|
မြန်မာဘော်လီဘောလက်ရွေးစင်အသင်း ထိုင်းနိုင်ငံတွင်
ပူးတွဲလေ့ကျင့် မှု ပြုလုပ်မည်
|
|
ရန်ကုန်၊ သြဂုတ်(၃၁)ရက်။ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ထူးချွန်စွာအောင်မြင်မှုများ ဆွတ်ခူးနိုင်ရန်အတွက် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ အုပ်ချုပ်သူအဖြစ် ဦးသိန်းဝင်း နည်းပြချုပ်များအဖြစ် တရုတ်နိုင်ငံမှ
Mr. Zhang Qun နှင့်
Mrs. Zhou Jing ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ နည်းပြများအဖြစ် ဦးညီညီလွင် (အမျိုးသားနည်းပြ) ဦးထွန်းငွေ(အမျိုးသမီးနည်းပြ) လက်ထောက်နည်းပြအဖြစ် ဒေါ်သန္တာမောင် (အမျိုးသမီးနည်းပြ)တို့လိုက်ပါ၍ အမျိုးသား အားကစားသမားများ အဖြစ် ကျော်ဆွေ၊ ဝင်းထွန်းဦး၊ အောင်သူ၊ ခင်မောင်တိုး၊ ရဲမင်းအောင်၊ ကျော်စွာဝင်း၊ ကျော်ကျော်ထွေး၊ ရဲရင့်ထွန်း၊ ပိုင်သ၊ သိုင်းညီလေးနှင့် အောင်မြတ်ထွန်း၊ အမျိုး သမီးအားကစားသမားများအဖြစ် နီလာအေး၊ မိုးမိုးဆန်း၊ ဖြူဖြူဝေ၊
မိုးမိုးမြင့်၊ အေးနန္ဒာကျော်၊ သီသီအောင်၊ ခင်သက်ဝေ၊ ခိုင်ခိုင်စိုး၊ ချိုချိုဝင်း၊ စုမြတ်မွန်နှင့် ထက်ထက်လှိုင်တို့သည် စက်တင်ဘာလ(၅)ရက်နေ့မှ (၁၅) ရက်နေ့ အထိ ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံဘော်လီဘောအားကစားသမားများနှင့်ပူးတွဲလေ့ကျင့် မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
|
|
|
|
အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အဖွဲ့ချုပ်အသိအမှတ်ပြု (ဘီ)လိုင်စင် အဆင့် ရိုင်ဖယ်နှင့်ပစ္စတိုဒိုင်လူကြီးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ သေနတ် ပစ်အဖွဲ့ချုပ်မှ ဒိုင်လူကြီးများတက်မည် |
|
ရန်ကုန်၊ သြဂုတ်(၃၁)ရက်။ ၂ဝ၁၁ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့မှ (၉)ရက် နေ့အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် အပြည်ပြည် ဆိုင်ရာ သေနတ်ပစ်အဖွဲ့ချုပ် အသိအမှတ်ပြု (ဘီ)လိုင်စင်အဆင့် ရိုင်ဖယ်နှင့် ပစ္စတို ဒိုင်လူကြီးများဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်မှ ဒိုင်လူ ကြီးများ ဖြစ်ကြသော ဦးကျော်လွင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး၊ဘဏ္ဍာ/ အခွန် ဝန်ကြီးဌာန)၊ ဦးထူးနိုင်(အလုပ်အမှုဆောင်၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်)၊ ဒေါက်တာ ကျော်မြင့်ထူး (ကထိက၊ရန်ကုန်တက္ကသိုလ်)၊ ဒေါက်တာ စိမ်းညို့ ညို့ကို (ကထိက၊ စစ်တွေတက္ကသိုလ်) ၊ ဒေါက်တာ မူမူမြစိန် (ကထိက၊ မိတ္ထီ လာတက္ကသိုလ်) ၊ ဒေါက်တာ ခင်ခင်ဌေး (ကထိက ၊ ပညာရေးတက္ကသိုလ်) ၊ ဒေါက်တာ လဲ့လဲ့ခင် (လက်ထောက်ကထိက ၊ ပင်လုံတက္ကသိုလ်)၊ ဒေါက်တာ ဝင်းဝင်းနု(လက်ထောက်ကထိက ၊ ပြည်တက္ကသိုလ်) နှင့် ဒေါ်စကားဝါဝင်း (သ ရုပ်ပြ ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)တို့ သွားရောက် ဆွေးနွေးကြမည် ဖြစ် ကြောင်း သတင်းရရှိသည်။ |
|
back |
|
|