|
ရန်ကုန်၊ ဇန်နဝါရီ(၃၁)ရက်။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ မြန်မာနိုင်ငံ အားကစား တားမြစ်ဆေးဝါး ဆန့်ကျင်ရေးကော်မတီနှင့် ဂျပန်နိုင်ငံ အားက စားတားမြစ်ဆေးဝါးဆန့်ကျင်ရေး အေဂျင်စီ (JADA) တို့ ပူးပေါင်းဆောင် ရွက်မှု အစီအစဉ်ဖြင့် ဇန်နဝါရီလ(၃ဝ)ရက်နေ့မှ ဖေဖေါ်ဝါရီလ(၂)ရက်နေ့ အထိ ဖွင့်လှစ်မည့် (Doping Control officer Training Course) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁ဝ)နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့ နယ် (သုဝဏ္ဏ) ရှိ Goal Hotel သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ သို့ မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီ နှင့် မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက် ဖွင့် လှစ်ပေးသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဝင်များ၊ မြန်မာနိုင်ငံ အမျိုး သမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ အားကစားတားမြစ် ဆေးဝါး ဆန့်ကျင်ရေး အေဂျင်စီ (JADA ) မှအမှုဆောင်အရာရှိချုပ် Mr.Shin Asakawe နှင့် ကျွမ်းကျင်ပညာရှင်များ၊ စာတွေ့/ လက်တွေ့ သင်ကြားပို့ချ မည့် ကျွမ်းကျင်ပညာရှင်များ၊ သင်တန်းသားဆရာဝန်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းအား သင်တန်းနည်းပြ ဆရာ များ၊ သင်တန်းသားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးသည်။
ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအမျိုးသား အားက စားကော်မတီ ဥက္ကဌအားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း က သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် ဒီနေ့နိုင်ငံတကာ အပြည် ပြည်ဆိုင်ရာ အားကစားလုပ်ငန်း အကောင်အထည်ဖော်မှုတွေကို လေ့လာသုံး သပ်ကြည့်မယ်ဆိုရင် သိပ္ပံနည်းကျနည်းစနစ် ၊ နည်းဗျူဟာတွေ၊ လေ့ကျင့်ရေး သဘောတရားတွေ၊ အားကစားဆေးပညာ ဘာသာရပ်တွေ ၊ အားကစား အဟာရ ပညာရပ်တွေ၊ အားကစား စိတ်ပညာဘာသာရပ်တွေ အစရှိတဲ့ ဘာသာရပ်တွေဟာ ကျယ်ကျယ်ပြန့်ပြန့်တိုးတက်ထွန်းကားလာသလို အားက စား လုပ်ငန်းတွေ ယှဉ်ပြိုင်လေ့ကျင့်ရေး လုပ်ငန်းတွေမှာ အဓိကအားပြုလာတဲ့ အကြောင်းအရာတစ်ရပ်က သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားခြင်းဆိုတဲ့ (FAIR PLAY) ကို ဦးတည်ကျင့်သုံး လာတာ ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခုဖွင့် လှစ် ပို့ချပေးမည့် သင်တန်းမှ ရရှိလာသည့် အတွေ့ အကြုံ နည်းပညာရပ်များကို အသုံးချ၍အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေး လုပ်ငန်း တွေ ဆောင်ရွက်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေတဲ့ အားကစား တားမြစ် ဆေးဝါး ဆန့်ကျင်ရေး လုပ်ငန်းတွေမှာကိုယ်တိုင်ကိုယ်ကျ တာဝန်ယူ ဆောင် ရွက်ကြရမည့် အရည်အချင်း ပြည့်ဝသော Doping Control officer များ ဖြစ် လာရေးကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းပြောကြားသွားသည်။
ဆက်လက်ပြီး ဂျပန်နိုင်ငံ တားမြစ်ဆေးဝါးဆန့်ကျင်ရေးအေဂျင်စီ အမှုဆောင် အရာရှိချုပ် Mr. Shin Asakawa က သင်တန်းဖွင့်ကျေးဇူးတင်စကား ပြော ကြားသည်။
၎င်းသင်တန်းသို့ အားကစားဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ ဆရာဝန်သင်တန်းသားများ၊ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန အောက်ရှိ အနယ်နယ် အရပ်ရပ်မှ ဆရာဝန်သင်တန်းသား /သင်တန်းသူ စုစု ပေါင်း (၅၂)ဦး တက်ရောက် သင်ကြား မည်ဖြစ်သည်။
ဆက်လက်၍ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦင်္းတင့်ဆန်းသည် မင်္ဂလာဒုံ ဥယျာဉ်မြို့တော်အတွင်းရှိ နိုင်ငံတကာအဆင့်မီ (၁၈)ကျင်းနှင့် လေ့ကျင့်ရေးကွင်း (၃)ကျင်း ပါ Royal Mingalardon Golf & Country Club ၊ Club House ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်ဖွင့်လှစ် ပေးသည်။
