|
၂၀၁၁ခုနှစ် ပထမအကြိမ် နေပြည်တော် Champion Challenge Cup Tournament ပြိုင်ပွဲများ ဆက်လက်ကျင်းပ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း လိုက်လံကြည့်ရှုအားပေး |
|
 |
|
 |
|
 |
|
 |
|
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း အားကစားဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိသော စားပွဲတင် တင်းနစ်ပြိုင်ပွဲလိုက်လံ ကြည့်ရှုအားပေးနေစဉ် |
|
နေပြည်တော် စက်တင်ဘာ(၃) ။ မြန်မာနိုင်ငံ အမျိုးသားအားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ယနေ့ မွန်းလွဲ (၁၂နာရီခွဲ)တွင် နေပြည်တော် အားကစားဝန်ကြီးဌာနရှိ စုပေါင်းခန်းမ၌ ကျင်းပလျက်ရှိသော ၂၀၁၁ခုနှစ် ပထမအကြိမ်နေပြည်တော် Champion Challenge Cup Tournament ပြိုင်ပွဲ စားပွဲတင်တင်းနစ်ပွဲစဉ်များ ယှဉ်ပြိုင် ကစားနေမှုအား လာရောက်ကြည့်ရှုအားပေးသည်။
ယနေ့ကျင်းပသော စားပွဲ တင်တင်းနစ်ပြိုင်ပွဲ အမျိုးသားအသင်းလိုက်ပွဲစဉ်များတွင် လာရှိုးကလပ်အသင်း နှင့် မန္တလေးကလပ်အသင်းတို့သည် လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပွဲ စဉ်များတွင် မန္တလေးကလပ်အသင်းနှင့် ရန်ကုန်ကလပ်အသင်းတို့သည် လည်း ကောင်း ၊ ဗိုလ်လုပွဲများသို့ တက်ရောက်လာကြရာ အမျိုးသားအသင်းလိုက်ပြိုင် ပွဲတွင် မန္တလေးကလပ်အသင်းက ပထမ၊ လားရှိုး ကလပ်အသင်းက ဒုတိယ၊ ရန်ကုန်ကလပ်အသင်းနှင့် ဘားအံကလပ်အသင်းတို့က ပူးတွဲတတိယ၊ အမျိုး သမီးအသင်းလိုက်ပြိုင်ပွဲတွင် မန္တလေးကလပ်အသင်းက ပထမ၊ ရန်ကုန်ကလပ် အသင်းက ဒုတိယ၊ လားရှိုးကလပ်အသင်းနှင့်မကွေးကလပ်အသင်းတို့က ပူးတွဲ တတိယ အသီးသီးရရှိသွားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပလျက်ရှိ သော Champion Challenge Cup Tournament ပြိုင်ပွဲ အမျိုးသားသုံး ယောက်တွဲ နှင့် အမျိုးသမီးသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပတ် လည်ပွဲစဉ်များအား သွားရောက်လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ စက်တင် ဘာ(၄)ရက်တွင် ပိုက်ကျော်းခြင်းပြိုင်ပွဲ အမျိုးသားသုံးယောက်တွဲနှင့်အမျိုးသမီး သုံးယောက်တွဲ ရှုံးထွက်ပွဲစဉ် များနှင့် တတိယနေရာလုပွဲများကိုလည်းကောင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း နှင့် အမျိုးသမီးတစ်ဦးချင်းရှုံး ထွက် ပွဲစဉ်များကိုလည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
|
|
|
|
မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးမှ (၂၆)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ချုပ် များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတက်ရောက် |
|
 |
|
 |
|
ရန်ကုန်၊ စက်တင်ဘာ(၃)ရက် ။ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအေးမြင့်ကြူသည် ယနေ့နံနက်(၁၁)နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမတွင်ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများ ရွေးချယ်ထားရှိမှု အမည် စာရင်းများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် သတင်းနှင့် စာနယ်ဇင်း များမှပုဂ္ဂိုလ်များ တွေ့ဆုံခြင်း အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားသည်။
အခမ်းအနားသို့ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ အားကစားနည်းအလိုက် အားကစားတာဝန်ခံ များ၊ သတင်းနှင့်စာနယ်ဇင်းများမှသတင်းမီဒီယာများ၊ တာဝန်ရှိပုဂ္ဂိုလ်များတက် ရောက်ကြသည်။
