|
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ် ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် သေနတ်ပစ်အားကစားသမားများအား မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်နာယကများက တွေ့ဆုံ အားပေးခြင်းနှင့် ထောက်ပံ့ငွေများလှူဒါန်း
|
|
|
|
မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် သေနတ်ပစ်အားကစားနည်း နာယကအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်စမ်းစမ်းဝေ(လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ဇနီး)၊ ဒေါ်စုညွန့်ဦး (ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ဇနီး)၊ နှင့် ဒေါ်မြင့်မြင့်ဆွေ(လုပ်ငန်းရှင်)တို့က ငွေကျပ်(၁၂)သိန်းပေးအပ်လှူဒါန်းစဉ်
|
ရန်ကုန်၊ နိုဝင်ဘာ(၄)ရက်။ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ လက်ခံ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အားကစားသမားများအား မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် သေနတ်ပစ်အားကစားနည်း နာယကအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်စမ်းစမ်းဝေ(လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ဇနီး)၊ ဒေါ်စုညွန့်ဦး (ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ဇနီး)၊ နှင့် ဒေါ်မြင့်မြင့်ဆွေ(လုပ်ငန်း ရှင်)၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်ခင်ဆွေမြင့်၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီနှင့် အမှုဆောင် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်(၁ဝ)နာရီက မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ်လေ့ကျင့်ရေး စခန်းသို့ သွားရောက်ကာ (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ များအနေဖြင့် အောင်မြင်မှု ဆုတံဆိပ်များ ရရှိနိုင်ရေးအတွက် အားပေး စကား များပြောကြားခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်မှ စခန်းသွင်း လေ့ကျင့်လျက်ရှိသော အားကစားသမားများလေ့ကျင့်နေမှုများကို ကြည့်ရှုအား ပေးပြီး မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ် နာယကအဖွဲ့ဝင်များနှင့် တစ်ဦးချင်း မိတ်ဆက်ပေးကာ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် သေနတ်ပစ် အားကစားနည်း တာဝန်ခံနာယကနှင့် နာယကအဖွဲ့ဝင်များမှ အားကစားသမားများ အင်အားဖြည့်အစားအသောက်များဖြည့်စွက်စားသောက် ရန်ထောက်ပံ့ငွေကျပ်(၁၂)သိန်း ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး မြန်မာ နိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် သေနတ်ပစ် အားကစားနည်း နာယက အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်စမ်းစမ်းဝေ၊ ဒေါ်စုညွန့်ဦး၊ ဒေါ်မြင့်မြင့်ဆွေ၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်ခင်ဆွေမြင့်နှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီတို့က အားပေး စကားများ ပြောကြားကြပြီးနောက် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်ဥက္ကဌ များက ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ ကြိုတင်ပြင် ဆင်ထားမှု၊ ပွဲစဉ်တိုင်းတွင် ကြိုးစားယှဉ်ပြိုင်နိုင်ရေး၊ ဆုတံဆိပ်ရရှိမည့် ပွဲစဉ် များကို အလေးထားယှဉ်ပြိုင် သွားမည့်အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ ကြောင်း သတင်းရရှိသည်။
|
|
ပြည်ပနိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစား အဖွဲ့များ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ တွေ့ဆုံ
|
ရန်ကုန်၊ နိုဝင်ဘာ(၄)ရက်။ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့မှ (၁၅) ရက် နေ့အထိ(အင်ဒိုနီးရှားနိုင်ငံ)၌ ကျင်းပပြုလုပ်မည့် အင်ဒိုနီးရှားရိုးရာလက်ဝှေ့ (Tarung Derajat) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ရိုးရာ လက်ဝှေ့ အားကစားအဖွဲ့ဝင်(၉)ဦး၊ နိုဝင်ဘာလ(၉)ရက်နေ့မှ (၁၄)ရက်နေ့အထိ မလေး ရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ကာယဗလအဖွဲ့ချုပ်၏ ကမ္ဘာ့ကွန်ကရက် သို့ တက်ရောက်ရန်နှင့် တတိယအကြိမ် ကမ္ဘာ့ကာယဗလတံခွန်စိုက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကာယဗလ အားကစား အဖွဲ့ဝင်(၃)ဦး၊ နိုဝင် ဘာလ(၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ ထိုင်းနိုင်ငံ၌ကျင်းပပြုလုပ်မည့် အာရှ ပစိဖိတ်
ဥာဏ်ရည်မမီ အားကစားသမားများ လေ့ကျင့်သင်ကြားရေး ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်(၁)ဦးနှင့် နိုဝင်ဘာလ(၂၁) ရက်နေ့မှ (၂၃)ရက်နေ့အထိ စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၁၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ နှစ်ပတ်လည် ပညာရေးဆိုင်ရာ လူငယ်များ ဆွေးနွေးပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်တစ်ဦးတို့အား တွေ့ဆုံပွဲ အ ခမ်းအနားကို ယနေ့နေ့လည် (၁၂)နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ ပြည်ပသို့ သွား ရောက်ကြမည့် မြန်မာအားကစားအဖွဲ့ဝင်များနှင့် တစ်ဦးချင်း မိတ်ဆက်ပေး ပြီး အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ မြန်မာ နိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
|
|
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက် ပေါင်းစုံ
အမျိုးသားဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ |
ရန်ကုန်၊ နိုဝင်ဘာ(၄)ရက်။ ၂ဝ၁၁ ခုနှစ်၊ မြောက်ဦးမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဖလား ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲများကို မြို့နယ်အားကစား ကွင်းတွင် ဆက်လက်ကျင်းပရာ နိုဝင်ဘာ(၁)ရက်နေ့တွင် ပထမအကြို ဗိုလ်လု ပွဲအဖြစ် တောင်ရပ် ရပ်ကွက်အသင်းက အောင်တပ်ရပ်ကွက် အသင်းကို (၄)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း၊ နိုဝင်ဘာ (၂)ရက်နေ့တွင် အလယ်ဈေးရပ် ကွက်အသင်းက ညေင်ပင်ဈေးရပ်ကွက်အသင်းကို (၅)ဂိုး၊ ဂိုးမရှိဖြင့် လည်း ကောင်း အသီးသီးအနိုင်ရရှိသွားသည်။
နိုဝင်ဘာ(၄)ရက်နေ့တွင် နောက် ဆုံး ဗိုလ်လုပွဲအဖြစ် တောင်ရပ် ရပ်ကွက်အသင်းနှင့် အလယ်ဈေးရပ်ကွက် အသင်း တို့ ယှဉ် ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|