|
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူးဖလား ရပ် ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ |
|
 |
|
 |
|
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးရဲထွန်းကအဖွင့်အမှာစကားပြောကြားစဉ် |
|
ရန်ကုန်၊အောက်တိုဘာ(၃)ရက်။ ၂ဝ၁၁ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်း မြို့နယ်၊မြို့နယ်အုပ်ချုပ်ရေးမှူးဖလားရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ ဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ (၂၄)ရက်နေ့ ညနေ(၃)နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နတ်တလင်းမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီး ရေးရာ အဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒိုင်လူကြီးအဖွဲ့ဝင်များနှင့် ပြိုင်ပွဲ ဝင်အသင်းများ တက်ရောက်ကြပြီး ဖွင့်ပွဲအခမ်းအနားကို နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးရဲထွန်းကအဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ် ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာ အဓိဌာန်(၄)ချက် ရွတ်ဆိုကြပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ သွားသည်။ အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပြိုင်ပွဲဝင်အသင်း (၂၇)သင်း ပါဝင်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲအား အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ကျင်းပမည်ဖြစ်ပြီး ပထမနေ့ပွဲစဉ်အဖြစ် ရွေလင်းမြေအသင်းနှင့် ဆီဆုန်ကုန်း အသင်း တို့ယှဉ်ပြိုင်ကစားကြရာ ရွှေလင်းမြေအသင်း က ဆီဆုန်ကုန်း အသင်း ကို (၃)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိကြောင်း သတင်းရရှိသည်။
|
|
|
|
မလေးရှားနိုင်ငံ (ကွာလာလမ်ပူမြို့) စစ်တုရင်အကယ်ဒမီသင်တန်း ကျောင်းမှ
မြန်မာ့ရိုးရာစစ်တုရင်အားကစားနည်း ပြန့်ပွားရေးအကူအညီ တောင်းခံ |
|
ရန်ကုန်၊ အောက်တိုဘာ(၃)ရက်။ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာ(၃ဝ)ရက်နေ့က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သော အင်တာနေရှင်နယ် ဂရင်းမာစတာပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံမှ အရှေ့တောင်အာရှရွှေတံဆိပ်ဆုရှင်
Grand Master(၂)ဦးနှင့် အာရှလူငယ်ချန်ပီယံ အင်တာနေရှင်နယ် မာစတာ (၁)ဦး၊ မလေးရှားနှင့် စင်ကာပူနိုင်ငံ လက်ရွေးစင် အင်တာနေရှင်နယ်မာစတာ (၂)ဦးတို့အား မြန်မာ့ရိုးရာစစ်တုရင် အားကစားနည်းအား သင်ကြားပေးခဲ့ပြီး မြန်မာ့လက်ရွေးစင် စစ်တုရင်အားကစားသမားများနှင့် ချစ်ကြည်ရေး ယှဉ်ပြိုင် ကစားခဲ့ရာ မလေးရှားနိုင်ငံမှ အင်တာနေရှင်နယ်မာစတာ
MOK TZE MENG
မောက်စီမင်းတစ်ဦးသာ သရေကစားနိုင်ခဲ့ပြီး ကျန်သူများမှာ မြန်မာ့လက်ရွေး စင်စစ်တုရင်အားကစားသမားများကို ရှုံးနိမ့်ခဲ့သည်။ ၄င်းတို့အား မြန်မာ့ရိုးရာ စစ်တုရင်ကစားခုံ၊ အရုပ်များနှင့် (English) ဘာသာဖြင့် ပြုစုထားသော အခြေ ခံစစ်တုရင်အားကစားနည်းစာအုပ်များ လက်ဆောင်ပေးခဲ့သည်။
မလေးရှား နိုင်ငံမှ အင်တာနေရှင်နယ်မာစတာ
MOK TZE MENG
သည် ကွာလာလမ်ပူ မြို့တွင် စစ်တုရင်အကယ်ဒမီတည်ထောင်ထားရှိပြီး ကျောင်းသားလူငယ်များ ကို စစ်တုရင်ကစားနည်း သင်ကြားပေးနေသူဖြစ်ရာ မြန်မာ့ရိုးရာစစ်တုရင် ကစားနည်းများကိုလည်း ၄င်း၏စစ်တုရင်အကယ်ဒမီကျောင်းတွင် စတင်မိတ် ဆက်သင်ကြားပေးရာ အထူးစိတ်ဝင်စားကြသည့်အတွက်မြန်မာ့ရိုးရာစစ်တုရင် အရုပ်နှင့် အခြေခံအားကစားနည်းစာအုပ်များကို မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ ချုပ်သို့ ဆက်သွယ်အကူအညီတောင်းခံထားရှိခဲ့သည်။
