွိုင်ကော်ကလပ်အသင်း) ကိုလည်းကောင်း၊ ကညောဖိုး(ဘားအံကလပ်အသင်း)က ရဲနောင်နောင် (ဟား ခါးကလပ်အသင်း)ကိုလည်းကောင်း၊ အမျိုးသား (၅၄)ကီလို ဘင်တန်ဝိတ်တန်း (ဆီမီးဖိုင်နယ်)ပွဲစဉ်များတွင် စူပါ(ဘားအံကလပ်အသင်း)က တိုက်ဂါးလေး (ရန်ကုန်ကလပ်အသင်း)ကိုလည်းကောင်း၊ စောအောင်နိုင်(ကျိုင်းတုံကလပ်အ သင်း)က နိုင်အောင်လင်း(ပဲခူးကလပ်အသင်း)ကိုလည်းကောင်း၊ အမျိုးသား (၅၇)ကီလို ဖယ်သာဝိတ်တန်း(ဆီမီးဖိုင်နယ်) ပွဲစဉ်များတွင် ၀ီလျှံ(ဘားအံ ကလပ်အသင်း)က ရွှေဥဒေါင်း (ကျိုင်းတုံကလပ်အသင်း)ကို လည်းကောင်း၊ လှစ်လှစ်လေး (ရန်ကုန်ကလပ်အသင်း)က ဆက်ထူးအောင်(လွိုင်ကော်ကလပ် အသင်း)ကိုလည်းကောင်း၊ အမျိုးသား(၆၀)ကီလိုလိုက်ဝိတ်တန်း(ဆီမီးဖိုင်နယ်) ပွဲစဉ်များတွင် ကြယ်စင်(ရန်ကုန်ကလပ်အသင်း)က အောင်ကိုလင်း (ပဲခူး ကလပ်အသင်း)ကို လည်းကောင်း၊ မြလင်းအောင် (ဘားအံကလပ်အသင်း)က သားကျောင်းသား(မုံရွာကလပ်အသင်း)ကိုလည်းကောင်း၊ အမျိုးသား(၆၃.၅) ကီလိုလိုက်ဝေါလ်တာဝိတ်တန်း(ဆီမီးဖိုင်နယ်)ပွဲစဉ်များတွင် ပဲပြားမောင်မောင် (စစ်တွေကလပ်အသင်း)က စောဇော်မင်း (ရန်ကုန် ကလပ်အသင်း)ကိုလည်း ကောင်း၊ ရွှေသိန်းအောင် (ဘားအံကလပ်အသင်း)က ဇော်ဇော်(ကျိုင်းတုံ ကလပ်အသင်း)ကိုလည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်းသိရှိရသည်။
|
|
|
|
မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးဖလား မြို့နယ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား ကျင်းပ |
|
 |
|
မြောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်းက ပထမ ရရှိသော မင်္ဂလာဒုံမြို့နယ်အသင်းအား ဆုချီးမြှင့်စဉ်
|
|
ရန်ကုန်၊ စက်တင်ဘာ(၂၉)ရက်။ ၂ဝ၁၁ ခုနှစ်၊ ရန်ကုန်မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးဖလား မြို့နယ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကို စက်တင်ဘာ(၂၇)ရက် ညနေပိုင်းက အင်းစိန်မြို့နယ် မီးရထား အားကစား ကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ထွန်းမင်း၊ မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ် ရေးမှူး ဦးနေလင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲ ဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
အစီ အစဉ်အရ ဗိုလ်လုပွဲအဖြစ် မင်္ဂလာဒုံမြို့နယ်အသင်းနှင့် လှိုင်သာယာမြို့နယ် အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပွဲချိန်ပြီးဆုံးသည်အထိ တစ်ဖက်(၁)ဂိုးစီ သရေ ဖြစ်နေ၍ အချိန်ပိုဆက်လက်ကစားရာ မင်္ဂလာဒုံမြို့နယ်အသင်းက (၁)ဂိုး ထပ် မံရရှိ၍ လှိုင်သာယာမြို့နယ်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိပြီး ပထမ တံခွန်စိုက်ဖလားဆုကို ဆွတ်ခူးရရှိသွားသည်။
