|
နေပြည်တော် ဒီဇင်ဘာ(၃၁)။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အဓိက အကျဆုံးဖြစ်သည့် ပြည်သူတစ်ရပ်လုံး အားကစားလှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲလာစေရေးအတွက် နှစ်စဉ် ဒီဇင်ဘာလကို လူထုအားကစားလအ ဖြစ် သတ်မှတ်ကာ အပတ်စဉ် စနေနေ့တိုင်း လူထုစုပေါင်း လမ်းလျှောက်ပွဲများ၊ အားကစားပြိုင်ပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပမြဲဖြစ်ရာ ယနေ့ နံနက်(၆)နာရီက နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် မြို့မဈေး ရှေ့စုရပ်၌ ကျင်းပသော ၂၀၁၁ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးရက်သတ္တပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်၊ အားကစားဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူနှင့်ဇနီး ပါမောက္ခဒေါက်တာဒေါ်ခင်ဆွေမြင့် တို့ ဦးဆောင်ပါဝင်ဆင်နွှဲကြသည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ နေပြည်တော်ဝန်ကြီးဌာန အသီးသီးမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဌ များ၊ ၀န်ကြီးဌာနများမှ အရာထမ်း/အမှုထမ်းများနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ ရပ် ကွက်များမှ အားကစားဝါသနာရှင် ပြည်သူများ စုစုပေါင်းအင်အား (၁၁၀၀၀) ခန့် ပါဝင်ဆင်နွှဲကြသည်။
ရှေးဦးစွာ မြို့မဈေးရှေ့စုရပ်၌ စုပေါင်းလမ်းလျှောက်ကြမည့်သူများ နေရာယူ ထားကြပြီး နံနက်(၆)နာရီတွင် သေနတ်ပစ်ဖောက်၍ စတင်တာထွက်ကြရာ တောင်ညို-ပျဉ်းမနား လမ်းမကြီးမှတဆင့် သပြေကုန်းအ၀ိုင်းအထိ လည်း ကောင်း ၊ သပြေကုန်းအ၀ိုင်းအရောက် လက်ယာဘက်သို့ချိုးကာ ရာဇသင်္ဂဟ လမ်းအတိုင်း ကျောက်မျက်ရတနာပြတိုက်ရှေ့သို့ ပန်းဝင်ကြသည်။
ယင်းနောက် ကျောက်မျက်ရတနာပြတိုက်ရှေ့တွင် သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် ဆိုင်းဘုတ်များဖြင့် ၀င်ရောက်နေရာယူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ဒေါက်တာဖေသက်ခင်နှင့် ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူတို့က ဦး ဆောင်ပါဝင်၍ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို လေ့ကျင့်ကြ ကာ လမ်းလျှောက်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် တာဝန်ရှိသူများ လိုက်ပါ လျက် နံနက်(၇ နာရီ ၁၅ မိနစ်)တွင် နေပြည်တော် လယ်ဝေးမြို့နယ်ရှိ အဆင့် မြှင့်တင် ဆောင်ရွက်လျက်ရှိသော အားကစားကွင်းသို့ ရောက်ရှိပြီး မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းရန်အတွက် ကွန်ကရစ်လမ်းများ ခင်းကျင်းထားရှိမှု အ ခြေအနေများအား လည်းကောင်း၊ ဘောလုံးကွင်း အောက်ခံမြေသား ခင်းကျင်း ထားရှိမှုနှင့် ရေစစ်မြောင်း၊ ရေဆင်းမြောင်းများ တူးဖော်ရန် ပြင်ဆင်ဆောင် ရွက်ထားရှိမှုများအား လည်းကောင်း၊ ပွဲကြည့်စင်တိုးချဲ့တည်ဆောက်နေမှု အ ခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ ပြေးလမ်းခင်းမည့် ကျွမ်း ကျင်ပညာရှင်များ ခေါ်ယူရေး၊ ရေစစ်မြောင်းပြီးစီးပါက မြက်မွေးကာ ရေဖြန်း စိုက်ပျိုးရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနား-တောင်ညိုကားလမ်းပေါ်ရှိ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် အုပ်ချုပ်မှုရုံးခန်းသို့ ရောက်ရှိပြီး ဆိုင်းဘုတ်များ ထားရှိရေး၊ အားကစားသမားများ နားနေဆောင်နှင့် ကားရပ်နားရန်နေရာများ တည်ဆောက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည် များအား မှာကြား ဖြည့်ဆည်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ရုံးခန်း ဆောက်လုပ်ရာ နေရာသို့ ရောက်ရှိ၍ မြားပစ်ကွင်းဖောက်လုပ်ရန် မြေညှိပြင် ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာ များက VIP ပွဲကြည့်စင် ဆောက်လုပ်မည့်နေရာအား Drawing ပုံစံများဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေး လုပ်ငန်းစဉ်များအား အချိန်နှင့် တပြေးညီ ပြီးစီးအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
|