၂ဝ၁၃ ခုနှစ်၊ မြန်မာ နိုင်ငံတွင် အိမ်ရှင်အဖြစ် နေပြည်တော်၌ လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့ရိုးရာ စစ်တုရင် အားကစား နည်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ SEA
GAMES
ပြိုင်ပွဲဝင်နိုင်ငံများအကြား မြန်မာ့ရိုးရာစစ်တုရင် အားကစားနည်း ဆက်လက်ပြန့်ပွားရေးအတွက် မြန်မာ နိုင်ငံ စစ်တုရင်အဖွဲ့ချုပ်အနေဖြင့် သက်ဆိုင်ရာ နိုင်ငံများသို့ သွားရောက်ကာ ပညာပေး အလုပ်ရုံဆွေးနွေးပွဲများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ထိုင်းနိုင်ငံ အာရှကာယဗလတံခွန်စိုက်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်
မြန်မာကာယဗလအားကစားအဖွဲ့ ပြည်ပထွက်ခွာ |
|
ရန်ကုန်၊ အောက်တိုဘာ(၃)ရက်။ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာ(၂)ရက်နေ့မှ (၈)ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် (၄၅)ကြိမ် မြောက် အာရှကာယဗလတံခွန်စိုက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ ကာယဗလအားကစားအဖွဲ့သည် ယမန်နေ့ နံနက်(၉)နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ သွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ နိုင်ငံ ကာယဗလနှင့်ကာယအလှအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ် ဆက်ကြသည်။
အဆိုပါအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူအဖြစ် ဦးမြသက် ဒုတိယဥက္ကဌ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယအလှအဖွဲ့ချုပ်၊ နည်းပြချုပ်အဖြစ် ဦးမောင်မောင်သန်း အမှုဆောင် မြန်မာနိုင်ငံ ကာယဗလ နှင့်ကာယအလှအဖွဲ့ချုပ်၊ အားကစားသမားများအဖြစ် (၅၅)ကီလိုတန်းတွင် သိန်းထွန်းဦး၊ (၇ဝ)ကီလိုတန်းတွင် အောင်ခိုင်ဝင်း၊ (၈ဝ)ကီလိုတန်းတွင် အောင်ဆွေနိုင်၊ (၈၅)ကီလိုတန်းတွင် ဆလိုင်းကျော်မင်းတို့ ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်ပြီး ဒိုင်လူကြီးများအဖြစ် မြန်မာနိုင်ငံ ကာယဗလနှင့်ကာယအလှအဖွဲ့ ချုပ်မှအမှုဆောင်များဖြစ်ကြသော ဒေါ်ရီရီဝင်း၊ ဦးအောင်နိုင် နှင့် ဦးကျော်နိုင်ဦး တို့ လိုက်ပါသွား ကြောင်း သတင်းရရှိသည်။
|
|
|
|
၂ဝ၁၁ခုနှစ် (၁၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး အလွတ်တန်း ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ |
|
ရန်ကုန်၊ အောက်တိုဘာ(၃)ရက်။ ၂ဝ၁၁ခုနှစ်၊ (၁၆)ကြိမ်မြောက် တိုင်းဒေသ ကြီးနှင့်ပြည်နယ် အမျိုးသမီးအလွတ်တန်း ဘောလုံးပြိုင်ပွဲများကို စက်တင်ဘာ (၃ဝ)ရက်နေ့မှ စတင်ကျင်းပလျက်ရှိသည်။ စက်တင်ဘာ(၃ဝ)ရက်နေ့တွင် အောင်ဆန်းကစားပြိုင်ဝင်း၌ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသ ကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။ အောက်တိုဘာ(၁)ရက်နေ့တွင် ပဒုမ္မာ အားက စားကွင်း၌ တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ မွန်ပြည်နယ်အသင်းက (၁ဝ)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ စလင်းအား ကစားကွင်းတွင် ကချင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက (၁၂)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ပဒေသာအားကစားကွင်းတွင် ရခိုင်ပြည်နယ်အသင်းနှင့် မကွေး တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီး အသင်း က(၄)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။ အောက်တိုဘာ (၂)ရက်နေ့တွင် ပဒုမ္မာအားကစားကွင်း၌ ကျင်းပသော ကယားပြည်နယ် အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်း ဒေသကြီး အသင်းက (၈)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
