|
၂၀၁၁ ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament တတိယအသုတ်ပြိုင်ပွဲ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ များဆက်လက်ကျင်းပ |
|
 |
|
 |
|
 |
|
 |
|
 |
|
 |
|
နေပြည်တော်၊ စက်တင်ဘာ(၃၀)။ ၂၀၁၁ ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament တတိယအသုတ်ပြိုင်ပွဲ မြန်မာ့ရိုး ရာလက်ဝှေ့ဗိုလ်လုပွဲစဉ်များကိုယနေ့မွန်းလွဲ(၂)နာရီကနေပြည်တော်ပျဉ်းမနား မြို့ရှိ ပေါင်းလောင်းအားကစားခန်းမ၌ကျင်းပရာ အားကစားဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးအေးမြင့်ကြူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြ သည်။
ယနေ့ပွဲစဉ်များအဖြစ် အမျိုးသမီး (၄၈)ကီလို လိုက်ဖလိုင်းဝိတ်တန်း ဗိုလ်လုပွဲတွင် ဂျူးလစ်(လွိုင်ကော်ကလပ်အသင်း)က လုလုမုန်း(ပဲခူးကလပ်အ သင်း)ကို (၄)မှတ်(၁)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီး(၅၁)ကီလို ဖလိုင်း ဝိတ်တန်း ဗိုလ်လုပွဲတွင် ရွှေစင်ဝင့်ဝါ(ထားဝယ်ကလပ်အသင်း)က ဒေါင်းစိမ်းမ (ပုသိမ်ကလပ်အသင်း)ကို ပထမအချီ (၃၆စက္ကန့်)တွင် အလဲထိုးဖြင့်လည်း ကောင်း၊ အမျိုးသမီး (၅၄)ကီလို ဘင်တန်ဝိတ်တန်း ဗိုလ်လုပွဲတွင် ဟေမာန်စိုး (ဘားအံကလပ်အသင်း)က မြတ်နိုးသူ(ထားဝယ်ကလပ်အသင်း)ကို ဒုတိယ အချီတွင် ဒိုင်ပွဲရပ်ဖြင့်လည်းကောင်း၊ အမျိုးသမီး (၅၇)ကီလို ဖယ်သာဝိတ်တန်း ဗိုလ်လုပွဲတွင် နှင်းအိဆွေ(ထားဝယ်ကလပ်အသင်း)က အေးအေးခိုင် (မန္တလေး ကလပ်အသင်း)ကို ပထမအချီ (၂မိနစ် ၅၇စက္ကန့်)တွင် အလဲထိုးဖြင့် လည်း ကောင်း၊ အမျိုးသမီး (၆၃ ဒဿမ ၅) ကီလို လိုက်ဝေါလ်တာ ၀ိတ်တန်း ဗိုလ်လု ပွဲတွင်ပိုးဖြူဇင်(ထားဝယ်ကလပ်အသင်း)က မာလာဆွေ(ပုသိမ်ကလပ်အသင်း) ကို ပထမအချီ (၁မိနစ် ၂၀စက္ကန့်)တွင် အလဲထိုးဖြင့် လည်းကောင်း၊ အမျိုးသား(၄၈)ကီလို လိုက်ဖလိုင်းဝိတ်တန်း ဗိုလ်လုပွဲတွင် ကညောဖိုး (ဘားအံ ကလပ်အသင်း)က သပြေအောင် (မုံရွာကလပ်အသင်း)ကို (၅)မှတ် အပြတ် ဖြင့်လည်းကောင်း၊ အမျိုးသား (၅၁)ကီလို ဖလိုင်းဝိတ်တန်း ဗိုလ်လုပွဲတွင် သားကချင်(ဘားအံကလပ်အသင်း)က သိုးထိန်း(ပဲခူးကလပ်အသင်း)ကို (၄) မှတ် (၁)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသား(၆၀)ကီလို လိုက်ဝိတ်တန်း ဗိုလ်လု ပွဲတွင် မြလင်းအောင်(ဘားအံကလပ်အသင်း)က ကြယ်စင် (ရန်ကုန်ကလပ် အသင်း)ကို ဒုတိယအချီ(၂မိနစ် ၃၀စက္ကန့်)တွင် အလဲထိုးဖြင့်လည်းကောင်း၊ အမျိုးသား (၆၃ ဒဿမ ၅)ကီလို လိုက်ဝေါလ်တာဝိတ်တန်း ဗိုလ်လုပွဲတွင် ပဲပြားမောင်မောင်(စစ်တွေကလပ်အသင်း)က ရွှေသိန်းအောင်(ဘားအံကလပ် အသင်း)ကို (၅)မှတ် အပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားသည်။
ဗိုလ်လုပွဲများ အပြီးတွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူ နှင့် တာဝန်ရှိသူများက အတန်းအသီးသီး၌ ပထမ၊ ဒုတိယနှင့် တတိယ ရရှိကြသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေ သားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
၂၀၁၁ ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament တတိယအသုတ်ပြိုင်ပွဲ မြန်မာ့ ရိုးရာ လက်ဝှေ့ဗိုလ်လုပွဲစဉ်များအနက် အမျိုးသား(၅၄)ကီလိုတန်းနှင့်(၅၇) ကီလိုတန်း နောက်ဆုံးဗိုလ်လုပွဲစဉ်များနှင့် Champion Challenge Cup တံခွန် စိုက်ဆုဖလား ချီးမြှင့်ပွဲကို အောက်တိုဘာ(၁)ရက်နံနက်(၉)နာရီတွင် နေပြည် တော်ပျဉ်းမနားမြို့ရှိ ပေါင်းလောင်း အားကစားခန်းမ၌ ဆက်လက်ကျင်းပ သွား မည်ဖြစ်ကြောင်း သိရသည်။
|
|
|
|
မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အပြည်ပြည်ဆိုင်ရာ
ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း(၁/၂ဝ၁၁) ဆင်းပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ |
