|
အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အားကစားနှင့်ပညာရေးပေါင်း စပ်၍
မြန်မာအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး
ဆွေးနွေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
|
|
 |
|
 |
|
အားကစားနှင့်ပညာရေးပေါင်းစပ်၍ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့် မားရေး ဆွေးနွေးညှိနှိုင်းအစည်းအဝေးပွဲကို ဒီဇင်ဘာ(၂၈)ရက်
နေ့လည်(၁)နာရီခွဲ က ရန်ကုန်တိုင်းဒေသကြီး
ကြည့်မြင်တိုင်အမှတ်(၃)အခြေခံပညာဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ
မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ အတွင်းရေး မှူး အားကစားဝန်ကြီးဌာန
ဒုတိယဝန်ကြီးဦးအေးမြင့်ကြူ တက်ရောက်ဆွေးနွေး စကား ပြောကြားစဉ်
|
ရန်ကုန်၊ ဒီဇင်ဘာ(၃ဝ)ရက်။
အားကစားနှင့်ပညာရေးပေါင်းစပ်၍ မြန်မာ့ အားကစား အဆင့်အတန်း
တိုးတက်မြင့်မားရေး
ဆွေးနွေးညှိနှိုင်းအစည်း အဝေးပွဲကို ဒီဇင်ဘာ(၂၈)ရက်နေ့၊ နေ့လည်(၁)နာရီခွဲက
ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်အမှတ်(၃)အခြေခံပညာဦးစီးဌာန
အစည်းအဝေးခန်း မ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားအားကစား
ကော်မတီအတွင်းရေးမှူး အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးမြင့်ကြူ
တက်ရောက်ဆွေးနွေး စကားပြောကြား သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်
လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်သိန်း၊
စီမံကိန်းစီးပွားရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဦးသန်းမြင့် ၊
အမှတ်(၃)အခြေခံ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်
ဦးအောင်ချိန်၊ ညွှန်ကြားရေးမှူးဦးတင်လှိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ပညာရေးမှူးများနှင့်အထက်တန်းကျောင်းအုပ် ဆရာ/ဆရာမကြီးများ တက်ရောက်ကြသည်။
အစီအစဉ်အရ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ အတွင်းရေးမှူး
အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးမြင့်ကြူအား တက်ရောက်လာ သော
မြို့နယ်ပညာရေးမှူးများ နှင့်မိတ်ဆက်ပေးသည်။
ဆက်လက်ပြီး အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးမြင့်ကြူက အဖွင့် ဆွေးနွေးစကား ပြောကြားသည်။
ဆက်လက်၍ အမှတ်(၃)အခြေခံ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးအောင်ချိန်နှင့် ညွှန်ကြားရေးမှူး ဦးတင်လှိုင်တို့က
အားကစားနှင့်ပညာ ရေးပေါင်းစပ်၍ လာမည့်၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင်
ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီးနောက် အစည်းအဝေးသို့တက် ရောက်လာသော မြို့နယ်ပညာရေးမှူးများနှင့်
အထက်တန်း ကျောင်းအုပ်ကြီး တို့မှ အထွေထွေညှိနှိုင်းဆွေးနွေးကြသည်။
ထို့နောက် အားကစားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအေးမြင့်ကြူက
နိဂုံချုပ် ဆွေးနွေးစကား ပြောကြားကာညှိနှိုင်းအစည်းအဝေးအား
ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ခုနှစ်၊ပထမအကြိမ် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား
ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ဆက်လက် ကျင်းပ
|
ရန်ကုန်၊ ဒီဇင်ဘာ(၃ဝ)ရက်။ ၂ဝ၁၁ခုနှစ်၊
ပထမအကြိမ် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား
ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများကို ကယားပြည်နယ်
ငြိမ်းချမ်းရေးဘောလုံးကွင်းတွင် ဆက်လက် ကျင်းပလျှက်ရှိရာ
ဒီဇင်ဘာ(၂၉) ရက်နေ့တွင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကယားပြည်နယ်(က)
အသင်းနှင့် GFA အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ GFAအသင်းက ကယားပြည်နယ်(က)အသင်း ကို (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဒီဇင်ဘာ(၃၁)ရက်နေ့တွင် ကယားပြည်နယ်(ခ)အသင်းနှင့် ရှမ်းပြည်နယ်အ သင်းတို့ဆက်လက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
အခြေခံကျွမ်းဘားနည်းပြဆရာ မွန်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
|
|
 |
|
 |
|
မြန်မာနိုင်ငံဂျွမ်းဘားအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးသိန်းဟံ၊
သင်တန်းဆင်းအောင်လက် မှတ်များ ပေးအပ်ပြီးနောက် မြန်မာနိုင်ငံ
ဂျွမ်းဘားအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းဝင်းက သင်တန်းနည်းပြ ဆရာမ
Miss Yan Yun Ying အား ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်း လွှာပြန်လည် ပေးအပ်စဉ် |
ရန်ကုန်၊ ဒီဇင်ဘာ(၃ဝ)။
မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အခြေခံ
ကျွမ်းဘားနည်းပြဆရာ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကိုယနေ့
နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ
မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချူပ် လေ့ကျင့်ရေးအားကစားရုံ၌
ကျင်းပပြုလုပ်ခဲ့ သည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံကျွမ်းဘား အဖွဲ့ချုပ်ဥက္ကဌ
ဦးသိန်းဝင်း၊ ဒုတိယ ဥက္ကဌဦးသိန်းဟံ၊ အတွင်းရေးမှူးဦးအောင်မြင့်နှင့်
အလုပ် အမှု့ဆောင် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့မ္မတနိုင်ငံမှ
ကျွမ်းဘားကျွမ်းကျင် ပညာရှင် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု
နည်းပြလက်မှတ်ရသင်တန်း နည်းပြဆရာမ Miss Yan Yun Ying
နှင့်တာဝန်ရှိသူများ၊ သင်တန်းသား / သင်တန်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ် ဥက္ကဌဦးသိန်းဝင်းကသင်တန်း
ဆင်း အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဂျွမ်းဘားအဖွဲ့ချုပ် ဒုတိယဥက္ကဌဦးသိန်းဟံ၊
အတွင်း ရေးမှူး ဦးမြင့်အောင်၊ တွဲဘက်အတွင်းရေးမှူးနှင့်
အလုပ်အမှုဆောင်တို့က သင် တန်းဆင်းအောင်လက်မှတ်များ
အသီးသီးပေးအပ်ကြပြီးနောက် မြန်မာနိုင်ငံ ဂျွမ်းဘားအဖွဲ့ချုပ်ဥက္ကဌ
ဦးသိန်းဝင်းက သင်တန်းနည်းပြဆရာမ Miss Yan Yun Ying အားကျေးဇူးတင်
ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး သင်တန်းသား/သင်တန်းသူများက ကျွမ်းဘားအခြေခံသွေးပူ
လေ့ကျင့်ခန်းများကို စုပေါင်းကာတေးသီချင်းနှင့်တွဲဖက်၍
သရုပ်ပြကစားကြပြီး မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဌဦးသိန်းဝင်း၊
အလုပ်အမှုဆောင်အဖွဲ့ဝင် များနှင့် ကျွမ်းဘားအားကစားနည်းကို
တက်ရောက်သင်ကြားနေသော အားက စားသမားမိဘများအား တွေ့ဆုံကာ
ကျွမ်းဘားအားကစားဖွံ့ဖြိုးတိုးတက်ရေး နှင့်(၂၇)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိနိုင်ရေးအတွက်
ရေတို/ရေရှည်စီမံချက်များချမှတ်ပြီး ဆက်လက်ဆောင် ရွက်သွားမည့်
အခြေအနေများနှင့် မိဘများဘက်ကလည်း ပူးပေါင်းဆောင်
ရွက်သွားစေလိုကြောင်းဖြင့် ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။
|