အစီအစဉ်အရ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအေးမြင့်ကြူက အဖွင့်အမှာစကားပြောကြားရာတွင် (၂၆)ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိနိုင်ရေးအ တွက် အားကစားအဖွဲ့ချုပ်အသီးသီးမှ အားကစားသမားများ၏ အပြီးသတ် ရွေးချယ်ထားရှိမှု အမည်စာရင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားနည်း အမျိုး အစားအလိုက် ဆုတံဆိပ်ရရှိမှု အခြေအနေ၊ ပြိုင်ဘက် အသင်းများ၏ အားသာချက်/အားနည်းချက်သတင်း အချက်အလက်ရရှိမှုအခြေအနေ၊အားက စားသမားများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အဟာရဖြည့်တင်းကျွေးမွေးမှု အခြေ အနေများကို အးးကျယ်တဝင့် တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။
ယင်းနောက် ၂ဝ၁၁ခုနှစ်၊ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင် ယှဉ်ကြမည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ ဖြစ်ကြသည့်
မြားပစ်၊ ပြေးခုန်ပစ်၊ကြက်တောင်၊ဘတ်စကက်ဘော၊ ဘိလိယက်နှင့်စနူကာ၊ လက်ဝှေ့၊ စစ်တုရင် ၊ စက်ဘီး ၊ ဘောလုံး ၊ ဂေါက်သီး ၊ ကျွမ်းဘား ၊ ဂျူဒို ၊ ကရာတေးဒို ၊ လှေလှော် ၊ ပိုက်ကျော်ခြင်း ၊ ရေကူး ၊ သေနတ်ပစ် ၊ စားပွဲတင် တင်းနစ် ၊ တိုက်ကွမ်ဒို ၊ တင်းနစ် ၊ သိုင်း ၊ ဘော်လီဘော ၊ အလေးမ ၊ ဝူရှူး ၊ ရွက်လှေ နှင့်နပမ်း အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌ၊ဒုတိယဥက္ကဌများနှင့် တာဝန်ရှိသူ များက ကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် အောင်မြင်မှု ဆုတံဆိပ်များရရှိမှုများ ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာ ကြသောသတင်းနှင့်စာနယ်ဇင်းများမှပုဂ္ဂိုလ်များကသိရှိလိုသည်များကို မေးမြန်း ကြရာ အားကစားအဖွဲ့ချုပ်အသီးသီးမှတာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြပါသည်။
ဆက်လက်၍ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်းသတင်းရရှိသည်။
|
|
|
|
အာရှအလေးမအဖွဲ့ချုပ်ညီလာခံ အလုပ်အမှုဆောင်ကော်မတီ အစည်း အဝေးနှင့် ဆေးဘက်ဆိုင်ရာကော်မတီများ အစည်းအဝေးသို့ တက် ရောက်မည့် ကိုယ်စားလှယ်(၂)ဦး ပြည်ပထွက်ခွာ |
|
ရန်ကုန်၊ စက်တင်ဘာ(၃)ရက် ။ ထိုင်းနိုင်ငံ ပတ္တရာမြို့၌ (၃.၉.၂ဝ၁၁)မှ (၅.၉.၂ဝ၁၁)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် အာရှအလေးမအဖွဲ့ချုပ် အလုပ်အ မှုဆောင် အစည်းအဝေးနှင့်ဆေးးဘက်ဆိုင်ရာကော်မတီများ အစည်းအဝေးသို့ တက်ရောက်ရန် အာရှအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ် သူ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် အတွင်းရေးမှူး အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ နှင့် အာရှအလေးမအဖွဲ့ ချုပ် ဆေးဘက်ဆိုင်ရာကော်မတီအဖွဲ့ဝင် ဒေါက်တာမြလေးစိန် (လက်ထောက် ညွှန်ကြားရေးမှူး၊အားကစားနှင့်ကာယပညာဦးစီးဌာန) တို့သည် အစည်းအဝေး တက်ရောက်ရန်အတွက် (၂.၉.၂ဝ၁၁)ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်မှ ထွက်ခွာ သွားကြောင်း သတင်းရရှိသည်။ |
|
|
|
အင်ဒိုနီးရှားရိုးရာလက်ဝှေ့သင်တန်းသို့ မြန်မာ့ရိုးရာလက်ဝှေ့အားကစား သမားများ သင်တန်းတက်ရောက် |
|
ရန်ကုန်၊ စက်တင်ဘာ(၃)ရက် ။ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့မှ (၁၆)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၌ ဖွင့်လှစ်မည့် အင်ဒိုနီးရှားရိုးရာလက်ဝှေ့ သင်တန်း
Jarung Derajat လေ့ကျင့်မှုအစီအစဉ်တွင် မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ လက်ဝှေ့ကစားသမားများ ဖြစ်ကြသော စိုးဝဏ္ဏ၊ နိုင်ဝင်း၊ တင်ဝင်းထွန်း၊ နေလင်းထွန်း၊ ထွန်းလင်းအောင်၊ စိုင်းသီဟ၊ စိုးမိုးလွင်၊ နော်ဟေအဲလ်၊ အေးအေးအောင်နှင့်လှယဉ်မေတို့က သင်တန်းတက်ရောက်ကြ မည်ဖြစ်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးဝင်းတင့် ခေါင်းဆောင်၍ နည်းပြအဖြစ် ဦးစီးအရာရှိ ဦးဗလကျော်သူ တို့ လိုက်ပါသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|