|
 |
|
 |
|
 |
|
ရန်ကုန်၊ စက်တင်ဘာ(၃ဝ)ရက်။ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အပြည်ပြည် ဆိုင်ရာ ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း(၁/၂ဝ၁၁)ဆင်းပွဲနှင့် ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွှန့်မြို့နယ် အောင်ဆန်းကစားပြိုင်ဝင်း၊ မိုးလုံလေလုံ အားကစားခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ် ခြင်းလုံးနာယက ဒေါက်တာဒေါ်ရီရီထွေး၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင်၊ ဒုတိယ ဥက္ကဌများ၊ အမှုဆောင်များ၊ အထွေထွေ အတွင်းရေးမှူးဦးရဲအောင်၊ တွဲဖက် အ တွင်းရေးမှူး ဦးပြည့်စုံအောင်၊ သင်တန်းနည်းပြများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ မြန်မာ နိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင်က သင်တန်းဆင်း အမှာစကား ပြောကြား ပြီး ဂုဏ်ပြုခံခြင်းလုံးနည်းပြဆရာများနှင့် ဒိုင်လူကြီးများအား ဂုဏ်ပြုမှတ်တမ်း လွှာ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ် ခြင်းလုံးနာယက ဒေါက်တာဒေါ်ရီရီထွေး၊ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ ချုပ် ဒုတိယဥက္ကဌ ဦးမြင့်လွင်(ခ) ဦးထွန်းဝင်း၊ အထွေထွေ အတွင်းရေးမှူး ဦးရဲအောင်တို့မှ သင်တန်းသား/သင်တန်းသူများထံသို့ သင်တန်းဆင်းအောင် လက်မှတ်များပေးအပ်ကြသည်။
ဆက်လက်၍ သင်တန်းသား/သင်တန်းသူ များ ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုညစာ စားပွဲဖြင့် ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး အခြေခံပညာ ကျောင်းပေါင်းစုံ
အားကစားပြိုင်ပွဲ အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ |
|
ရန်ကုန်၊ စက်တင်ဘာ(၃ဝ)ရက်။ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ် မကွေးတိုင်း ဒေသကြီး အခြေခံ ပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများကို စက်တင်ဘာ (၂၄)ရက်မှ (၂၉)ရက်နေ့အထိကျင်းပခဲ့ရာ အသက်(၁၆)နှစ်အောက် အမျိုး သားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီက မကွေးမြို့၊ ခရိုင် အားကစားကွင်း၌ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ မကွေးတိုင်းဒေသကြီးတိုင်းပညာရေးမှူး ဦးမြထွတ်၊ တိုင်းဒေသကြီး လက် ထောက်ပညာရေးမှူးများ(စစ်ဆေးရေး)၊ မကွေးခရိုင် လက်ထောက် ညွှန်ကြား ရေးမှူး ဦးအောင်ဆင့်၊ မြို့နယ်/ခရိုင်ပညာရေးမှူးများ၊ မကွေးမြို့ရှိ အခြေခံ ပညာအထက်တန်း/အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ ကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြိုင်ပွဲ ဝင်အသင်းများနှင့်အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
အစီအစဉ် အရ အမျိုးသားအသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မကွေးခရိုင် အသင်းနှင့် မင်းဘူးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေး ခရိုင်အသင်းမှ(၃)ဂိုး၊(၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
ဆုပေးပွဲအခမ်းအနား ကို ဆက်လက်ကျင်းပရာ ဒုတိယဆုရရှိသော မင်းဘူးခရိုင်အသင်းအား တစ်ဦး ချင်းဆုနှင့် ငွေသားဆုများကို တိုင်းဒေသကြီး လက်ထောက် ညွှန်ကြားရေးမှူး များ(စစ်ဆေးရေး)တို့မှ လည်းကောင်း၊ ပထမတံခွန်စိုက်ဆု ရရှိသွားသော မကွေးခရိုင်အသင်းအား ဆုဖလားကြီးနှင့်ငွေသားဆုများကို မန္တလေးတိုင်း ဒေသကြီး တိုင်းပညာရေးမှူး ဦးမြထွတ်မှလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
|
|
|
|
၂ဝ၁၁ ခုနှစ်၊ တတိယအကြိမ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဟော်ကီ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ |
|
 |
