|
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၃ဝ)ရက်။ ၂ဝ၁၁ ခုနှစ်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲများကို ရှမ်းပြည်နယ် ကမ္ဘောဇအားကစားကွင်း၌ ဆက်လက်ကျင်းပလျက်ရှိရာ နိုဝင် ဘာ (၂၈)ရက်နေ့တွင် ဒုတိယအကြိုဗိုလ်လုပွဲအဖြစ် လွိုင်လင်ခရိုင် အသင်းနှင့် လားရှိုးခရိုင်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ လွိုင်လင်ခရိုင်အသင်းက လားရှိုး ခရိုင်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
နိုဝင်ဘာ(၃ဝ)ရက်နေ့ တွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် လွိုင်လင်ခရိုင်အသင်းနှင့် ပအို့ဝ်ဒေသအသင်း တို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။
|
|
|
|
စစ်တွေခရိုင် အုပ်ချုပ်ရေးမှူးဒိုင်း ခရိုင်အတွင်း မြို့နယ်ပေါင်းစုံ အမျိုး သားအလွတ်တန်းဘောလုံးပြိုင်ပွဲကျင်းပ
|
|
ရန်ကုန်၊ နိုဝင်ဘာ(၃ဝ)ရက်။ ၂ဝ၁၁ ခုနှစ်၊ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး ဒိုင်း ခရိုင်အတွင်း မြို့နယ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲများကို စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ နိုဝင်ဘာ(၂၃)ရက်နေ့မှစတင်၍ ပြိုင်ပွဲ ဝင် အသင်း(၈)သင်းဖြင့် ကျင်းပလျှက်ရှိရာ နိုဝင်ဘာ(၂၈)ရက်နေ့တွင် ဆီမီး ဖိုင်နယ်ပွဲစဉ်များအဖြစ် စစ်တွေမြို့နယ်အသင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်အသင်း တို့ ယှဉ်ပြိုင်ကစားကြရာ စစ်တွေမြို့နယ်အသင်းက (၃)ဂိုး၊ (၁)ဂိုးဖြင့်လည်း ကောင်း၊ ရသေ့တောင်မြို့နယ်အသင်းနှင့် မြောက်ဦးမြို့နယ်အသင်းတို့ ယှဉ် ပြိုင် ကစားကြရာ ရသေ့တောင်မြို့နယ်အသင်းက (၁)ဂိုး ၊ ဂိုးမရှိဖြင့် လည်း ကောင်း အသီးသီးအနိုင်ရရှိသွားသည်။
နိုဝင်ဘာ(၃ဝ)ရက်နေ့တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် စစ်တွေမြို့နယ်အသင်းနှင့် ရသေ့တောင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
|
|
|