|
ရန်ကုန်၊ ဇန်နဝါရီ(၃)ရက်။ ၂ဝ၁၁ ခုနှစ်၊ ပထမအကြိမ် ကယားပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား (ဖိတ်ခေါ်)ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆု ချီးမြှင့်ပွဲအခမ်းအနားကို ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့ ညနေ(၃)နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ငြိမ်းချမ်းရေး အားကစားးကွင်းတွင် ကျင်းပပြု လုပ်ခဲ့သည်။ ဗိုလ်လုပွဲတွင် GFA အသင်းနှင့် ကယားပြည်နယ်(ခ) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ GFA အသင်းက (၅)ဂိုး၊ (၃)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွား သည်။
အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြှောက်ရေးတပ်ဦး(ကလလတ) အဖွဲ့ အစည်းမှ ဗိုလ်မှူးထူးကော်၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကိုးရယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်အသင်း များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြှောက်ရေးတပ်ဦး (ကလလတ) အဖွဲ့အစည်းမှ ဗိုလ်မှူးထူးကော် မှ ဒုတိယဆုရ ကယားပြည်နယ်(ခ)အသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆုများ ကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဦးကိုးရယ် မှ ပထမဆုရ GFA အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆုများကို လည်း ကောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခင်မောင်ဦးမှ ဂိုးသမား အ ကောင်းဆုံးဆုရ ကယားပြည်နယ် (ခ)အသင်းမှ ကျော်သူ၊ နောက်တန်း အ ကောင်းဆုံးဆုရ ကယားပြည်နယ်(ခ)အသင်းမှဘိုဘို၊ အလယ်တန်း အကောင်း ဆုံး ဆုရ GFA အသင်းမှ ဂန်ဒါ၊ ရှေ့တန်းအကောင်းဆုံးဆုရ ကယားပြည်နယ် (ခ)အသင်းမှ ဂျွန်ဆန်းထွန်း၊ ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမား ဆုရ ကယားပြည်နယ်(ခ)အသင်းမှ အောင်ကိုကိုဦး ၊ ဒုတိယဆုရ ကယားပြည် နယ်(ခ) အသင်းအား ဆုကြေးငွေကျပ်(၇)သိန်း၊ ပထမဆုရ GFA အသင်းအား ဆုကြေးငွေကျပ်(၁ဝ)သိန်းနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖလားတို့အား ပေးအပ် ချီး မြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
|