|
 |
|
ရန်ကုန်၊ စက်တင်ဘာ(၃ဝ)ရက်။ ၂ဝ၁၁ ခုနှစ်၊ တတိယအကြိမ် တိုင်းဒေသ ကြီးနှင့်ပြည်နယ် ဟော်ကီပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လည်(၁)နာရီ က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ တောင်ညွှန့်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ သိမ်ဖြူမြက်ခင်းတု ဟော်ကီအားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ် ဥက္ကဌ ဦးထင်ဇော်ဝင်း၊ ဒုတိယ ဥက္ကဌနှင့်အမှုဆောင်များ၊ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ တက်ရောက်ကြ သည်။
အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများကွင်းအတွင်းနေရာယူကြ့ပီးနောက် ယမန်နှစ် ချန်ပီယံရန်ကုန်တိုင်းဒေသကြီးအသင်းက တံခွန်စိုက်ဒိုင်းဆုကြီးအား ပြန်လည်အပ်နှံရာ အဖွဲ့ချုပ် ဥက္ကဌ ဦးထင်ဇော်ဝင်းက လက်ခံရယူသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ ကိုယ်စား မြန်မာ နိုင်ငံဟော်ကီအဖွဲ့ချုပ်ဥက္ကဌ ဦးထင်ဇော်ဝင်းက အဖွင့်အမှာ စကား ပြောကြား ကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ဆက်လက်ပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာ အဓိဌာန်(၄)ချက်ရွတ်ဆိုကြကာ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာကြကာ ပထမနေ့ပြိုင်ပွဲအဖြစ် ရခိုင်ပြည်နယ် အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားကြကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ ခုနှစ်၊ (၁၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမိး အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ |
|
 |
|
 |
|
ရန်ကုန်၊ စက်တင်ဘာ(၃ဝ)ရက်။ ၂ဝ၁၁ ခုနှစ်၊ (၁၆)ကြိမ်မြောက် တိုင်းဒေသ ကြီးနှင့်ပြည်နယ် အမျိုးသမီး အလွတ်တန်းဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အောင်ဆန်းကစားပြိုင်ဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ် များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်နှင့် အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူးဦးဘန်နီတင်အောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစား သမားများ တက် ရောက်ကြသည်။
အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်း နေရာ ယူထားကြပြီး ယမန်နှစ် ချန်ပီယံ မန္တလေးတိုင်းဒေသကြီး အမျိုးသမီး ဘောလုံး အသင်းက တံခွန်စိုက်ဒိုင်းဆုကြီးအား အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ထံ ပြန်လည် အပ်နှံသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ ကိုယ်စား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က အဖွင့်အမှာ စကားပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံး အသင်းများအား လိုက်လံ လက်ဆွဲနှုတ်ဆက်ကြသည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများက အားကစား သစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကာ ကွင်းအတွင်းမှပြန်လည်ထွက်ခွာကြပြီးအဖွဲ့ ချုပ်ဥက္ကဌ ဦးဇော်ဇော်မှ ပြိုင်ပွဲဝင်အသင်းများသို့ တစ်သင်းလျှင် ငွေကျပ် (၃)သိန်းစီအား ထောက်ပံ့ချီးမြှင့်ခဲ့သည်။
ထို့နောက် ပထမနေ့ပြိုင်ပွဲများ စတင် ကျင်းပကာ ဧရာဝတီတိုင်းဒေသကြီးအသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း တို့ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများကို စက်တင်ဘာ(၃ဝ) ရက်နေ့မှ အောက်တို ဘာ(၁၆)ရက်နေ့အထိ နေ့စဉ် (၃)နာရီခွဲ၌ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်းနှင့် ပဒေသာကွင်းများတွင် နေ့စဉ် တစ်နေ့(၄)ပွဲနှုန်းဖြင့် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|