ရန်ကုန်၊ ဇန်နဝါရီ(၄)ရက်။ ၂ဝ၁၂ ခုနှစ် (၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရခိုင်ပြည်နယ် ၊ရမ်းဗြဲမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား တိုက် နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ၂ဝ၁၁ခုနှစ် ဒီဇင်ဘာ လ(၂၄)ရက်နေ့မှ ဇန္နဝါရီလ(၃)ရက်နေ့အထိ ရမ်းဗြဲမြို့၊ ရမ္မာဝတီ မြို့မအား ကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူက အ ဖွင့်အမှာစကားပြောကြားပြီးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင် ကျင်းပခဲ့ပြီး ဇန္နဝါရီလ(၃)ရက်နေ့ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားတွင် မြို့မ(၁)ရပ်ကွက် နှင့် လေးတောင် တိုက်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြို့မ(၁)ရပ်ကွက်အသင်းက (၃) ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဆုရရှိသော လေး တောင်တိုက်နယ်အသင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ကလည်းကောင်း၊ ပထမဆုကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သူက လည်းကောင်းဆုများ အသီးသီး ပေး အပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် မိခင်နှင့်ကလေး စောင့် ရှောက်ရေးအသင်းတို့ကြီးမှူးကျင်းပသော ကျန်းမာရေးကလေးပြိုင်ပွဲကို လည်း ကောင်း ၊ ဇန္နဝါရီလ (၄) ရက်နေ့ တွင် မီတာ၁ဝဝ အပြေးပြိုင်ပွဲ၊ အပ်နဖားထိုး ပြိုင်ပွဲ၊ဆန်ကောရွက်ပြိုင်ပွဲ၊ အားလူးကောက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲစသည့် ပျော်ပွဲရွှင်ပွဲများကိုလည်းကောင်း ကျင်းပကြကြောင်း သတင်းရရှိသည်။