ပြိုင်ပွဲများကို အောက်တိုဘာ(၃)ရက်နေ့တွင် သက်ဆိုင်ရာအားကစားကွင်းများ၌ ဆက် လက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
ပြည်ပသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့ဝင်များ အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက် တွေ့ဆုံမှာကြားခြင်း |
|
 |
|
ပြည်ပသို့သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့ဝင်များအား
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက် တွေ့ဆုံမှာကြားစဉ် |
|
ရန်ကုန်၊ အောက်တိုဘာ(၃)ရက်။ အောက်တိုဘာ(၁၂)ရက်နေ့မှ (၁၈)ရက်နေ့ အထိ ကိုရီးယားသမ္မတနိုင်ငံတွင်ကျင်းပမည့် ၂ဝ၁၁ ခုနှစ်၊ (၁၄)ကြိမ်မြောက် အာရှသက်ကြီးတန်းနှင့် (၁၇)ကြိမ်မြောက် အာရှသက်ငယ်တန်းအနောက်တိုင်း လှေလှော်ပြိုင်ပွဲများတွင် ခုံသမာဓိလူကြီး တာဝန်ထမ်းဆောင်မည့် လှေလှော်ခုံ သမာဓိလူကြီးအားလည်းကောင်း၊ အောက်တိုဘာ (၁၇)ရက်နေ့မှ (၂၃)ရက်နေ့ အထိ ကူဝိတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂ဝ၁၁ ခုနှစ်၊ (၄)ကြိမ်မြောက် အာရှသေနတ်ပစ်အဖွဲ့ချုပ် လေသေနတ်ပစ်ဖိတ်ခေါ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နှင့် အာရှသေနတ်ပစ်အဖွဲ့ချုပ် အထွေထွေညီလာခံသို့ တက်ရောက်မည့် မြန်မာသေနတ်ပစ်အားကစားအဖွဲ့များနှင့် အောက်တိုဘာ(၂၅)ရက်မှ (၃၁) ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းပြည်နယ်၌ ကျင်းပပြု လုပ်မည့် ၂ဝ၁၁ ခုနှစ်၊ တရုတ် အာဆီယံအမျိုးသားဘတ်စကက်ဘောပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန်နှင့် 2012 CHINA ASEAN BALL GAMES PREPARATORY CONFERENCE သို့တက်ရောက်မည့် မြန်မာ့ ဘတ်စကက်ဘော အားကစား အဖွဲ့ဝင်များအား တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့ညနေ (၂) နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားက စားနှင့်ကာယပညာဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ ဆုံပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေး မှူး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးထက်ညီနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစား သမားများ တက်ရောက်ကြသည်။
အစီအစဉ်အရ ပြည်ပသို့ သွားရောက်ကြမည့် မြန်မာ့ အားကစားအဖွဲ့ဝင်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး အဖွဲ့ချုပ်များမှ တာဝန် ရှိသူများက ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေ အနေများကို တင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားက စားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က ပြည်ပ သို့ သွားရောက်ယှဉ်ပြိုင်ကစားကြမည့် မြန်မာ့အားကစားအဖွဲ့ဝင်များအား လမ်းညွှန်အဖွင့်အမှာစကား ပြောကြားပြီးနောက် မြန်မာအားကစားအဖွဲ့များ အား တစ်ဦးချင်းလက်ဆွဲနှုတ်ဆက်ကာ အခမ်းအနားးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
|
|
|