ဆုပေးပွဲအခမ်းအနားကို ဆက် လက်ကျင်းပရာ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ထွန်းမင်းက အသန့်ရှင်းဆုံးဆုရ ရွှေပြည်သာမြို့နယ်အသင်းအား ငွေသားဆု (၁)သိန်းကျပ်၊ ဒုတိယရရှိသော လှိုင်သာယာမြို့နယ်အသင်းအား ငွေသားဆု ကျပ်(၂)သိန်းနှင့် ငွေတံဆိပ်ဆုကို လည်းကောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေလင်းက ပထမ ရရှိသော မင်္ဂလာဒုံမြို့နယ်အသင်းအား ငွေသားဆုကျပ် (၃)သိန်း၊ ရွှေတံဆိပ်ဆုနှင့် တံခွန်စိုက် ဆုဖလားကြီးကို လည်း ကောင်း အသီးသီးပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
|
|
|
|
ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲများဆက်လက်ကျင်းပ |
|
ရန်ကုန်၊ စက်တင်ဘာ(၂၉)ရက်။ ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင်တင်းနစ် ပြိုင်ပွဲ များကို ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် လေ့ကျင့်ရေး အားကစားခန်းမ၌ ယနေ့ ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။
စက်တင်ဘာ(၂၈)ရက်နေ့တွင် အမျိုးသားအသင်းလိုက်ပြိုင်ပွဲကို ဆက်လက် ကျင်းပရာ ပူးတွဲတတိယအဖြစ် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန(ခ)အသင်းတို့က လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန(က)အသင်းတို့က လည်းကောင်း အသီး သီး အနိုင်ရရှိသည်။
အမျိုးသားအသင်းလိုက်ပြိုင်ပွဲကို စက်တင်ဘာ(၂၉)ရက် တွင် ဆက်လက်ကျင်းပရာ အမျိုးသားဗိုလ်လုပွဲပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီး ဌာန(က)အသင်းနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်က စားကြရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက လည်းကောင်း၊ အမျိုး သမီး အသင်းလိုက်ဗိုလ်လုပွဲ ပြိုင်ပွဲတွင် အားကစားဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာန အသင်းက လည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။
တစ်ဦးချင်းပြိုင်ပွဲများနှင့် နှစ်ယောက်တွဲပြိုင်ပွဲများကို စက်တင်ဘာ(၃ဝ) ရက် နေ့နှင့် အောက်တိုဘာ(၁)ရက်နေ့တို့တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား
(၂၆)မြို့နယ် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဖျာပုံခရိုင် (၄)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ |
|
ရန်ကုန်၊ စက်တင်ဘာ(၂၉)ရက်။ ၂ဝ၁၁ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၂၆)မြို့နယ် အသက်(၁၉)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲကို ပုသိမ်ဇုံ၊ မအူပင်ဇုံ၊ ဟင်္သာတဇုံ၊ ဖျာပုံဇုံ၊ မြောင်းမြဇုံဟူ၍ ဇုံ(၅)ဇုံခွဲ၍ကျင်းပခဲ့ပါသည်။ အဆိုပါပြိုင်ပွဲ၏ ဖျာပုံဇုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ကို ဘိုကလေးမြို့ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ စက်တင်ဘာလ (၂၅)ရက်နေ့တွင် ကျိုက်လတ်မြို့နယ်အသင်းက ဒေးဒရဲမြို့နယ်အသင်းကို (၅) ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ စက်တင်ဘာလ (၂၆)ရက်နေ့တွင် ဘိုကလေးမြို့ နယ်အသင်းက ဖျာပုံမြို့နယ်အသင်းကို (၈)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ စက် တင်ဘာလ(၂၈)ရက်နေ့တွင် ဖျာပုံမြို့နယ်အသင်းနှင့် ဒေးဒရဲမြို့နယ် အသင်း တို့ တစ်ဖက် (၃)ဂိုးစီ ဖြင့် သရေကျသွားကြောင်း သတင်းရရှိသည်။
|
|
|
|
|