|
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ပထမအကြိုဗိုလ်လု ပွဲကျင်းပ
|
ရန်ကုန်၊ အောက်တိုဘာ(၃၁)ရက်။ ၂ဝ၁၁ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုး ရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲ ပထမ အကြိုဗိုလ်လုပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ ကျောက်တိုင်အားကစားကွင်း၌ အောက်တိုဘာ(၃ဝ) ရက်နေ့က ပုသိမ်ဇုံ(၂) အသင်းနှင့်မြောင်းမြဇုံ(၁)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပုသိမ်ဇုံ(၂)အသင်း က (၂)ဂိုး၊(၁)ဂိုးဖြင့်အနိုင်ရရှိသွားသည်။
ဒုတိယအကြိုဗိုလ်လုပွဲများကို အောက် တိုဘာလ(၃၁)ရက်နေ့တွင် မအူပင်ဇုံ(၁)အသင်းနှင့် ပုသိမ်ဇုံ(၁)အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက် ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ
|
ရန်ကုန်၊ အောက်တိုဘာ(၃၁)ရက်။ ၂ဝ၁၁ ခုနှစ်၊ မြောက်ဦးမြို့နယ် အုပ်ချုပ် ရေးမှူးဖလား ရပ်ကွက် ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ(၂၅)ရက်နေ့ ညနေ(၃)နာရီတွင် မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲဝင်း၊ ဌာန ဆိုင် ရာအကြီးအကဲများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ် များ၊ မြို့မိမြို့ဖများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာ ရှင်များ တက်ရောက်ကြပြီး ပြိုင်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက အဖွင့် အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
အစီအစဉ်အရ ပြိုင်ပွဲ ဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူပြီးနောက် အားကစားသစ္စာ အဓိဌာန်(၄)ချက်ရွတ်ဆိုကြပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ သွား ကြသည်။ ဆက်လက်၍ မြောက်ဦးမြို့နယ် အ.မ.က ကျောင်းသူလေးများက အားကစား သရုပ်ပြအကများဖြင့် ဖျော်ဖြေကြသည်။
ပြိုင်ပွဲ၏ ပထမနေ့ ပွဲစဉ် အဖြစ် အောင်တပ်ရပ်ကွက်အသင်းနှင့် ညောင်ပင်ဈေးရပ်ကွက် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အောင်တပ်ရပ်ကွက်အသင်းက (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင် ရရှိသွားသည်။
အဆိုပါပြိုင်ပွဲကို အသင်းပေါင်း(၆)သင်း ဝင်ရောက် ယှဉ်ပြိုင်ကြ ပြီး ပြိုင်ပွဲများကို နိုဝင်ဘာ(၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုး သားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
|
ရန်ကုန်၊ အောက်တိုဘာ(၃၁)ရက်။ ၂ဝ၁၁ ခုနှစ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီး မြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ(၂၇)ရက်နေ့ ညနေ(၃)နာရီက မကွေး ခရိုင် ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးမြင့်နိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းဖေ၊ သစ်တော သတ္ထုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်သိန်း၊ အားက စားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဗိုလ်လုပွဲတွင် လုံခြုံ/နယ်စပ် အသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လုံခြုံ/ နယ်စပ်အသင်းက (၃)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
ဆုပေးပွဲအခမ်းအနား ကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်စား တိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်သိန်းက ပြိုင်ပွဲတွင် ပထမဆုရ လုံခြုံ/နယ်စပ်အသင်း၊ ဒုတိယဆုရ စိုက်ပျိုးရေး/မွေးမြူရေးအသင်း၊ တတိယ ပူးတွဲဆုရ လူမှုရေးအသင်းနှင့် စည်ပင်သာယာရေးအသင်းတို့အား ဆုကြေးငွေ များ ချီးမြှင့်ပြီး တစ်ဦးချင်းဆုတံဆိပ်များအား လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီး ဦးဝင်းဖေက ပထမဆုကိုလည်းကောင်း၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်နိုင်က ဒုတိယဆုကိုလည်းကောင်း၊ သစ်တော သတ္ထု နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းထွန်းက ပွဲစဉ်တစ်လျှောက် အကောင်း ဆုံး ဂိုးသမားဆုရ နိုင်နိုင်လှ(လူမှုရေးဝန်ကြီးဌာနအသင်း)၊ နောက်တန်း အ ကောင်းဆုံးဆုရ အာကာဖြိုး(စိုက်ပျိုးရေး/ မွေးမြူရေးအသင်း)၊ အလယ်တန်း အကောင်းဆုံးဆုရ ပြည့်စုံအောင်(လုံခြုံ/နယ်စပ်အသင်း)၊ ရှေ့တန်းအကောင်း ဆုံးဆုရ ဇော်ဇော်လွင်(စည်ပင်သာယာရေးအသင်း)၊ အကောင်းဆုံးအားကစား သမားဆုရ တင်စိုးဝင်း(လုံခြုံ/နယ်စပ်) အသင်းတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးမြင့်သိန်းက ပထမ တံခွန်စိုက် ဒိုင်းဆုရ လုံခြုံ/နယ်စပ်အသင်းအား တံခွန်စိုက်ဒိုင်းဆု ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
|