|
မြန်မာနိုင်ငံ ဘိုးလင်းအဖွဲ့ချုပ်ဥက္ကဌဖလား အမျိုးသား/အမျိုးသမီး အလွတ်တန်း ဘိုးလင်းပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ
|
|
 |
|
ရန်ကုန်၊ ဒီဇင်ဘာ(၄)ရက်။ အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘိုးလင်း အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပမည့် ၂ဝ၁၁ ခုနှစ်၊ မြန်မာနိုင်ငံ ဘိုးလင်းအဖွဲ့ချုပ် ဥက္ကဌဖလား အမျိုးသား/အမျိုးသမီး အလွတ်တန်း ဘိုးလင်းပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယနေ့နေ့လည်(၁)နာရီအချိန် ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်
Right Track Bowling Centre အားကစားခန်းမ ပြိုင်ပွဲ ရုံ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးနော်တောင်၊ ဗဟိုဝန်ထမ်း တက္ကသိုလ်(ဖောင်ကြီး) ဒုတိယ ပါမောက္ခချုပ် ဦးထွဏ်းကြည်၊ မြန်မာနိုင်ငံဘိုးလင်းအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူးနှင့် အမှုဆောင်များတက်ရောက်ကြသည်။
အဆိုပါဆုပေးပွဲ အခမ်းအနားသို့ အမျိုးသား(၁၇)ဦး၊ အမျိုးသမီး(၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ ရှေးဦးစွာ အမျိုးသားပထမဆုရ နိုင်လင်းထွန်း (ပြည်ထောင်စုရာထူးဝန်) ၊ ဒုတိယဆုရ ဒေးဗစ် (ပြည်ထောင်စုရာထူးဝန်)နှင့် တတိယဆုရ တင့်ဆွေဦး (သစ်တောရေးရာ) တို့အား ဗဟိုဝန်ထမ်း တက္ကသိုလ်(ဖောင်ကြီး) ဒုတိယ ပါမောက္ခချုပ် ဦးထွဏ်းကြည် မှလည်းကောင်း၊ အမျိုးသမီး ပထမဆုရ ခင်သန်းထွေး(သစ်တောရေးရာ)၊ ဒုတိယဆုရ အေးအေးမော် (နေပြည်တော် စည်ပင်) နှင့် တတိယဆုရ မြင့်မြင့်စန်း (အားကစားဝန်ကြီးဌာန)တို့အား အား ကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနော်တောင် မှလည်းကောင်း၊ မြန်မာနိုင်ငံဘိုးလင်းအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းဇော်နှင့် အတွင်း ရေးမှူးတို့မှ ငွေသားဆုများ အသီးသီး ချီင်္းမြှင့်ခဲ့ ကြောင်းသတင်းရရှိသည်။
|
|
|
|
ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ |
|
ရန်ကုန်၊ ဒီဇင်ဘာ(၄)ရက်။ ၂ဝ၁၁ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဖလားအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဘားအံမြို့ အောင်သံလွင်ပြည်နယ် အားကစားကွင်း၌ အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက် လက် ကျင်းပလျက်ရှိရာ ဒီဇင်ဘာ(၃)ရက်နေ့ တွင် ဘားအံမြို့နယ်အသင်းနှင့် လှိုင်းဘွဲ့မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၂)ဂိုး စီဖြင့် သရေ ရရှိသွားကြောင်းသတင်းရရှိသည်။
|
|
|
|
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုး သား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကျင်းပ |
|
ရန်ကုန်၊ ဒီဇင်ဘာ(၄)ရက်။ ၂ဝ၁၁ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ထားဝယ်မြို့ တိုင်းဒေသကြီး အားကစားကွင်း၌ ဆက်လက်ကျင်းပလျှက်ရှိရာ ဒီဇင်ဘာ(၃)ရက်နေ့တွင် ပုလောမြို့နယ်အသင်းနှင့် သရက်ချောင်းမြို့နယ်အ သင်းတို့ ယှဉ်ပြိုင်ကစားကြရာ သရက်ချောင်းမြို့နယ် အသင်းက(၄)ဂိုး၊ ဂိုးမရှိ ဖြင့်လည်းကောင်း၊ ကော့သောင်းမြို့နယ်အသင်းနှင့် လောင်းလုံမြို့နယ် အ သင်းတို့ ယှဉ်ပြိုင်ကစားကြရာ လောင်းလုံမြို့နယ်အသင်းက (၁)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အသီးသီးအနိုင် ရရှိသွားသည်။
ဒီဇင်ဘာလ (၄)ရက်နေ့တွင် မြိတ်မြို့နယ်အသင်းနှင့် ကျွန်းစုမြို့နယ်အသင်းတို့ ဆက်လက် ယှဉ်ပြိုင် ကစား ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
|
|
|
|
(၂၆)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသား ဖူဆယ်ဘောလုံးအသင်း ပဲခူး တိုင်းဒေသကြီး ပဲခူးမြို့ တိုင်းဒေသကြီး အားကစားခန်းမ၌ သရုပ်ပြပွဲအ ခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး
|
|
ရန်ကုန်၊ ဒီဇင်ဘာ(၄)ရက်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်ဘောလုံး အားကစားနည်းတာဝန်ခံ ဦးရဲထွဋ်တင်ဦး ဦးဆောင်သော (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့ လက်
ရွေးစင် အမျိုးသား ဖူဆယ်ဘောလုံးအသင်း၏ သရုပ်ပြပွဲကို (၁.၁၂.၂ဝ၁၁) ရက်နေ့ ၊ နံနက်(၁ဝ)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ တိုင်းဒေသကြီး အားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းမြင့်နှင့် ဌာနဆိုင်ရာများ၊ ဖူဆယ်ဘောလုံးဝါသနာရှင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် လုပ်သား ပြည်သူများ စုစုပေါင်းအင်အား (၅ဝဝ)ဦးခန့် တက်ရောက် ကြည့်ရှု့ အားပေး ခဲ့ပါသည်။
ဆက်လက်၍ မြန်မာ့လက်ရွေးစင် ဖူဆယ်ဘောလုံးအားကစား သမားများမှ (၂)သင်းခွဲ၍ ယှဉ်ပြိုင်ကစားခြင်း၊ ပဲခူးမြို့ ဒေသခံများနှင့် ယှဉ် ပြိုင် ကစားခြင်းများ ပြုလုပ်ခဲ့ပြီး နံနက်(၁၁း၄၅)နာရီ အချိန်တွင် သရုပ်ပြ ယှဉ်ပြိုင်ပွဲ အခမ်းအနား အောင်မြင်စွာကျင်းပြီးစီး ခဲ့ကြောင်း သတင်းရရှိသည်။
|