အစီအစဉ်အရ အမျိုးသား လွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဌ ဒေါက်တာခင်ရွှေ က Mingalardon Golf & Country Club ၊ Club House ဆိုင်းဘုတ် အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အမျိုးသား အားက စားကော်မတီ ဥက္ကဌအားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း က အမှာစကား ပြောကြားရာတွင် ZAYKABAR MYANMAR OPEN 2012 By Air Bangan ပြိုင်ပွဲကို ရွိုင်ရယ်မင်္ဂလာဒုံဂေါက်ကလပ်မှာ စည်ကားသိုက် မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး ဆုကြေးများကို ASIAN TOUR မှတာဝန်ယူ၍ ဒေါ်လာ(၃)သိန်း သတ်မှတ်ပြီး အဆင့်(၁)မှ အဆင့်(၆၅) ရရှိသူများကို အချိုး ကျ ဆုငွေများ သတ်မှတ်ချီးမြှင့်မည်ဖြစ်ကြောင်း၊ ဒါ့ကြောင့် ဒီပြိုင်ပွဲ ဖြစ်မြောက်
ရေး အတွက် အဓိကထောက်ပံ့ပေးတဲ့ ဇေကမ္ဘာကိုလည်းကောင်း Tiger Beer ၊ Conan ၊ 100 Plus ၊ CEO နှင့် Sumitomo တို့ကိုလည်း ကျေးဇူးတင်ရှိ ပါကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ဂေါက်သီးရိုက် ပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခြင်းဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အေးချမ်းတည်ငြိမ်မှု နှင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်နေမှု ပကတိ အခြေအနေများကို အားကစားမှ တဆင့် နိုင်ငံတကာက သိမြင်နားလည်ခွင့်ရရှိစေရေး၊ မြန်မာနိုင်ငံရှိလူငယ်သွေးသစ် ဂေါက်သီးရိုက်အားကစားသမားများ၊ ဂေါက်သီးရိုက်ဝါသနာရှင်များ၊ ပြည်သူ များသည် နိုင်ငံတကာဂေါက်သီးရိုက်ပြိုင်ပွဲကို နီးနီးကပ်ကပ် မျက်မြင်ကိုယ် တွေ့ လေ့လာခွင့်ရရှိခြင်းဖြင့် ဂေါက်သီးအားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက် ပြီး ဒီပြိုင်ပွဲမှသည် နိုင်ငံတကာအပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်စေရေးနှင့် ၂ဝ၁၃ခုနှစ် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ မှာ မြန်မာဂေါက်သီး အားကစားသမားများက အောင်ပွဲ ဆင်နိုင်ရန် တစ်ဖက် တစ်လမ်းက အထောက်အကူ ဖြစ်စေမည့် ပြိုင်ပွဲတစ်ရပ်ဖြစ်ပါကြောင်း ဖြင့် ပြောကြား သွားသည်။
ဆက်လက်၍ အမျိုးသား လွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဌ ဒေါက်တာခင်ရွှေမှ Club Hous Designer များအား မေတ္တာ လက်ဆောင် များပေးအပ် ချီးမြှင့်သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အမျိုးသားအားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ General Chit Thar ၊ General Akanit Muan Sawad ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးဥာဏ်ထွန်းဦး၊ Royal Mingalardon Golf & Country Club မှ ဦးဇော်သီဟ၊ ဒေါ်ဇေဇင်လတ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသော ဧည့်သည်တော်များက Club House အတွင်း လိုက်လံ ကြည့်ရှုကြသည်။
၎င်းနောက် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း ၊ အမျိုး သား လွှတ်တော်ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဌ ဒေါက်တာခင်ရွှေ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိသူတို့က Club House ဖွင့်ပွဲအထိမ်း အမှတ်ဂေါက်သီးရိုက် ၍ဖွင့်လှစ် ပေးသည်။
ယင်းနောက် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ညနေ(၃)နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်း ရှိ ASIA PLAZA HOTEL သို့ရောက်ရှိပြီး အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ် ခဲ့သော (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ် ပြိုင်ခဲ့သည့် မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှ မြန်မာ့လက်ရွေးစင် အား ကစားသမားများ၏ ဝင်ရောက်ယှဉ်ပြိုင်မှုနှင့် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရ အားကစားသမားများ၏ လျှပ်တပြက်မှတ်တမ်း ဓါတ်ပုံများ ပြပွဲသို့သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
|