|
ရန်ကုန်၊ ဇန်နဝါရီ(၃ဝ)ရက်။ အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာ သိပ္ပံ(ရန်ကုန်)၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်၊ HORIZON ACADEMY INTERNATIONAL SCHOOL တို့ ပူးပေါင်းကျင်းပသော သက် တမ်းအလိုက် HORIZON TABLE TENNIS CHAMPIONSHIP 2012 ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ညနေ(၃)နာရီက ရန်ကုန်မြို့၊ သာကေတမြို့ နယ်ရှိ HORIZON ACADEMY INTERNATIONAL SCHOOL ၌ ကျင်းပ ပြု လုပ်ခဲ့သည်။
ဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်ဝင်း၊ မြန်မာနိုင်ငံ စား ပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့်တာဝန်ရှိသူများ၊ HORIZON ACADEMY INTERNATIONAL SCHOOLမှ မန်နေဂျင်းဒါရိုက်တာနှင့် ဒါရိုက် တာအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ အားကစားသမားများ တက်ရောက်ကြ သည်။
အစီအစဉ်အရ အသက်(၁၂၊ ၁၅၊ ၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အသက်(၄၅)နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အ ပျော်တန်း ပြိုင်ပွဲ၊ ဒုတိယတန်း အမျိုးသားပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး တစ် ဦးချင်း အလွတ်တန်းပြိုင်ပွဲများတွင် အောင်နိုင်ဆုရရှိသူများအား အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်ဝင်း၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်၊ HORIZON ACADEMY INTERNATIONAL SCHOOLမှ မန်နေဂျင်းဒါရိုက်တာနှင့် ဒါရိုက် တာအဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|